Latest News

Friday, February 17, 2017

ရာထူးမှ နှုတ်ထွက်ပြီးဟု မွန်ဝန်ကြီးချုပ် ကြေညာ

ရာထူးမှ နှုတ်ထွက်ပြီးဟု မွန်ဝန်ကြီးချုပ် ကြေညာ

မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၈ ။         ။ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦးသည် ရာထူးမှ နုတ်ထွက်ပြီးဟု ၎င်းအသုံးပြုနေသည့် လူမှုကွန်ရက် ဖေ့ဘုတ်စ် စာမျက်နှာတွင် ဖေဖော်ဝါရီ ၁၈ ရက် နံနက် ၅ နာရီခန့်က ရေးသားကြေညာခဲ့သည်။

ဦးမင်းမင်းဦးသည် ဖေဖော်ဝါရီ ၁၇ ရက်က ကျိုက်ထိုမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရုံးတွင် NLD ပါတီ ဗဟို အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန် အပါအဝင် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးဇံတို့နှင့် တွေ့ဆုံပြီးနောက် ယခုကဲ့သို့ ရေးသားကြေညာခဲ့ခြင်းဖြစ်သည်။

"နုတ်ထွက်တာတော့ အမှန်ပဲနော်၊ လုပ်သင့် လုပ်ထိုက်တာကို လုပ်သွားတယ်လို့ပဲ သဘောထားပေးပါနော်။ ကျွန်တော် ထွေထွေထူးထူး သိပ်မပြောလိုတော့ပါဘူး"ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးက ပြောကြားသည်။

"သူနှုတ်ထွက်တယ်လို့တော့ ပြောတာ ကြားတယ်၊ ကျန်တာတော့ သိပ်မသိဘူး၊ ကျွန်တော်တို့က report တင်ရုံပဲ ရှိတယ်"ဟု NLD ပါတီ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဥာဏ်ဝင်းက ဆိုသည်။

ဦးမင်းမင်းဦး နုတ်ထွက်ပြီးဟု ကြေညာထားခြင်းကို တွေ့ရှိခဲ့ကြောင်း၊ ပြည်နယ် လွှတ်တော်သို့ တရားဝင် စာတင်လာခြင်း မရှိသေးကြောင်း သထုံမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်သူက ပြောကြားသည်။

Writtrn by- ဇော်ထိုက်
Myo Myint Aung

No comments:

Post a Comment