ဝါရင့်အဆိုတော်ကော်နီ၏ အသက် ၅၀ ပြည့်မွေးနေ့တွင်
တစ်ကိုယ်တော်ဖျော်ဖြေပွဲကျင်းပနိုင်ရန် စီစဉ်
ဝါရင့် အဆိုတော် ကော်နီအနေဖြင့် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျရောက်မည့် အသက် ၅၀ ပြည့်မွေးနေ့တွင် တစ်ကိုယ်တော်ဖျော်ဖြေပွဲကျင်းပနိုင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။“မကော်ရဲ့အသက်က ရွှေရတုပြည့်လို့ ပြောမလား။ ပြီးခဲ့တဲ့ ဒီဇင်ဘာမှာ မကော်(၄၉)နှစ် ပြည့်တယ်။
လာမယ့် ဒီဇင်ဘာမှာ (၅၀)ပြည့်မှာပေါ့။ အဲတော့ ရွှေရတုပြည့်မှာ လုပ်မလားစဉ်းစားနေတာ။ မကော်ကတော့ အမှတ်တရ အနေနဲ့ လုပ်ချင်တယ်။ ကျန်းမာရေးလဲ ကောင်းချင်တယ်။ အသက်ငါးဆယ်ပြည့်မှာ ဘယ်လောက် လုပ်နိုင်သေးတယ် ဆိုတာကို ချပြချင်တယ်။”ဟု အဆိုတော် ကော်နီက ပြောသည်။အဆိုတော်ကော်နီအနေဖြင့် အဆိုပါဖျော်ဖြေပွဲကို ကျင်းပရန် စီစဉ်ထားသော်လည်း နိုင်ငံရေးအခြေအနေကို လိုက်ကာ ပြောင်းလဲမှုရှိနိုင်ကြောင်း သိရသည်။ “နိုင်ငံရေးအခြေအနေလဲ ကြည့်ရသေးတယ်။
နိုင်ငံရေးသာသာယာယာဖြစ်ရင်တော့ ဒါကိုလုပ်မယ်ပေါ့။နိုင်ငံရေး သာယာပါစေပဲ ဆုတောင်းမိတယ်။ဘာကြောင့်လဲဆိုတော့ နိုင်ငံရေးကောင်းမှ ပြည်သူတွေ အဆင်ပြေမှာပါ။ ပြည်သူအဆင်ပြေမှ ကိုယ်တွေအနုပညာရှင်တွေလည်း အဆင်ပြေမှာပါ။”ဟု ကော်နီက ပြောသည်။အဆိုတော် ကော်နီသည် ဂီတသက်တမ်း(၃၀)ပြည့်တွင် 30th dream ကော်နီ Show ကို ၂၀၁၆ခုနှစ်တွင် ပြု လုပ်ခဲ့ပြီး သူမအသက် ၅၀ပြည့်အမှတ်တရအနေဖြင့် ထပ်မံကျင်းပရန် ပြင်ဆင်ခြင်းဖြစ်ကြောင်း သိရသည်။
ရတနာပုံ သတင်းစာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment