Latest News

Saturday, February 25, 2017

ကောင်းမွန်တဲ့ သုံးသပ်ချက် ပြန်လည်မျှဝေပေးပါတယ်

ကောင်းမွန်တဲ့ သုံးသပ်ချက်  ပြန်လည်မျှဝေပေးပါတယ်

ဦးကိုနီ သေနတ်နဲ့ ပစ်ခတ် လုပ်ကြံခံရ ကတည်းက သေနတ်သမားရဲ့နောက် ကွယ်က စေခိုင်းသူဟာ တပ်နဲ့ ပတ်သက်ရလိမ့်မယ်လို့ အများပြည်သူ ထင်မြင် ယူဆထားတဲ့ အတိုင်း တပ်ငြိမ်း ထောက်ပြုတ်တွေ ဖြစ်နေတယ်။

ပြည်ထဲရေး ဝန်ကြီး ရှင်းလင်းချက် တွေ ထဲမှာ တခြား တပ်အရာ ရှိတွေ ပါဝင် ပတ်သက်မှု မရှိဘူးလို့ ပြောထားတာကလည်း လူသတ်မှုမှာ ပူးပေါင်း ကြံစည် အားထုတ်မှုကို တွန်းအားပေးသူ တွေရဲ့ လမ်းစကို ဖျောက် ပစ်လိုက်တာနဲ့ တူပါတယ်။

ဒါ့ပြင် လူငယ်ပီပီ လူငယ်တို့ သဘာဝ အရ ပုဂ္ဂိုလ်ရေး မုန်းတီးမှု ဆိုတဲ့ စကားကလည်း လူသတ်မှုကို ပြည်ထဲရေး ဝန်ကြီးကိုယ်တိုင် ခွင့်လွှတ်သွားတဲ့ စကားရပ်မျိုး ဖြစ်နေပါတယ်။

လူသတ်သမားတွေဟာ တိုင်းပြည်ပျက်စီးအောင် မလုပ်ဖူးလို့ အာမခံပေးနေတဲ့ စကားက သံသယ ဖြစ်စရာပါ။တပ်ထွက် ပြုတ်တွေရဲ့ လူသတ်မှုကို အားပေးသံပေါက်နေပါတယ်။

နောက် အမျိုးချစ်ဆိုတာပါနေတော့ မဟာဗမာဝါဒ ရှိတဲ့သူ ဆိုတာ ထင်ရှားနေပါတယ်။

တိုင်းပြည် ပြန်လည်တည် ဆောက်ပြုပြင်နေတဲ့ အချိန် အမျိုးသားပြန်လည် သင့်မြတ်ရေး ငြိမ်းချမ်းရေး တရားဥပဒေ စိုးမိုးနိုင်ရေး အတွက် ကာကွယ်ရေး ဦးစီးချုပ် ကိုင်တွယ် ထားတဲ့ ပြည်ထဲရေး ဝန်ကြီး ဌာနက အရေးကြီး ဆုံး ဖြစ်တဲ့အတွက် စကား အယူအဆ အသုံးအနှုံးတွေဟာ ကိုယ်တိုင် တာဝန်ယူလုပ်ဆောင်နေတဲ့ နေရာနဲ့ ထိုက်တန်တဲ့ စကားကိုသာ ဆိုသင့်ပါတယ်။

ဝန်ကြီး ဌာနတစ်ခုလုံးကို ကိုယ်စားပြုနိုင်သောစကား ရပ်… တိုင်းပြည်သူပြည်သားများအပေါ် တရားဥပဒေ စိုးမိုး နိုင်ရေး စကားရပ်တွေကို အဓိကနဲ့ သာမည ခွဲခြားခြင်း၊ ပုဂ္ဂိုလ်ရေး မဆန်သော ရှင်းလင်းချက် များကို အဓိက ထားရမှာဖြစ်ပါတယ်။

တပ်နဲ့ လူသတ်နေတာကိုလည်း ကွဲပြားစေချင်ပါတယ်။ လူသတ်မှုနဲ့ တရားဥပဒေဆိုတာ ကိုလည်း ကွဲပြားစေ ချင်ပါတယ်။

လူသတ်သမားရဲ့ ရည်ရွယ်ချက် ကို ထုတ်ဖော်ပြော ဆိုမှုမှာ ဝန်ကြီး ကိုယ်တိုင်က မှားတတ်တဲ့ အလေ့အထ ကို သာမာန်လူ သတ်မှုကဲ့ သို့ ပြောဆိုသွားတာ မျိုး မဖြစ်သင့်ဘူး။

လူသတ်မှု ဖြစ်စဉ်မှာ စဖြစ်တဲ့ အချိန်က တည်းက မီဒီယာ နဲ့ ရှင်းလင်းပွဲ လုပ်တဲ့ အခ်ျန်အထိ အားနည်းချက် ပေါင်းများစွာနဲ့ အလုပ်လုပ်နေတာ ကို မြင်တွေ့ရပါ တယ်။ အားရလောက်စရာ မရှိပါဘူး။

ပြည်ထဲရေး ဝန်ကြီး အနေနဲ့ တပ်ဆိုင်ရာ လူငယ် တွေ နော်
ထပ် လူမသတ်တော့ဖူးလို့ အာမခံပေး နိုင် ပါသလား။
လူသတ်မှု ထပ်ပြီး ဖြစ်ခဲ့ရင် taxi သမား ကိုနေဝင်းတို့လို အသက်စွန့်ပြီး မဖမ်းနိုင်ခဲ့ရင် …
တပ်ဆိုင်ရာ လူငယ်တွေကို ဖော်ထုတ် ဖမ်းဆီး အရေး ယူနိုင်ပါါ့မလား …
တရားခံ မိနိုင်ပါ့ မလားဆိုတာ သိချင်တယ်။

Photo - RFA

Thandar Win

Maung Tun Wai

No comments:

Post a Comment