Latest News

Thursday, February 2, 2017

သမ္မတ စီးပွားရေး အကြံပေး အဖွဲ့ဝင် အဖြစ်ကနေ အူဘာ ဥက္ကဋ္ဌ နှုတ်ထွက်

သမ္မတ စီးပွားရေး အကြံပေး အဖွဲ့ဝင် အဖြစ်ကနေ အူဘာ ဥက္ကဋ္ဌ နှုတ်ထွက်

အူဘာ တက္ကစီ ကားကုမ္ပဏီ ဥက္ကဋ္ဌ ထရာဗစ် ကလားနစ် ဟာ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့် ရဲ့ စီးပွားရေး အကြံပေး အဖွဲ့ဝင် အဖြစ် ကနေ နှုတ်ထွက် သွားခဲ့ပါတယ်။

ဖေဖော်ဝါရီ၃ ရက် သောကြာ နေမှာ ဒေါ်နယ် ထရမ့် နဲ့ သူ့ရဲ့ စီးပွားရေး အကြံပေး အဖွဲ့ဟာ တွေ့ဆုံ ကြမှာလည်း ဖြစ်ပါတယ်။ အဲဒီ အဖွဲ့ထဲမှာ တက်စ်လာ ကုမ္ပဏီ က အီလွန်မက်စ် ဟာလည်း အဖွဲ့ဝင် အဖြစ် ပါဝင်ပါတယ်။

သမ္မတ ထရမ့် ရဲ့ မွတ်ဆလင် နိုင်ငံ ၇ နိုင်ငံ အပေါ်မှာ ဗီဇာ ကန့်သတ်ဖို့ အမိန့် ထုတ်ပြန် ခဲ့မှု ကို မကျေနပ် ကြတဲ့ နည်းပညာ ကုမ္ပဏီတွေထဲမှာ အူဘာ ကုမ္ပဏီ လည်း ပါဝင် ပါတယ်။

သမ္မတ အမိန့်ကြောင့် ကုမ္ပဏီမှာ အလုပ်လုပ်ကိုင် နေကြတဲ့ ဝန်ထမ်းတွေ အပေါ်မှာ သက်ရောက်မှု တွေ ရှိနေပြီး တရားရုံးမှာ ရင်ဆိုင်ဖို့ ပြင်ဆင် ထားတယ်လို့ အူဘာ ကုမ္ပဏီ တာဝန် ရှိသူ က ပြောပါတယ်။

ထရာဗစ် ကလားနစ် ကနေ သူ့ရဲ့ ဝန်ထမ်းတွေ ဆီကို ရေးသားတဲ့ စာကို ဘီဘီစီ က ဖတ်ရှုခွင့် ရခဲ့ပြီး အဲဒီ ထဲမှာတော့ စီးပွားရေး အကြံပေး အဖွဲ့ဝင် အဖြစ် ဆောင်ရွက် ခဲ့ရတာ ဟာ သမ္မတ ရဲ့ အစီအစဉ်တွေ ထောက်ခံ တာ မဟုတ်ဘူး ဒါကို လူတွေက အဓိပ္ပာယ် ဖွင့်ဆိုပုံ လွှဲမှားနေတာသာ ဖြစ်တယ်လို့ သူက ရေးသား ထားပါတယ်။

BBC

No comments:

Post a Comment