Thursday, February 23, 2017
တစ်ဝမ်းကွဲ အစ်ကိုက အသက်ရှစ်နှစ်အရွယ် ညီမကို အဓမ္မပြုကျင့်
၂၃..၂..၁၇
-
တစ်ဝမ်းကွဲအစ်ကိုဖြစ်သူက အသက်ရှစ်နှစ်အရွယ်ညီမဖြစ်သူကို သားမယား
အဖြစ် ပြုကျင့်မှု မန္တလေးတိုင်း၊ မလှိုင်မြို့နယ်မှာ အခုလ၂၁ရက်ဖြစ်ပွား
တယ်လို့ မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။
-
အဲသည်နေ့က မလှိုင်မြို့နယ်၊ သဲကျွန်းကျေးရွာရှိနေအိမ်တစ်အိမ်မှာ အသက်၃၃နှစ် အရွယ်ရှိအမျိုးသမီးနဲ့သူ့ရဲ့သမီးဖြစ်သူ အသက်နှစ်၈အရွယ်
နဲ့တူမဖြစ်သူတို့ အတူရှိနေချိန် တစ်ရွာတည်းနေ တူတော်စပ်သူ အသက်
၁၆နှစ်အရွယ်အမျိုးသားက အဲသည်နေအိမ်ကို ရောက်လာပါတယ်။
-
အသက်၃၃နှစ်အရွယ်အမျိုးသမီးက နေအိမ်အတွင်းရောက်လာတဲ့ တူ
တော်စပ်သူ အသက်၁၆နှစ်အရွယ်အမျိုးသားကို သူ့ရဲ့လက်ကိုင်ဖုန်းဟာ ဘတ္ထရီအားကုန်နေလို့ တူတော်စပ်သူရဲ့နေအိမ်က အားသွင်းကြိုးယူပေး
ဖို့ပြောပြီးစေလွှတ်ရာ အသက်၈နှစ်အရွယ် သမီးဖြစ်သူကိုပါ ခေါ်သွား
တာဖြစ်ပါတယ်။
-
ဖုန်းအားသွင်းကြိုးသွားယူပြီး ပြန်လာချိန်မှာ ဖုန်းအားသွင်းကြိုးပါမလာတာ
ကြောင့် အသက်၃၃နှစ်အရွယ်အမျိုးသမီးက မေးမြန်းရာ အသက်ရှစ်နှစ်
အရွယ်သမီးဖြစ်သူကလည်း မျက်နှာမကောင်းဖြစ်နေလို့ မေးမြန်းခဲ့ပါတယ်။
-
သမီးဖြစ်သူကိုမေးမြန်းရာ တူတော်စပ်သူဟာ ဖုန်းအားသွင်းကြိုးသွား
ယူဖို့ခေါ်ဆောင်သွားချိန် လမ်းမှာငွေကျပ်နှစ်ထောင်ပေးပြီး မုန့်ဝယ်ကျွေး မယ်ပြောဆိုကာ ရွာအနောက်မြောက်ဘက်ရှိ မိုးတွင်းရေကျချောင်းကို
ခေါ်ဆောင်ပြီး သားမယား အဖြစ်ပြုကျင့်ခဲ့တယ်လို့ သိရပါတယ်။
-
သားမယားအဖြစ်ပြုကျင့်တယ်ဆိုတဲ့အသက်၁၆နှစ်အရွယ်အမျိုးသားကို မလှိုင်မြို့မ ရဲစခန်းက (ပ)၃၈/၂၀၁၇၊ရာဇသတ်ကြီးပုဒ်မ ၃၇၆အရ အမှုဖွင့်ဖမ်းဆီးစစ်ဆေးဆောင်ရွက် နေပါတယ်။
=====
ကုမုဒြာ'''ကျော်သက်ထွေး
တစ်ဝမ်းကွဲ အစ်ကိုက အသက်ရှစ်နှစ်အရွယ် ညီမကို အဓမ္မပြုကျင့်
Reviewed by timeayeyar
on
1:59 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment