Latest News

Tuesday, February 21, 2017

ကိုယ်ပိုင်ကျောင်းဆရာ မှတ်ပုံတင်လက်မှတ်များ ထုတ်ပေးဖို့ အစီအစဉ်မရှိသေး

ကိုယ်ပိုင်ကျောင်းဆရာ မှတ်ပုံတင်လက်မှတ်များ ထုတ်ပေးဖို့

အစီအစဉ်မရှိသေး


နေပြည်တော်၊ ဖေဖော်ဝါရီ ၂၀ - ကိုယ်ပိုင်ကျောင်း ဆရာများအသင်းကတောင်းဆိုထားတဲ့ ကိုယ်ပိုင်ကျောင်းဆရာ တွေကိုရက်တိုသင်တန်းပေးပြီး ကိုယ်ပိုင်ကျောင်းဆရာမှတ်ပုံတင်လက်မှတ်တွေထုတ်ပေးဖို့ အစီအစဉ်မရှိ သေးဘူးလို့ အဆင့်မြင့်ပညာဦးစီးဌာနက သိရပါတယ်။

ဆရာအတတ်သင်နှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်အောင်မင်းက ‘ခုချိန် အထိတော့ ဒီလိုအလုံးအရင်းနဲ့ပေးဖို့ ဘာမှစီစဉ်ထားတာမရှိသေးဘူး၊ လဆယ သင်တန်းအတွက်ပဲ အစီအစဉ်ရှိပါ တယ်လို့ ပြောပါတယ်။

ကိုယ်ပိုင်ကျောင်းဆရာအဖြစ် အသက်မွေးဝမ်းကျောင်းပြုလိုသူတွေအနေနဲ့ဘွဲ့ရရှိပြီး နောက်ပိုင်းငါးနှစ်ပြည့်မှသာ ကိုယ်ပိုင်ကျောင်းဆရာ မှတ်ပုံတင်လက်မှတ်ကို ပညာရေးဝန်ကြီးဌာနကနေပေးအပ်တာဖြစ်ပါတယ်။ ဒါကြောင့်ဘွဲ့ရ ပြီး ကိုယ်ပိုင်ကျောင်းဆရာလုပ်လိုတဲ့ ဘွဲ့ရလူငယ်တွေအတွက်အခက်အခဲရှိနေတာကြောင့် ပညာရေးဝန်ကြီးဌာန အနေနဲ့ရက်တိုသင်တန်းတွေပေးပြီး ကိုယ်ပိုင်ကျောင်း ဆရာမှတ်ပုံတင်လက်မှတ်တွေထုတ်ပေးဖို့ ကိုယ်ပိုင်ကျောင်း ဆရာများအသင်းက ဖေဖော်ဝါရီလ ၁၇ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားပါတယ်။

ပညာရေးဝန်ကြီးဌာနအနေနဲ့ကတော့ လက်ရှိမှာ ကိုယ်ပိုင်ကျောင်းဆရာတွေကို ပညာရေးကောလိပ်တွေမှာရက်တို သင်တန်းတွေပေးပြီး ကိုယ်ပိုင်ကျောင်းဆရာမှတ်ပုံတင်လက်မှတ်တွေထုတ်ပေးဖို့ အစီအစဉ်တွေမရှိသေးဘဲ ပညာရေး ကောလိပ်တွေကို လေးနှစ်သင်တန်းတွေအဖြစ် တိုးမြှင့်ဖွင့်လှစ်ဖို့သာ စီစဉ်လျက်ရှိတယ်လို့သိရပါတယ်။ သည်အစီအစဉ်ထဲမှာကိုယ်ပိုင်ကျောင်းဆရာတွေအတွက် သင်တန်းပေးမယ့်အစီအစဉ်တွေထည့်သွင်းနိုင်ဖို့တော့ စဉ်းစားနေတယ်လို့ သိရပါတယ်။

‘ဒါ့အတွက် အခြေခံပညာဦးစီးဌာနတို့ ကျောင်းအုပ်ကြီးတို့ကို ပြန်မေးရဦးမယ်၊ ဆရာတို့ဘက်ကတော့ လက်ရှိအချိန် အထိ အစီအစဉ်မရှိသေးဘူးလို့ ဒေါက်တာ အောင်အောင်မင်းက ပြောပါတယ်။
လက်ရှိမှာတော့ ပညာရေးဝန်ကြီးဌာနအနေနဲ့ ကေဂျီတန်းနဲ့ ပထမတန်းရဲ့ နည်းပြသင်တန်းတွေမှာကိုယ်ပိုင်ကျောင်း ဆရာတွေကို သင်တန်းတက်ခိုင်းပြီး သင်တန်းဆင်းလက်မှတ်ပေးအပ်နေတယ်လို့ အဆင့်မြင့်ပညာဦးစီးဌာနကသိရပါ တယ်။

မာရီခိုင်

Kumudra


No comments:

Post a Comment