Latest News

Sunday, February 5, 2017

အဂတိလိုက်စားမှုကင်းပြီး မှန်ကန်စွာ တရားစီရင်နိုင်ရေးဆိုင်ရာအဆို ကို ဧရာဝတီတိုင်းလွှတ်တော်တွင် ယနေ့ ဆွေးနွေးမည်


အဂတိလိုက်စားမှုကင်းပြီး မှန်ကန်စွာ တရားစီရင်နိုင်ရေးဆိုင်ရာအဆို

ကို ဧရာဝတီတိုင်းလွှတ်တော်တွင် ယနေ့ ဆွေးနွေးမည်


ဧရာဝတီတိုင်း တရားသူကြီးချုပ် ဦးသန်းထွန်းဆွေးနွေးစဉ်
တရားရုံးများတွင် တရား သူကြီးအချို့၏ အဂတိလိုက်စားမှု များကို တိုက်ဖျက်၍မှန်ကန်စွာ တရားစီရင်နိုင်ရေးအတွက် တရားရေးကဏ္ဍကို တာဝန်ရှိသူများ ထိန်းကျောင်းတည့်မတ်ပေးပါရန် အဆိုကို ဧရာဝတီတိုင်းဒေသ ကြီးလွှတ်တော်၌ ဆွေးနွေးမည် ဟု သတင်းရရှိသည်။


တရားရေးမဏ္ဍိုင်ကို တည့်မတ်ပေးရန်အဆိုနှင့်ပတ်သက်၍ ဖေဖော်ဝါရီ ၆ ရက်တွင် စတင်ဆွေးနွေးရန် လွှတ်တော်က ဆုံးဖြတ်ခဲ့ပြီး ထိုနေ့တွင် ဆွေးနွေးရန် မမီသော လွှတ်တော်ကိုယ်စား လှယ်များရှိပါက ရက်တိုး၍ ဆွေး နွေးမည်ဟု ဆိုသည်။

မြောင်းမြမြို့နယ် အမှတ်(၂) မဲဆန္ဒနယ်မှ တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ်ဒေါ်ခိုင်ဇင်ဦး က တရားရုံးများတွင် တရားစီရင် ရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ် သက်၍ ဘက်လိုက်မှု၊ အဂတိ လိုက်စားမှုများရှိနေသည်ကို ကြားသိရသဖြင့် ၎င်းတို့ကို တိုက်ဖျက် ၍ မှန်မှန်ကန်ကန် စီရင်ချက်ချ မှတ်နိုင်ရေး၊ တရားစီရင်ရေးကဏ္ဍကို  ထိန်းကျောင်းတည့်မတ်ပေး ရေးအဆိုကို လွှတ်တော်တွင် ဖေဖော်ဝါရီ ၂ ရက်က တင်သွင်းခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဒုတိယနေ့ ဖေဖော်ဝါရီ ၃ ရက်၌ လွှတ်တော်ကဆွေးနွေးရန် ဆုံးဖြတ်ခဲ့သည်။

‘‘မဏ္ဍိုင်ကြီးသုံးရပ်က ဟန် ချက်ညီအောင် အချင်းချင်းပူး ပေါင်းဆောင်ရွက်သည်များ ရှိသ ကဲ့သို့ အပြန်အလှန်ထိန်းကျောင်း ခြင်းများလည်း ရှိပါတယ်။ သို့ရာ တွင် တရားမျှတမှုအတွက် အခွင့် အာဏာကိုတော့ တိတိကျကျပိုင်း ခြားသုံးစွဲရမယ်လို့ ပြဋ္ဌာန်းချက်ရှိ ပါတယ်။ အဲဒီလိုဆောင်ရွက်ကြ တဲ့အခါမှာ အပြန်အလှန်ထိန်း ကျောင်းခြင်း အဆင့်ကိုကျော်ပြီးတရားစီရင်ရေးမဏ္ဍိုင်ကို အခြား သော မဏ္ဍိုင်တစ်ခုခု၊ အဖွဲ့အ စည်းတစ်ခုခုက ၀င်ရောက်လွှမ်း မိုးမယ်ဆိုလို့ရှိရင် တရားရေးပုံရိပ် ကိုသာမက နိုင်ငံတော်နဲ့ အခြေခံ ဥပဒေရဲ့ ပုံရိပ်ကိုပါ ထိခိုက်စေ နိုင်တယ်’’ဟု ဧရာဝတီတိုင်းတရားသူကြီးချုပ် ဦးသန်းထွန်းက လွှတ် တော်၌ ပြောကြားသည်။

လွှတ်တော်ကိုယ်စားလှယ် တင်သွင်းသည့်အဆိုသည် အခြေ အနေအချိန်အခါအရ သင့်မြတ် သောအဆိုဖြစ်သော်လည်း ဖွဲ့ စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စုတရားစီရင်ရေး ဥပဒေအရ တရားစီရင်ရေးကဏ္ဍတွင် ပြည် ထောင်စုတရားလွှတ်တော်ချုပ် သည် နိုင်ငံတော်၏ အမြင့်ဆုံး တရားရုံးဖြစ်ပြီး နိုင်ငံတော်အ တွင်းရှိ အဆင့်ဆင့်သော တရား ရုံးအားလုံးကို ကြီးကြပ်ကွပ်ကဲ၍ ထိန်းကျောင်းရမည်ဟု ပြဋ္ဌာန်း ထားသဖြင့် အဆိုရှင်တင်သွင်း သည့် စကားရပ်၌ ပါဝင်သော တိုင်းဒေသကြီးအစိုးရအဖွဲ့အနေ ဖြင့် ဆိုသည့်စကားရပ်ကိုဖယ်၍ ဆွေးနွေးမည်ဖြစ်ပါက သင့်တော် သော အဆိုတစ်ရပ်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့ကိုယ်စား တိုင်းဒေသကြီး ဥပဒေချုပ်ဦးသိန်းရွှေက လွှတ်တော်တွင် အကြံပြုဆွေးနွေးခဲ့သည်။

‘‘အဆိုကို လေ့လာလိုက်တဲ့ အခါမှာ တရားစီရင်ရေးကဏ္ဍကို ပြည်သူများက လက်ခံယုံကြည် အားထားရမယ့် အနေအထားဖြစ် လာအောင် တည့်မတ်ပေးဖို့ဆို တဲ့ အဆိုဖြစ်နေတာတွေ့ရတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အုပ် ချုပ်ရေးကဏ္ဍ၊ တရားစီရင်ရေး ကဏ္ဍ၊ ဥပဒေပြုမှုကဏ္ဍစသည် ဖြင့် ခွဲခြားထားပါတယ်။ ဒါကို ကျင့်သုံးတဲ့နေရာမှာ ခွဲခြားကျင့် သုံးခြင်း၊ အချင်းချင်းအပြန်အ လှန် ထိန်းကျောင်းခြင်းတို့ဖြစ်ပါ တယ်။ ဒါကြောင့် ဝေါဟာရတစ်ခုကို ဖယ်ရှားပြီး ဆွေးနွေးသင့်တယ်’’ဟု ဥပဒေချုပ် ဦးသိန်းရွှေက လွှတ်တော်တွင် ပြောကြားသည်။

‘‘တာဝန်ရှိသူများလို့ခေါ်ဆို တဲ့နေရာမှာ မဏ္ဍိုင်သုံးရပ်စလုံး က တာဝန်ရှိသူအားလုံးကို ရည် ညွှန်းတယ်လို့ဆိုရင် လက်ခံပါ တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၁ အရတော့ အပြန်အလှန် ထိန်းကျောင်းဖို့ ဖြစ်တဲ့အတွက် မဏ္ဍိုင်ကြီးသုံးခုစလုံးက ထိန်း ကျောင်းရမယ်ဆိုတဲ့ သဘော သက်ရောက်ပါတယ်။ အဲဒီအ တွက် တာဝန်ရှိသူဆိုတဲ့နေရာမှာ မဏ္ဍိုင်ကြီးသုံးခုစလုံးက တာဝန်ရှိ သူအားလုံး ပါဝင်မယ်ဆိုရင် သဘောတူပါတယ်’’ဟု လွှတ် တော်ကိုယ်စားလှယ်ဒေါ်ခိုင်ဇင်ဦး က ပြောကြားသည်။


7Day News Journal

No comments:

Post a Comment