Latest News

Friday, February 3, 2017

ရန်ကုန် လူစည်ကားရာ နေရာများတွင် လုံခြုံရေး စတင်တင်းကြပ်

ရန်ကုန် လူစည်ကားရာ နေရာများတွင် လုံခြုံရေး စတင်တင်းကြပ်


ရန်ကုန်၊ ဖေဖော်ဝါရီ ၃

ရန်ကုန်မြို့ လူစည်ကားရာ နေရာများတွင် ယနေ့ (ဖေဖော်ဝါရီလ ၃ ရက်) က ရဲတပ်ဖွဲ့ဝင်များ လက်နက်အပြည့်အစုံဖြင့် ရန်ကုန်လုံခြုံရေးကို တင်းကြပ်စွာ ဆောင်ရွက်နေကြောင်း အမှတ် (၂) လုံခြုံရေး ရဲကွပ်ကဲရေးမှူး ရဲမှူးချုပ်မြဝင်းက The Voice သို့ ပြောကြားသည်။
“ပြည်ထောင်စုနေ့ နီးကပ်လာပြီ ဖြစ်တာကြောင့် ပေါက်ကွဲမှု အကြမ်းဖက်မှုတွေ မဖြစ်ရအောင် ဒီနေ့ကစပြီး လက်နက်ခဲယမ်း အပြည့်နဲ့ နေရာအနှံ့ လုံခြုံရေး တင်းကြပ်လိုက်တာပါ။ ၂၄ နာရီအပြည့် လုံခြုံရေး ဆောင်ရွက်မယ်” ဟု ရဲမှူးချုပ် မြဝင်းက ဆက်လက်ပြောကြားသည်။

ယင်းအပြင် ပြည်သူများ အထိတ်တလန့် ဖြစ်စေမည့် မှုခင်းများ မဖြစ်ပွားစေရန် ရဲတပ်ဖွဲ့ထံ ပြည်သူလူထုမှ အချိန်မရွေး အကူအညီ တောင်းခံနိုင်ရန်အတွက် လူစည်ကားရာ နေရာများတွင် လုံခြုံရေးတပ်ဖွဲ့ဝင် အင်အားကို တိုးမြှင့်ချထားကြောင်း ရန်ကုန်တိုင်းအတွင်းရှိ ခရိုင်ရဲတပ်ဖွဲ့များထံမှ သိရသည်။

ရန်ကုန်မြို့တော်တွင် ပြည်ထောင်စုနေ့ အခမ်းအနားကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် မဟာဗန္ဓုလပန်းခြံ၌ ကျင်းပပြုလုပ်သွားရန် စီစဉ်ထားကြောင်း ရန်ကုန်တိုင်း အစိုးရထံမှ သိရသည်။

The Voice

No comments:

Post a Comment