Latest News

Sunday, February 19, 2017

ပုဂံနေဝင်ချိန်ကြည့်ရှုနိုင်မည့် တောင်ကုန်းနေရာတစ်ခုဖွင့်

ပုဂံနေဝင်ချိန်ကြည့်ရှုနိုင်မည့် တောင်ကုန်းနေရာတစ်ခုဖွင့်

ပုဂံရှေးဟောင်းယဉ် ကျေးမှုနယ်မြေတွင် ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များ နေဝင်ချိန် ကြည့်ရှုနိုင်ရန် လုပ် ဆောင်နေသည့် နေရာငါးခုအ နက် ပထမဆုံးနေရာအဖြစ် ကိုမောက်ကန်ပေါင်ကို တောင် ကုန်းအဖြစ် ပြုပြင်၍ ဖေဖော်ဝါရီ ၁၉ ရက်ညနေက စတင်ဖွင့်လှစ် ကြောင်း ညောင်ဦးခရိုင် အထွေ ထွေအုပ်ချုပ်ရေးရုံးမှ သတင်းရရှိ သည်။

နေဝင်ချိန်ကြည့်ရှုနိုင်ရန် ၁၀ ပေအမြင့်ရှိသည့် ကိုမောက်ကန် ပေါင်ကို ၁၇ ပေအမြင့်အထိ အဆင့်နှစ်ဆင့်ဖြင့် မြှင့်တင် ဆောင်ရွက်ခဲ့ပြီး အဆိုပါ လုပ်ငန်း များအတွက် ကျပ်သိန်း ၅၀၀ ကျော် သုံးစွဲခဲ့ကြောင်းညောင်ဦး ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစိုးတင့်က ပြောသည်။

ဘုရားများပေါ်သို့တက် ရောက်၍ နေဝင်ချိန်ကြည့်ရှုရာ တွင် ရှေးဟောင်းစေတီပုထိုးများ ထိခိုက်လာနိုင်သောကြောင့် တိုင်းဒေသကြီးအစိုးရက နေဝင် ချိန်ကြည့်ရှုနိုင်သောနေရာများ လုပ်ဆောင်လျက်ရှိသည်။

ပုဂံရှိ ဘုရားများပေါ်သို့ နေဝင်ချိန်ကြည့်ရှုမှုကို လျှော့ချ ရန် အရှေ့အိုးထိန်းကုန်း၊ အနောက်အိုးထိန်းကုန်း၊ ညောင် လက်ဖက်ကန်၊ စူဠာမဏိကန်၊ သူဌေးကန်နှင့် ကိုမောက်ကန်တို့ ကို  စိစစ်ရွေးချယ်ထားကာ အခမဲ့ တက်ရောက်ကြည့်ရှုနိုင်ရန် လုပ် ဆောင်မည်ဖြစ်ပြီး  လုပ်ငန်း ဆောင်ရွက်မှု ပြီးစီးခဲ့သော ကို မောက်ကန်ကို စတင်ဖွင့်လှစ် ခြင်းဖြစ်ကြောင်း ဦးစိုးတင့်က ပြောကြားသည်။

‘‘အဓိကကတော့ ဘုရားတွေ ပေါ် နေဝင်ချိန်တက်ရောက်ကြည့် ရှုတာတွေကို လျှော့ချချင်တယ်။ ဒါတွေပြီးသွားရင်တော့ ဘုရား တွေပေါ် တက်ရောက်ခွင့်ပြု၊ မပြု ငွေကြေးကောက်ခံခြင်း လုပ် မလားဆိုတာတွေတော့ ဆွေးနွေး ရဦးမှာပေါ့’’ဟု ၎င်းက ဆိုသည်။

ထို့အပြင် ပုဂံဘုရားများ အနီး ယာဉ်များ ဖြတ်သန်းမောင်း နှင်ရာတွင် တုန်ခါမှုကြောင့် စေတီပုထိုးများ ထိခိုက်လာနိုင် ခြင်း၊ ခရီးသွားရာသီတွင် ယာဉ် ကြောကျပ်တည်းခြင်းများ ဖြစ် ပေါ်၍ ပုဂံရှိ ဘုရားငါးဆူတွင် သီးသန့် ကားရပ်နားကွင်းများ လုပ်ဆောင်ရန် စီစဉ်နေကြောင်း ညောင်ဦးခရိုင် အထွေထွေအုပ် ချုပ်ရေးမှူးရုံးမှ သတင်းရရှိသည်။

သီးသန့် ကားရပ်နားဝင်း များ လုပ်ဆောင်ပြီးစီးပါကလည်း ဘုရားများ ဘေးပတ်ပတ်လည်ကို ဖြတ်သန်းမောင်းနှင်ခွင့် ပြုတော့ မည်မဟုတ်ဘဲ ကားရပ်နားကွင်း ၌သာ ထားရှိစေမည်ဖြစ်ကြောင်း ဦးစိုးတင့်ကပြောသည်။



7Day News Journal

No comments:

Post a Comment