ရဲကားနဲ့  အတိုင်ပင်ခံရုံးကကားတိုက်မိ၊အတိုင်ပင်ခံရုံးံလက်ထောက်ညွှန်မှုးဆေးရုံရောက်
နေပြည်တော် ဖေဖော်ဝါရီ ၀၁။ ။ Grand Tiger အမှတ်တံဆိပ်ပါ မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှာ အသုံးပြုတဲ့ ကားနဲ့  နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန လက်ထောက်ညွန်ကြားရေးမှူးပါဝင်စီးနင်းလာတဲ့
ကားတို့  နေပြည်တော်၊ရွှေကြာပင် ကျောက်မျက်ပြခန်းနားမှာ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြတယ်လို့ သိရပါတယ်။
ကိုယတိုင်မြင်တွေ့ ခဲ့တဲ့ ကိုဝင်းမင်းညိုက ” ရွေကြာပင်ဘက် အဝင် မင်းသီဟ သွားတဲ့လမ်းနဲ့ ရာဇ ထိတ်မှာဖြစ်တာစူပါကာစတန်က လမ်းမှန်ရဲကားက မှားတာအကိုလဲ မင်းသီဟကို
အကွေ့ ဂျိန်းသံကြားလို့ နောက်လှည့်ကြည့်မှ အဲ့လိုဖြစ်နေတာ အဲ့ဒါနဲ့  ဓာတ်ပုံ ဆင်းရိုက်ပစ်လိုက်တာ “လို့ ပြောပါတယ်။
Grand Tiger ကားပေါ်မှာ ရဲတပ်ဖွဲ့ဝင် ၃ ဦးနဲ့ HIACE ကားပေါ်မှာ ၆ ဦးတို့ စီးနင်း လိုက်ပါလာကြတာဖြစ်ပြီး ယာဉ်တိုက်မှုကြောင့်အမှတ် (၁၇) ရဲတပ်ဖွဲ့စခန်းက တပ်ဖွဲ့ခွဲမှူး၊
ဒုရဲမှူးကြီး အောင်ထိန်လင်းနဲနိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနလက်ထောက်ညွန်ကြားရေးမှူးဒေါ်ခင်ခင်ဌေးတို့  မစိုးရိမ်ရဒဏ်ရာတွေနဲ့  နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့  နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်ယာဉ်ထိန်းရုံး မှသိရပါတယ်။
Author ဖေသက်ထက်ခင်
Photo ၀င်းမင်းညို
Kumudra
Subscribe to:
Post Comments (Atom)
No comments:
Post a Comment