Latest News

Sunday, February 12, 2017

ပေးဆပ်သလောက် ပြန်မရတဲ့အခါ

ပေးဆပ်သလောက် ပြန်မရတဲ့အခါ

ချစ်ခြင်းက သင့်ကို အရမ်းနာကျင်လာစေတဲ့အခါ
သင်ချစ်နေသူကို ရဲရဲသာ ဥပေက္ခာပြုလိုက်ပါ။ ဖြူစင်တဲ့မေတ္တာက သင့်ဘဝကိုနာကျင်လာစေတဲ့အခါ သင်မေတ္တာရှိသူကို ဥပေက္ခာပြုလိုက်ပါ။

ရိုးသားခြင်းက သင့်ဘဝကို ထိခိုက်လာတဲ့အခါသင့်ရဲ့ ရိုးသားခြင်းတွေကို လုံခြုံတဲ့တစ်နေရာမှာ ဘယ်သူ့မှ မသိအောင် ကောင်းကောင်း သိမ်းဆည်းထားလိုက်ပါ။ စေတနာထားသူကသင့်ဘဝကို အောက်ဆုံးထိဆွဲနှစ်လိုက်တဲ့အခါ စေတနာထားသူနဲ့ဝေးရာကိုသင်အမြန်ဆုံး ပြေးထွက်သွားလိုက်ပါ။

ကိုယ့်ဘက်က မေတ္တာနှစ်ခုပေးလို့ မေတ္တာတစ်ခုတော့ ပြန်မရခဲ့ရင်
သင်ပဲ နောက်ဆုံးကြရင် အကြီးအကျယ်ဆုံးရှုံးရပါလိမ့်မယ်။ တန်ဖိုးမထားတတ်သူကို ကိုယ်က ဂရုတစိုက်နဲ့ အလေးထားပြီးတော့
တန်ဖိုးထားမိရင် အရင်ဆုံး နာကျင်ကြေကွဲရမှာက သင်ကိုယ်တိုင်သာ
ဖြစ်လာပါလိမ့်မယ်။

Sources : MOMOLAY

No comments:

Post a Comment

Blog Archive