Latest News

Sunday, February 12, 2017

ကျုံပျော်မြို့ တွင် ဗိုလ်ချုပ်ကြေးရုပ် ဖွင့်လှစ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်

ဖေဖော်ဝါရီ ၁၃ ရက် ၂၀၁၇ ခုနှစ်

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့မှာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က
လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ပုံတူကြေးရုပ် ဖွင့်ပွဲအခမ်းအနားကို ကျံပျော်မြို့  ဧရာဦးပန်းခြံ
ဗိုလ်ချုပ်ကြေးရုပ် ထားရှိတဲ့ ရင်ပြင်၌ယနေ့ နံနက် ၉ နာရီ ၌ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။

ဖွင့်ပွဲအခမ်းအနား သို့ ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးမန်းဂျော်နီ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ သည်။
ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ဟာ ကြေးပိဿာချိန် ၃၀၀ ရှိပြီး အမြင့်ပေ ၉ပေရှိကာ ငွေကျပ်သိန်းပေါင်း ၁၃၀ အကုန်ကျခံကာ သွန်းလုပ်ထားခြင်းဖြစ်ပြီး  ရင်ပြင်အပါဝင် တည်ဆောက်မှု စုစုပေါင်းကုန်ကျငွေ သိန်း ၂၅၀ အကုန်ကျခံကာ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

ကျုံပျော်မြို့နယ်ဒေသခံပြည်သူများ နှင့်  ကျေးရွာများ မှာရွာ/သူရွာသားများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ဋ္ဌာန
ဆိုင်ရာဝန်ထမ်းများ ရဲ့လှုဒါန်းထည့်ဝင်မူများဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပါသည်။

ကြေးရုပ်ဖွင့်ပွဲ ဧည့်ခံဖျော်ဖြေရေး အစီိအစဉ်အဖြစ် ယနေ့ ည ကျုံပျော်မြို့ ပြည်သူ့အားကစားကွင်းတွင် တေးသံရှင် မနော (ဗိုလ်အောင်ဒင်)တေးသံရှင် မောင်ဂဋ္ဌုန် (ချစ်လို့) နှင့် တေးသံရှင် ကိုလတ် (ကျုံပျော်သား) တို့မှ အခမဲ့ဖျော်ဖြေ ပေးသွားမည်ဖြစ်ပါသည်။

ဖျော်ဖြေရေး အစီအစဉ် ဖြစ်မြောက်ရေးအတွက် ဦးဝင်းမောင် (ဗာဂို)မြန်မာဘီယာစားသောက်ဆိုင် မိသားစုမှ အဓိက ပံ့ပိုးကူညီသည်။
ရွှေကြီး(တိုင်းဧရာ)




























No comments:

Post a Comment