Monday, February 20, 2017
၃၆၀ ဒီဂရီ လည့်နိုင်မယ့် မိုးမျှော် အဆောက်အဦး
အဆောက်အဦးတစ်ခု ဟာ လှည့်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ထင်ရပေမယ့် ဒူဘိုင်းနိုင်ငံ ဟာ ၂၀၂၀ ခုနှစ်မှာ ဖွင့်လှစ်မယ့် Dynamic Hotel အမည်ရ မိုးမျှော်ဟော်တယ်ကြီးကို ၃၆၀ ဒီဂရီအထိလွတ်လပ်စွာ လှည်ပတ်နိုင်ဖို့ တည်ဆောက်နေပါတယ်။ ဟိုတယ်မှာ တည်းခိုသူတွေအတွက် ရှုခင်း၊မြင်ကွင်းမကောင်းတဲ့
အခန်းမှာ တည်းခိုခဲ့ရတယ်ဆိုတဲ့ စောဒကတက်မှုကို ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ ဟော်တယ်အတွင်းမှာ
ထည့်သွင်းတည်ဆောက်မဲ့အခန်းတိုင်းဟာ သီးခြားစီဖြစ်ပြီး၊ Voice-activated technology ကို အသုံးပြုကာ လှည့်ပတ်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ဧည့်သည်တွေဟာ အာရုံဦးနေအောက်မှာ နိုးထလိုကာ
နိုးထနိုင်မှာ ဖြစ်ပြီး၊ စူးရှလှတဲ့နေရောင်ကို ကျောခိုင်းလိုက စိတ်ကြိုက်ပြင်ဆင် ကျောခိုင်းနိုင်မှာ ဖြစ်ပါတယ်။
အခန်းအသီးအသီးမှာ လေအားသုံးတာဘိုင်တွေလည်း တပ်ဆင်ပေးထားမှာဖြစ်လို့ ကိုယ်ပိုင်လျှစ်စစ်ပါဝါ
စနစ်ကို ၂၄ နာရီ ရရှိနေမှာ ဖြစ်ပါတယ်။ ဒီအဆောက်ဦကို Dynamic Group မှ အင်ဂျင်နီယာ David Fischer က ဒီဇိုင်းရေးဆွဲခဲ့တာ ဖြစ်ပါတယ်။
ref emirate
ဇက်အမ်အို(တိုင်းဧရာ) ဘာသာပြန်သည်
၃၆၀ ဒီဂရီ လည့်နိုင်မယ့် မိုးမျှော် အဆောက်အဦး
Reviewed by timeayeyar
on
6:16 PM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment