ကာကွယ်ရေးအသုံးစရိတ် ၁၀ ရာခိုင်နှုန်း တိုးမြှင့်ရန် ဒေါ်နယ်ထရမ့် အဆိုပြု
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၂၀၁၈ ခုနှစ် ကာကွယ်ရေးအသုံးစရိတ် ၁၀ ရာခိုင်နှုန်း တိုးမြှင့်ဖို့ အဆိုပြုထားပါတယ်။
ဒါဟာ ပုံမှန်ထက် အမေရိကန်ဒေါ်လာ ၅၄ ဘီလီယံ တိုးမြှင့် အဆိုပြုလိုက်တာဖြစ်ပြီး လာမယ့်မေလမှာ လွှတ်တော်ကို တင်သွင်းမှာဖြစ်ပါတယ်။
သမ္မတက နိုင်ငံခြားထောက်ပံ့ကူညီမှုတွေ အပါအဝင် တခြားနေရာတွေမှာ အစိုးရအသုံးစရိတ်တွေကို သိသိသာသာ လျော့ချခဲ့ပေမယ့် ကာကွယ်ရေးအသုံးစရိတ်ကိုတော့ တိုးမြှင့်လိုက်တာ ဖြစ်ပါတယ်။
သူ ရွေးကောက်ပွဲမဲဆွယ်ပွဲတွေတုန်းက လူမှုဖူလုံရေး အစီအစဉ်တွေအတွက် ဘတ်ဂျက်ကို မလျှော့ဘဲ ကာကွယ်ရေးအသုံးစရိတ်ကို တိုးမြှင့်သွားမယ်ဆိုတဲ့အတိုင်းပဲ လူမှုဖူလုံရေး အသုံးစရိတ်ကိုတော့ ပုံမှန်ပဲ ထားရှိပါတယ်။
ဖေဖော်ဝါရီ ၂၇ ရက်က ပြည်နယ်အုပ်ချုပ်ရေးမှူးတွေနဲ့ တွေ့ဆုံပွဲအခမ်းအနားမှာ သမ္မတက သူ့ရဲ့အစီအစဉ်ကို ချပြခဲ့ပြီး အစိုးရအနေနဲ့ ကျစ်ကျစ်လျစ်လျစ်နဲ့ ထိထိရောက်ရောက် အလုပ်လုပ်သွားမယ်လို့ ပြောဆိုခဲ့တာပါ။
ပြီးခဲ့တဲ့နှစ်တွေအတွင်း အမေရိကန်စစ်အသုံးစရိတ်တွေ ကျဆင်းခဲ့ပေမယ့် အခု သမ္မတ ဒေါ်နယ်ထရမ့်က အဆိုပြုလာတဲ့ ဘတ်ဂျက်ဟာ စစ်တွင်းအသုံးစရိတ်လောက်နီးပါး ပြန်ဖြစ်လာတာပါ။
ရီပတ်ဘလစ်ကန်ပါတီ လွှတ်တော်အမတ် မက်ကိန်းကတော့ အိမ်ဖြူတော်က တွက်ချက်ထားတဲ့ ကာကွယ်ရေးအသုံးစရိတ် အမေရိကန်ဒေါ်လာ ၆၀၃ ဘီလီယံဆိုတာနဲ့လည်း မလုံလောက်သေးဘူးလို့ ပြောပါတယ်။
သမ္မတ ဒေါ်နယ်ထရမ့်က အခြေခံအဆောက်အဦတွေအတွက် ဘတ်ဂျက်ကို ပိုမိုသုံးစွဲသွားမယ်လို့ ပြောဆိုထားပေမယ့် သူ အခွန်တွေ လျှော့ချမယ့် အစီအစဉ် အသေးစိတ်ကိုတော့ ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။
DVB
Subscribe to:
Post Comments (Atom)
No comments:
Post a Comment