Latest News

Monday, February 27, 2017

ဝါရှင်တန်ရှိ ထရမ့်ဟိုတယ်မှာ ကျင်းပမယ့်ပါတီအတွက် ကူဝိတ်နိုင်ငံက ဒေါ်လာ ၆၀,ဝ၀ဝ ပေးရဖွယ်ရှိ

ဝါရှင်တန်ရှိ ထရမ့်ဟိုတယ်မှာ ကျင်းပမယ့်ပါတီအတွက် ကူဝိတ်နိုင်ငံက ဒေါ်လာ ၆၀,ဝ၀ဝ ပေးရဖွယ်ရှိ


ဖေဖော်ဝါရီ ၂၅ - ဝါရှင်တန်ရှိ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဟိုတယ်မှာ စနေနေ့ ကျင်းပမယ့် ပါတီပွဲတစ်ခုအတွက် ကူဝိတ်အစိုးရက ဒေါ်လာ ၆၀,ဝ၀ဝ အထိပေးချေရနိုင်တယ်လို့သိရပါတယ်။ ဒါဟာ သည်လိုမျိုးပွဲအခမ်း အနားတွေ ကနေ ရရှိသမျှအကျိုးအမြတ်တွေကို အမေရိကန် ဘဏ္ဍာရေးဌာနကိုပေးအပ် မယ်ဆိုတဲ့ ထရမ့်ရဲ့ကတိစကားကို စမ်းသပ်တဲ့ကိစ္စဖြစ်လာမှာပါ။
ကူဝိတ်သံရုံးက ၄င်းတို့ရဲ့အမျိုးသားနေ့အခမ်းအနားကျင်းပမှာဖြစ်ပါတယ်။ ထရမ့် အပြည်ပြည်ဆိုင်ရာ ဟိုတယ်မှာ ကျင်းပတဲ့အလားတူအခမ်းအနားမျိုးတွေ ဟာ ဒေါ်လာ ၄၀,ဝ၀ဝ ကနေ ဒေါ်လာ ၆၀,ဝ၀ဝ အထိပေးရနိုင်တယ်လို့ ဟို တယ်ရဲ့ ကုန်ကျစရိတ်ခန့်မှန်းချက်တွေအရသိရပြီး ဟိုတယ်ကတော့ ပမာဏအတိ အကျဖြေကြားဖို့ ငြင်းဆန်ခဲ့ပါတယ်။
နိုင်ငံခြားအစိုးရတွေဆီကရရှိတဲ့ ထရမ့်ဟိုတယ်ရဲ့အကျိုးအမြတ်မှန်သမျှကို အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနကို ပေးလှူမယ်လို့ ထရမ့်ရဲ့ရှေ့နေတစ်ဦးဖြစ်တဲ့ ရှာရီဒီလွန်က ဇန်နဝါရီ ၁၁ ရက် သတင်းစာရှင်းလင်းပွဲမှာ ကတိပြု ခဲ့ပါတယ်။
သည်လိုရရှိငွေတွေကို ဘဏ္ဍာရေးဌာနဆီ ပေးလှူထားတာရှိပြီးပြီလားဆိုတာ ကိုတော့ ထရမ့်အဖွဲ့အစည်းရဲ့အထွေထွေအကြံပေး အလန်ဂါတန်နဲ့အိမ်ဖြူတော် တို့က မဖြေကြားခဲ့ပါဘူး။
ကူဝိတ်သံအမတ်ကြီး ဆာလမ်အယ်ဆာဘားကတော့ မနှစ်က အမျိုးသားနေ့ အခမ်းအနားအတွက် Four Seasons ဟိုတယ်ကို ပေးခဲ့တဲ့ပမာဏအတိုင်း ထရမ့် ဟိုတယ်ကိုပေးမှာပါလို့ ပြောခဲ့ပါတယ်။ သည်ပွဲမှာ လူ ၅၀ဝ၊ ၆၀ဝ ခန့် တက်ရောက်နိုင်မယ်လို့ မျှော်လင့်ကြောင်း သူက ပြောခဲ့ပေမဲ့ ကုန်ကျစရိတ်နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်ကိုမပြောခဲ့ပါဘူး။
Four Seasons ဟိုတယ်ကလည်း သည်လိုပွဲမျိုးတွေကို ဒေါ်လာ ၄၀,ဝ၀ဝ ကနေ ၆၀,ဝ၀ဝ ကြား စရိတ်သတ်မှတ်လေ့ရှိပါတယ်။

YSD

[ref: Reuters, Feb 25, 2017.]


Kumudra

No comments:

Post a Comment