Latest News

Sunday, February 19, 2017

ဂူဂဲလ်​ ဆီ စာ ပို့ခဲ့တဲ့ ၇ နှစ်​သမီး​လေး

ဂူဂဲလ်​ ဆီ  စာ ပို့ခဲ့တဲ့ ၇ နှစ်​သမီး​လေး


ခလိုရ်​အီ(Chloe) ဆိုတဲ့ ၇ နှစ်​အရွယ်​ က​လေးမ​လေး တိစ်​​ယောက်​ဟာ Google ကုမ္ပဏီကြီးဆီ စာပို့ခဲ့ပါတယ်​။ စာထဲမှာ​တော့ မညီမညာ က​လေးလက်​​ရေး​​လေးနဲ့ အခုလို ​အစချီ ရေးသားထားပါတယ်​။

" ဂူဂဲလ်​ သူ​ဌေးကြီးရှင့်

သမီးနာမည်​က ခလိုရ်​အီ ပါ။ သမီး ကြီးလာတဲ့ အခါ ဂူဂဲလ်​နဲ့ အလုပ်​လုပ်​ချင်​ပါတယ်​။ ​ချော့ကလက်​ စက်​ရုံတစ်​ရုံမှာလည်း အလုပ်​လုပ်​ချင်​တယ်​။ပြီး​တော့ အိုလံပစ်​မှာလည်း ​ရေကူးဝင်​ပြိုင်​ချင်​ပါတယ်​ "

စာထဲမှာ သူမဟာ ကွန်​ပျူတာ​တွေ သ​​ဘောကျ​ကြောင်း၊ သူမ ဂိမ်း​တွေ ​ဆော့​နေကျ တက်​ဘလတ်​ (tablet) တစ်​လုံးရှိ​ကြောင်းလည်း ​​ရေးသားထားပါတယ်​။ ​ကျောင်းစာ​တွေမှာ သူမ ထူးချွန်​တာကို ဆရာ၊ဆရာမ​တွေက​တောင်​ မိဘ​တွေကို ပြန်​​ပြောပြကြတယ်​လို့ ​ရေးထားပါတယ်​။

အခုဆိုရင်​ က​လေးမ​လေးက " အသွက်​က​လေး"ပါလားလို့ စာဖတ်​သူ ​တွေး​ကောင်း​တွေး​နေမိပါလိမ့်​မယ်​။ ပိုပြီး ​ပျော်​စရာ​ကောင်းတာက​တော့ ဂူဂဲလ်​ကုမ္ပဏီရဲ့ CEO ဆွန်​ဒါ ပီ​ချေး (Sundar Pichai) ကိုယ်​တိုင်​က က​လေးမ​လေးဆီ စာပြန်​ခဲ့တာပါပဲ။ ပြန်​စာထဲမှာ " သမီး ခုလို ဆက်​ကြိုးစားပြီး အိပ်​မက်​​တွေ​နောက်​ကို လိုက်​မယ်​ဆိုရင်​ သမီးလုပ်​မယ်​ စိတ်​ကူးထားသမျှကို အ​ကောင်​အထည်​​ဖော်​နိုင်​မှာပါ " လို့ အား​ပေး​ရေးသားထားခဲ့ပါတယ်​။

က​လေးငယ်​​တွေမှာ သူုတို့ ဖြစ်​ချင်​တဲ့ စိတ်​ကူးအိပ်​မက်​​တွေ ပြည့်​နှက်​​နေတတ်​ပါတယ်​။ အဲဒါ​တွေကို ထုတ်​​ဖော်​ပြသတတ်​တာဟာ ဖန်​တီးနိုင်​မှု​ကောင်းတဲ့၊ ဉာဏ်​ထက်​တဲ့ လက္ခဏာပါပဲ။ ဒါ​ကြောင့်​ လူကြီး​တွေအ​နေနဲ့​ အဲဒီလို အ​နေအထား​လေးကို အား​ပေးပြီး ​နွေး​နွေး​ထွေး​ထွေးချီးကျူးတာမျိုး​တွေ ပြုလုပ်​​ပေးဖို့ ​ကောင်းပါတယ်​။

Ref: CNN; "7-year-old girl asks Google for a job - and gets a response"

ကျော်​သန့်​ (ရိုး​ရာ​လေး)

No comments:

Post a Comment