မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် တပ်မတော်၏ အကူအညီပါရယူမည်ဟု ဖိလစ်ပိုင်သမ္မတ ဒူတာတေးပြောကြား
မနီလာ ဖေဖော်ဝါရီ ၃
ဖိလစ်ပိုင်သမ္မတဒူတာတေးက ၎င်း၏ မူးယစ်ဆေးဝါးတိုက်ဖျက်မှု လုပ်ငန်းစဉ်တွင် တပ်မတော်၏ အကူအညီရယူကာ ဆက်လက် အကောင်အထည်ဖော် မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
သမ္မတဒူတာတေးရာထူးတာဝန်များ စတင်တာဝန်ယူခဲ့သည့်လွန်ခဲ့သောနှစ် ဇွန်လကစပြီး မူးယစ်ဆေးဝါးတိုက်ဖျက်မှုလုပ်ငန်းစဉ်များတွင် မူးယစ်ဆေးဝါး တရားမဝင် လက်ဝယ်တွေ့ရှိသူနှင့် သုံးစွဲသူများအပါအဝင် စုစုပေါင်း ၂၅ဝဝ ကျော် အသက်ဆုံးရှုံးခဲ့ရသည်။
သမ္မတဒူတာတေးသည် မူးယစ်ဆေးဝါးတိုက်ဖျက်မှုကို အမျိုးသား လုံခြုံရေး ခြိမ်းခြောက်မှုတစ်ရပ်အဖြစ် သတ်မှတ်ထားသည်။ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းစဉ် လှုပ်ရှားမှုတွင် မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး ဥပဒေချိုးဖောက်သူ မည်သူမဆိုသည် သေပွဲဝင်ရမည်ဖြစ်သည်ဟု သမ္မတဒူတာတေးက အခိုင်အမာ ပြောကြားထားကြောင်း သိရသည်။
သို့သော် လွန်ခဲ့သောလက ဖိလစ်ပိုင်မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ရဲတပ်ဖွဲ့သည် တောင်ကိုရီးယားနိုင်ငံသားတစ်ဦးအား ပြန်ပေးဆွဲပြီး သတ်ဖြတ်ခဲ့သည်ဟု စွပ်စွဲပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။
ယင်းစွပ်စွဲပြစ်တင်မှုများနှင့်ပတ်သက်ပြီး အတွင်းကျကျ စုံစမ်းဖော်ထုတ် ရန်နှင့် မူးယစ်ဆေးဝါးတိုက်ဖျက်မှု လုပ်ငန်းစဉ်များကို ယာယီဆိုင်းငံ့ထားရန် သမ္မတ ဒူတာတေးက ရဲတပ်ဖွဲ့အားအမိန့်ချမှတ်ခဲ့သည်။
ယခုလအစောပိုင်းတွင် အထက်ပါကိစ္စနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေး မှုများကို ရဲတပ်ဖွဲ့က အပြီးသတ်လုပ်ဆောင်မည်ဖြစ်ပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို ပြန်လည်အကောင်အထည်ဖော်မည် ဖြစ်ကြောင်း သိရသည်။
Sources : အင်န်အိတ်ခ်ျကေ : MOI
Friday, February 3, 2017
Subscribe to:
Post Comments (Atom)
No comments:
Post a Comment