ပင်လုံမြို့မှာကျင်းပမယ့် ပြည်ထောင်စုနေ့အခမ်းအနား နိုင်ငံတော်၏
အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက်ဖို့ စီစဉ်
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့မှာ ကျင်းပမယ့် နှစ် (၇၀)မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ဖို့ စီစဉ်ထားတယ်လို့ ပြန်ကြားရေးဝန်ကြီး ဌာန ပြောရေးဆိုခွင့်ရှိသူ ဦးရဲနိုင်က 5 Plus ကိုပြောပါတယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက်ဖို့ လက်ရှိမှာ လုံခြုံရေးပိုင်းအတွက် ညှိနှိုင်းဆက်သွယ်မှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။ အဲဒီအခမ်းအနားကို တက်ရောက်ဖို့အတွက် ဒေသခံ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ တက်ရောက်ဖို့ ဖိတ်ကြားထားတာရှိတယ်လို့ ပအိုဝ့်အမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။ ပင်လုံမြို့ရဲ့ ပြည်ထောင်စုနေ့အခမ်းအနားအစီအစဉ်အနေနဲ့ မနက်ပိုင်း ပင်လုံကျောက်တိုင် မှာ အခမ်းအနားပြုလုပ်မှာဖြစ်ပြီး ညပိုင်း တောင်ကြီးမြို့မှာ ပြည်ထောင်စုနေ့ ဧည့်ခံပွဲ ကျင်းပမှာဖြစ်တယ်လို့ ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောပါတယ်။ (၁၉၄၇)ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားတွေဟာ ပင်လုံမြို့မှာ တောင်တန်းပြည်မပေါင်းစည်းရေး ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။
5plus news
Tuesday, February 7, 2017
Subscribe to:
Post Comments (Atom)
No comments:
Post a Comment