Latest News

Friday, February 10, 2017

ပုဂ္ဂိုလ်ရေးနှင့် လုံခြုံမှုဆိုင်ရာဥပဒေကြမ်း အတည်ပြုပြဋ္ဌာန်းရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးဝင်းမြင့်

ပုဂ္ဂိုလ်ရေးနှင့် လုံခြုံမှုဆိုင်ရာဥပဒေကြမ်း အတည်ပြုပြဋ္ဌာန်းရန်

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးဝင်းမြင့်

အမတ်များကို စုံစမ်းနောက်ယောင်ခံမှု လွှတ်တော်တွင် ဆွေးနွေး၊ ထောက်လှမ်းသော အထောက်အထားများတင်ပြရန် ဦးဝင်းမြင့်ပြော၊ ထောက်လှမ်းခြင်းမရှိကြောင်း ပြည်ထဲရေးဒုဝန်ကြီးတုံ့ပြန်

ပုဂ္ဂိုလ်ရေးနှင့် လုံ ခြုံမှုဆိုင်ရာ ဥပဒေကြမ်းကို လက် ရှိ ကျင်းပနေသည့် လွှတ်တော် အစည်းအဝေးတွင် အတည်ပြု ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်ရန် ပြည်သူ့ဥပဒေကြမ်းကော်မတီကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်း မြင့်က တိုက်တွန်းပြောကြား သည်။

အဆိုပါဥပဒေကြမ်းကို ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အ စည်းအဝေးတွင် စတင်ဆွေးနွေး ခဲ့သော်လည်း တတိယပုံမှန်အ စည်းအဝေးပြီးဆုံးသည်အထိ အ တည်ပြုပြဋ္ဌာန်းနိုင်ခဲ့ခြင်းမရှိသေး ၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ဥပဒေကြမ်းကော်မတီကို ယင်းဥ ပဒေကြမ်းပြီးစီးအောင် အလေး အနက်ထားဆောင်ရွက်ရန် တိုက် တွန်းခဲ့ခြင်းဖြစ်သည်။ဖေဖော်ဝါရီ ၁၀ ရက်က ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အင်းစိန်မြို့ နယ်ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးမောင်မောင်ဦးမေးမြန်း သည့် လွှတ်တော်ကိုယ်စားလှယ် များ တာဝန်ထမ်းဆောင်နေချိန် တွင် လိုက်လံစုံစမ်းမေးမြန်း သတင်းရယူနေကြသော အဖွဲ့အ စည်းများ၊ ပုဂ္ဂိုလ်များကို မည်သည့်တာဝန်ရှိ ပုဂ္ဂိုလ်အဖွဲ့အစည်းများ ကတာဝန်ပေးထားခြင်းရှိ၊ မရှိမေး မြန်းခဲ့သည်။

‘‘တာဝန်ထမ်းဆောင်တဲ့အ ခါမှာ အုပ်ချုပ်ရေး၊ လုံခြုံရေးတာ ဝန်ယူထားတဲ့အဖွဲ့အစည်းများနဲ့ ပုဂ္ဂိုလ်တချို့ဟာ ကိုယ်စားလှယ် များရဲ့လွတ်လပ်မှုနဲ့ လုံခြုံမှုကို အနှောင့်အယှက်ဖြစ်စေသော(သို့ မဟုတ်)ဂုဏ်သိက္ခာကို ထိခိုက်စေ နိုင်သော နောက်ယောင်ခံစောင့် ကြည့်ခြင်း၊ စုံထောက်ခြင်း၊ စုံစမ်းခြင်း၊ အသံဖမ်းခြင်း၊ ဓာတ်ပုံရယူ ခြင်းတို့အပြင် တစ်ခါတစ်ရံမှာ ကိုယ်စားလှယ်များနဲ့ တွေ့ဆုံခဲ့တဲ့ ပြည်သူလူထုကို ဘယ်အတွက် ကြောင့် တွေ့ဆုံခဲ့သလဲ၊ ဘာတွေ ပြောခဲ့သလဲလို့ အမြဲလိုလို စုံစမ်း ထောက်လှမ်းလျက်ရှိပါတယ်’’ဟု ပြောဆိုဆွေးနွေးခဲ့သည်။

အဆိုပါ လုပ်ရပ်များသည် နိုင်ငံသားတို့၏ပုဂ္ဂိုလ်ရေးဆိုင်ရာ အခွင့်အရေးများကို ပြောင်ပြောင် တင်းတင်း ချိုးဖောက်နေသည်ဟု ခံစားရကြောင်း ဒီချုပ်အမတ် ဦးမောင်မောင်ဦးက ဆက်လက် ပြောသည်။‘‘ဒါတွေဟာ တစ်ချိန်က အာဏာရှင်စနစ်ဆိုးများက ဒီမိုကရေစီလိုလားသူများနဲ့ လူထုကို ဖိနှိပ်ဖို့ ကျင့်သုံးခဲ့တဲ့ ပုံစံတွေ ဖြစ်ပါတယ်’’ဟု ၎င်းက ဆိုသည်။

ဦးမောင်မောင်ဦး၏မေးခွန်း အပေါ် ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး က ပြန်လည် ဖြေကြားရာတွင် လွှတ်တော် ကိုယ်စားလှယ်များ၏ လှုပ်ရှားဆောင်ရွက်မှုများကို လိုက်လံစုံစမ်းသတင်း မေးမြန်းရယူရန် တာဝန်ပေးထားခြင်း၊ ဆောင်ရွက်စေခြင်းများ မရှိ ကြောင်း လွှတ်တော်သို့ ရှင်းလင်း ဖြေကြားခဲ့သည်။

ပြည်ထဲရေးဒုဝန်ကြီးက ဒီ ချုပ်လွှတ်တော်ကိုယ်စားလှယ်၏ မေးခွန်းကို ပြန်လည်ဖြေကြားရာ တွင် ရွေးကောက်ပွဲဝင်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေအချို့ ငြိစွန်းခြင်းရှိ၊ မရှိစိစစ်ရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြည်ထဲရေးဝန်ကြီးဌာနသို့ အကြောင်းကြားမှုပြုလုပ်လေ့ရှိသည်ဟုပြောသည်။

ထိုသို့အကြောင်းကြားမှုမျိုး ကို လက်ခံရရှိသည့်အခါ ကိုယ် စားလှယ်လောင်းများ ငြိစွန်းခြင်း ရှိ၊ မရှိ သက်ဆိုင်ရာ စစ်ဆေး ရေးအဖွဲ့သို့ စစ်ဆေးစေပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မ ရှင်သို့ တင်ပြလေ့ရှိကာ ယင်းကိစ္စ မှလွဲ၍ ပြည်ထဲရေးဝန်ကြီးဌာန အနေဖြင့် လွှတ်တော်ကိုယ်စား လှယ်များကို လိုက်လံစုံစမ်းခြင်း၊ သတင်းရယူခြင်းများ မရှိကြောင်း ပြည်ထဲရေးဒုဝန်ကြီး က ဆိုသည်။

ဒုဝန်ကြီး၏ ဖြေကြားမှုအပြီး တွင် ဦးမောင်မောင်ဦးက ၎င်း၌ သက်သေအထောက်အထား များစွာရှိပြီး ပြည်ထဲရေးဝန်ကြီးဌာန သို့ လွှဲပြောင်းပေးအပ်မည်ဟု ဆို သည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်ကလည်း ‘‘ဒီလိုဂုဏ် သိက္ခာနဲ့ညီတဲ့ တန်ဖိုးထားလေး စားရမယ့် ကိုယ်စားလှယ်တွေကို ဒီလိုလုပ်တယ်ဆိုရင် အထောက် အထား ခိုင်ခိုင်လုံလုံနဲ့ ပေးပါ။ ကျွန်တော်တို့လည်း ပေးပါ။ လွှတ်တော်အခွင့်အရေးကော်မ တီကိုလည်း ပေးပါ။ သက်ဆိုင်ရာ ဌာနဆိုင်ရာ၊ သက်ဆိုင်ရာ ဝန်ကြီး ဌာနကိုလည်း ပေးပါ’’ ဟု လွှတ် တော် ကိုယ်စားလှယ်များအား ပြောခဲ့သည်။

ဒီချုပ်လွှတ်တော်ကိုယ်စား လှယ်အများစုကလည်း ၎င်းတို့၏ နောက်သို့ သတင်းစုံစမ်းမေးမြန်း မှုများကို ကြုံတွေ့ခဲ့မှုရှိသည်ဟု ဆိုကြသည်။

‘‘အခုကတော့ အန်တီတို့ကို လုံခြုံရေးအကြောင်းပြပြီး လိုက် တာပေါ့။ အရင်တုန်းကတော့ အန်တီတို့ကို စုံစမ်းထောက်လှမ်း ဖို့ လိုက်တာပေါ့။ ဒီနှစ်ခုပါပဲ။ ဒီလိုပဲ နာမည်လေးပဲ ကွာသွား တာ’’ဟု ဒီချုပ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီမှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးကျော်နီနိုင်က ၎င်း၏ နောက်သို့ နောက်ယောင်ခံ လိုက်ခြင်းနှင့် သတင်းစုံစမ်းမေးမြန်းမှုမျိုး ကြုံတွေ့ခဲ့ရခြင်းမျိုးမရှိကြောင်း ဆို သည်။  လွှတ်တော်ကိုယ်စားလှယ် များ၏ တာဝန်၊ လုပ်ပိုင်ခွင့်နှင့် ရပိုင်ခွင့်များကို သက်ဆိုင်ရာအဖွဲ့ အစည်းများက လေးစားလိုက်နာ ရန် လိုအပ်ပြီး မလိုက်နာပါက အ ချက်အလက်အထောက်အထား အတိအကျဖြင့် သက်ဆိုင်ရာ ပြည် ထဲရေး ဝန်ကြီးဌာနအပြင် လွှတ် တော်အခွင့်အရေး ကော်မတီနှင့် လွှတ်တော်ဥက္ကဋ္ဌထံ ပေးပို့ရန် ဦးဝင်းမြင့်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက ပြောကြား သည်။


Sources : 7Day News Journal

No comments:

Post a Comment