Latest News

Wednesday, February 22, 2017

ကိုကင်း တန်ချိန် ၄၀ ကျော်ပါရှိသည့် ကွန်တိန်နာတစ်လုံး ရန်ကုန်ဆိပ် ကမ်းသို့ လိပ်စာမှားပြီး ရောက်လာ

ကိုကင်း တန်ချိန် ၄၀ ကျော်ပါရှိသည့် ကွန်တိန်နာတစ်လုံး ရန်ကုန်ဆိပ်

ကမ်းသို့ လိပ်စာမှားပြီး ရောက်လာ

အာဖရိကတိုက်ရှိနိုင်ငံမှ ပို့လိုက်သော ကိုကင်း များထည့်ထားသည့် ကွန်တိန်နာတစ်လုံးသည် ရန်ကုန်ဆိပ်ကမ်းသို့ လိပ်စာမှား ရောက်လာပြီး အဆိုပါဖြစ်စဉ်ကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က စစ်ဆေးနေကြောင်း သတင်းရရှိသည်။

ရန်ကုန်ဆိပ်ကမ်းအာဏာပိုင်အောက်တွင် ကုန်တင်ကုန်ချဆိပ်ကမ်း ခုနစ်ခုရှိပြီး မည်သည့် ဆိပ်ကမ်းသို့ ရောက်ရှိလာခြင်းကို အတိအကျ မပြောသော်လည်း ကိုကင်း ၄၅ တန်ထည့်ထားသော ကွန်တိန်နာတစ်လုံးရောက်လာ၍ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က စစ်ဆေးနေကြောင်း အမည်မဖော်လိုသည့် ရဲအရာရှိတစ်ဦးက ပြောသည်။

‘‘ကွန်တိန်နာနဲ့ ပစ္စည်းမှား ရောက်လာတယ်။ လိပ်စာမှား ရောက်လာလို့ ဖောက်လိုက်တဲ့ အခါ ကုမ္ပဏီကနေ မသင်္ကာလို့ မူးယစ်(မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့)လာပြတော့ ကိုကင်းတွေ၊ ကိုကင်းတွေ အာဖ ရိကတိုက်ကနေ ရောက်လာတာ’’ ဟု အထက်ပါရဲအရာရှိကပြော ကြားသည်။

ပြည်ပနိုင်ငံများနှင့် ကုန် သွယ်ရေး ပြုလုပ်နေတာ ကုမ္ပဏီ တစ်ခု၏ လိပ်စာနှင့်အတူ ဖေဖော် ၀ါရီလလယ်ခန့်က ရောက်ရှိလာ ပြီး အဆိုပါကုမ္ပဏီက ရဲတပ်ဖွဲ့ သို့ အကြောင်းကြားခဲ့ကြောင်း သတင်းရရှိသည်။

ရန်ကုန်တိုင်းဒေသကြီး မူး ယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့ခွဲ (၃) တပ်ဖွဲ့ခွဲ မှူး ဒုတိယရဲမှူးကြီးအားမေးမြန်း ရာ အဆိုပါအမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ သို့သာ မေးမြန်းရန် ပြောသဖြင့်ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ပြောရေး ဆိုခွင့်ရှိသူ ရဲအရာရှိ၏ ဖုန်းသို့ ဆက်သွယ်မေးမြန်းရာ မသိရှိကြောင်း ပြောသည်။

မြန်မာ့ဆိပ်ကမ်း အာဏာ ပိုင် တာဝန်ရှိသူအချို့ကလည်း ယင်းအကြောင်းကို မသိရှိသေး ကြောင်း ပြောသည်။ 7Day Daily ၏ ယုံကြည်ရသော သတင်းရင်း မြစ်နှစ်ဦးက ယင်းဖြစ်စဉ်သည် အမှန်တကယ်ဖြစ်ခဲ့ကြောင်း အတည်ပြုထားသည်။

READ  ဩစတြေးလျတွင် နိုင်ငံသမိုင်း၌ ကိုကင်း ပမာဏ အများဆုံး သိမ်းဆည်းရမိ
မူးယစ်ဆေးဝါးတားဆီးနှိမ် နင်းရေးရဲတပ်ဖွဲ့ (နေပြည်တော်) မှ ရဲအရာရှိတစ်ဦးက ကိုကင်း ၄၅ တန်ဆိုသည်ကို ငြင်းဆိုပြီး ကွန် တိန်နာ တစ်ခုအတွင်း ကိုကင်း အချို့ လိပ်စာမှား ရောက်လာ၍ သက်ဆိုင်ရာတာဝန်ရှိသူများက စုံစမ်းစစ်ဆေးနေသည်ဟု ဆို သည်။ ၎င်းကလည်း အာဖရိက တိုက်ရှိနိုင်ငံတစ်ခုမှ တိုက်ရိုက် မဟုတ်ဘဲ အဆင့်ဆင့်ရောက်ရှိ လာခဲ့ကြောင်း ပြောသည်။ ကို ကင်းသည် မြန်မာနိုင်ငံတွင် အသုံးပြုမှုနည်းသော မူးယစ်ဆေးဝါး တစ်မျိုးဖြစ်ပြီး လက်တင်အမေရိ ကနိုင်ငံများ၌ တွင်တွင်ကျယ်ကျယ်သုံးလေ့ရှိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့အသိုင်းအ၀ိုင်းက ဆိုသည်။

Credit: 7Day

No comments:

Post a Comment