ထောက်ပံ့ရေးဆိုတဲ့ ခေါင်းစဉ်အောက်က "ရိုဟင်ဂျာ" ဆိုတဲ့ အသုံး
အနှုန်းကို မသုံးဖို့ အသိပညာပေး ဟောပြောတာပါ
မလေးရှားနိုင်ငံက ထောက်ပံ့ရေး သင်္ဘော မြန်မာနိုင်ငံကို လာရောက်ချိန်မှာ အမျိုးသားရေးညွန်ပေါင်းအဖွဲ့က အသိပညာပေးကမ်ပိန်းကို သီလဝါဆိပ်ကမ်းအရှေ့မှာ ဖေဖော်ဝါရီလ ၉ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
သူတို့ဟာ မလေးရှားနိုင်ငံက လာရောက်ထောက်ပံ့ပေးမယ့် သင်္ဘောကို ကန့်ကွက်တာမဟုတ်ဘူးလို့ အဖွဲ့ခေါင်းဆောင် ကိုဝင်းကိုကိုလတ်ကဆိုပါတယ်။
အခုအသိပညာပေးလှုပ်ရှားမှုလုပ်ခဲ့တဲ့ အမျိုးသားရေး ညွန့်ပေါင်းအဖွဲ့ဟာ မလေးရှားနိုင်ငံကလာရောက်တဲ့ ထောက်ပံ့ကူညီရေးအစီအစဉ်တွေကို သဘောတူလက်ခံပေမယ့် ထောက်ပံ့ကူညီရေးဆိုတဲ့ ခေါင်းစဉ်ကိုအသုံးချပြီး ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို နိုင်ငံတကာကမသုံးနှုန်းစေဖို့အတွက် အသိပညာပေးတာသာဖြစ်တယ်လို့ဆိုပါတယ်။
ပညာပေးကမ်ပိန်း ပြုလုပ်ရာမှာ သံဃာတော်တွေနဲ့ လူပုဂ္ဂိုလ်ပေါင်း အယောက်၅၀ နီးပါး ပါဝင်ခဲ့ကြပါတယ်။
သတင်းဓာတ်ပုံ - ဟိန်းကို DVB TV News
Thursday, February 9, 2017
ထောက်ပံ့ရေးဆိုတဲ့ ခေါင်းစဉ်အောက်က "ရိုဟင်ဂျာ" ဆိုတဲ့ အသုံး အနှုန်းကို မသုံးဖို့ အသိပညာပေး ဟောပြောတာပါ
ထောက်ပံ့ရေးဆိုတဲ့ ခေါင်းစဉ်အောက်က "ရိုဟင်ဂျာ" ဆိုတဲ့ အသုံး အနှုန်းကို မသုံးဖို့ အသိပညာပေး ဟောပြောတာပါ
Reviewed by Ar Ti
on
7:34 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment