Latest News

Thursday, February 23, 2017

မြောက်ကိုရီယားခေါင်းဆောင်အကို လုပ်ကြံခံရမှု မြောက်ကိုရီယားသံရုံးအကြီးအကဲ ပါဝင်ပက်သက်နေ


ကင်ဂျုံနမ်အသတ်ခံမှု နဲ့ ပက်သက်ပြီး မြောက်ကိုရီယား သံရုံးက အကြီးတန်းအရာရှိတစ်ဦး ကို စုံစမ်းစစ်ဆေးဖို့မလေးရှား ရဲတပ်ဖွဲလိုလားမှုတွေရှိနေပါတယ်။
မလေးရှားရဲတပ်ဖွဲ ဟာ မြောက်ကိုရီယားသံရုံး အရာရှိအ အပြင် မြောက်ကိုရီယား နိုင်ငံပိုင်လေကြောင်း လိုင်းနဲ့ ဆက်စပ်တဲ့နောက်ထပ်လူတစ်ဦးကိုလည်း သံသယရှိနေတယ်လို့ မလေးရှားရဲတပ်ဖွဲ့ ကပြောပါတယ်။
မြောက်ကိုရီယားသံရုံးက Hyon Kwang Song နဲ့ လေကြောင်းလိုင်းက  Kim Uk II တိုကို စုံစမ်းမေးမြန်းလိုနေပြီး အဲဒီသံသယရှိခံရသူ ၂ ဦး စလုံးဟာ မလေးရှား နိုင်ငံ မှာရှိနေပြီး စုံစမ်းစစ်ဆေးဖို့ တောင်းဆိုသွားမယ်လို့ မလေးရှား ရဲချုပ် ခါလစ် အဘူဘာကာကပြောပါတယ်။

မလေးရှားရဲချုပ်ခါလစ် အဘူဘာက သံသယရှိခံရသူ ဟာ သံရုံးရဲ့ ဒုတိယအတွင်းဝန်တစ်ဦးဖြစ်ပြီး နောက်ထပ်သံသယရှိသူတစ်ဦး မှာ အဲယားကိုရိုလေကြောင်း လိုင်း ရဲ့ ၀န်ထမ်းတစ်ဦးဖြစ်တယ်လို့ ရဲချုပ်ကပြောပါတယ်။

မြောက်ကိုရီယားခေါင်းဆောင် ရဲ့အဖေတူအမေကွဲ တော်စပ်တဲ့အကိုဖြစ်သူ ကင်ဂျုံနမ်ဟာ ဖေဖော်ဝါရီ ၁၃ ရက်နေ့က ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာလေဆိပ်မှာလုပ်ကြံခံခဲရပါတယ်။

လက်ရှိအချိန်မှာမလေးရှား ရဲတပ်ဖွဲ ဟာ  ကွာလာလမ်ပူ ရှိသံအမတ်ကြီးကို စုံစမ်းမှု ပြုလုပ်ဖို့တောင်းဆိုထားပြီး သံရုံးက ပူးပေါင်းဆောင်ရွက်မှု မရှိဘူးဆိုရင် အတင်းအကြပ်လုပ်ဆောင်သွားမယ်လို့ မလေးရှားရဲချုပ်ကပြောပါတယ်။ မလေးရှားရဲချုပ် နောက်ထပ် သံသယရှိသူ ၄ ဦးဟာ တိုက်ခိုက်မှုဖြစ်တဲ့နေ့မှာပဲ မလေးရှားနိုင်ငံက ထွက်ခွာခဲပြီး အခုဆိုရင် မြောက်ကိုရီယားကိုရောက်ရှိနေတယ်လို့ ပြောပါတယ်။
rtef bbc
ဇက်အမ်အို(တိုင်းဧရာ) ဘာသာပြန်သည်

No comments:

Post a Comment