Latest News

Sunday, February 5, 2017

သင့်ကလေးကို အစားစကျွေးတော့မယ်ဆို သိဖို့လိုတဲ့အချက် (၆) ချက်

သင့်ကလေးကို အစားစကျွေးတော့မယ်ဆို သိဖို့လိုတဲ့အချက် (၆) ချက်



ကလေးတစ်ယောက်ဟာ မိခင်ဝမ်းကနေ စတင်မွေးဖွားလာပြီးနောက် အသက် ၆ လ အရွယ်အထိ မိခင်နို့ တစ်မျိုးတည်းကိုသာ တိုက်ကျွေးရပါတယ်။

မိခင်နို့တိုက်ကျွေးခြင်းဟာ ကလေးအတွက် လိုအပ်တဲ့အာဟာရဓာတ်ကို ပေးစွမ်းနိုင်ပြီး ရောဂါဘယတွေမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ ၆ လပြည့်ချိန်မှာ ဖြည့်စွက်စာ စတင်ကျွေးရမှာဖြစ်ပြီး လမ်းလျှောက်တတ်စမှာတော့ အစားစကျွေးလို့ရပါပြီ။
ဒါဆိုရင်တော့ ဒါလေးကို မှတ်သားထားပါ။

၁။ ကြိမ်ရေ

တစ်နေ့ကို သုံးကြိမ် ကျွေးရပါမယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သွားရေစာ (ဥပမာ baby bite ဘီစကစ်)ကိုတော့ တစ်နေ့နှစ်ကြိမ် ကျွေးပေးရပါမယ်။ မနက် ၇ နာရီမှာ ကလေးကို မနက်စာစကျွေးပါ။ နေ့လယ် ၁၁ နာရီမှာ သွားရေစာ၊ နေ့လယ် ၁ နာရီမှာ နေ့လယ်စာ၊ ၃ နာရီမှာ သွားရေစာ၊ ညနေ ၅ နာရီမှာ ညစာ ကျွေးရမှာဖြစ်ပါတယ်။ ည ၇ နာရီမှာ သွားရေစာ ထပ်ကျွေးနိုင်ပါတယ်။


၂။ ဘာတွေကျွေးမလဲ

၅-၅-၃-၂ ဆိုတဲ့ ကိန်းကဏ္ဍန်းစဉ်ကို မှတ်ထားပါ။ ကလေးတစ်ယောက်ဟာ အာဟာရဓာတ် မျိုးစုံ လိုအပ်ပါတယ်။ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံ ၅ မျိုး ၊ ကစီဓာတ် ၅ မျိုး ၊ နို့ထွက်ပစ္စည်း ၃ မျိုး၊ အသားဓာတ် ၂ မျိုးတို့ကို ပါဝင်အောင် ကျွေးရမှာဖြစ်ပါတယ်။

၃။ မကျွေးသင့်တာတွေ

လမ်းလျှောက်သင်ခါစ ကလေးကို ဘာတွေမကျွေးရဘူးလဲဆိုတာ ဆရာဝန်နဲ့ တတ်ကျွမ်းသူတွေကို မေးပါ။ ကဖင်းဓာတ်နဲ့ အယ်လ်ကိုဟောဓာတ် ပါတာတွေလည်း မတိုက်မိပါစေနဲ့။ မာလင်ငါး၊ ငါးမန်းတို့လို ပြဒါးဓာတ် (Mercury) များတာတွေ၊ သားစိမ်းငါးစိမ်း ဥအစိမ်း (မကျက်တကျက်)တွေ၊ ဆား၊ အစေ့အဆံတွေ မကျွေးရပါဘူး။


၎။ ထမင်းစားချင်လာအောင်
စိတ်ဝင်စားစရာတွေ ပြောပြပါ။ ပါးစပ်ကနေလည်း ချော့မြှူပါ။ ထမင်းတစ်လုပ်စားပြီးတိုင်း ချီးကျူးပေးလိုက်ရင် ကလေးက ပျော်ပြီး ပိုစားပါတယ်။ အစားမစားလို့ အော်ဟစ်ဆူငေါက်ရင် ကလေးက ပိုတောင်ကျွေးရခက်သွားပါလိမ့်မယ်။


၅။ ၄နှစ် မပြည့်မီ စုံစုံလင်လင်စမ်းကျွေး
ကလေးအသက် ၄ နှစ် မပြည့်မီ အစားအစာအမျိုးအစား စုံလင်အောင် စမ်းကျွေးပါ။ ကလေးက ဘာတွေကြိုက်တယ်၊ မကြိုက်ဘူးဆိုတာ သိလာပါလိမ့်မယ်။ အသီးအရွက်မစားချင်တဲ့ကလေးကို အကြိမ်ကြိမ်ချော့ကျွေးပါ။ စိတ်ရှည်ဖို့တော့ လိုပါတယ်။


၆။ ကြီးထွားဖွံဖြိုးစေတဲ့နို့
ကလေးတွေ ကြီးထွားဖွံ့ဖြိုးဖို့၊ ဉာဏ်ရည်ထက်မြက်စေဖို့ ဗီတာမင်နဲ့သတ္တုဓာတ်တွေ ဖြည့်စွက်ထားတဲ့ နို့မှုန့်ဘူးတွေ ရှိပါတယ်။ ဒါတွေကိုလည်း တိုက်ကျွေးသင့်ပါတယ်။

Source : Huffpost

===========

Duwun

No comments:

Post a Comment