Latest News

Wednesday, February 1, 2017

ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၈၇၆၀၀၀ ကျော်အထိ ဆက်လက်မြင့်တက်

ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၈၇၆၀၀၀ ကျော်အထိ ဆက်လက်မြင့်တက်


ဖေဖော်ဝါရီ ၁ ရက်တွင် ကမ္ဘာ့ရွှေဈေးနှုန်းနှင့် ဒေါ်လာဈေး တက်ရိပ်ပြနေခြင်းကြောင့် ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၈၇၆၀၀၀  ကျော်သို့ ရောက်ရှိခဲ့ပြီး မွန်းလွဲပိုင်းတွင် ကျပ် ၈၇၅၀၀၀ ကျော်အထိ ပြန်လည်ကျဆင်းခဲ့ကြောင်း ဈေးကွက်အတွင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။

ဇန်န၀ါရီ ၃၀ ရက်တွင် ၁၁၈၉ ဒေါ်လာဝန်းကျင်ရှိသော ကမ္ဘာ့ရွှေဈေးနှုန်းသည် ဇန်န၀ါရီ ၃၁ ရက်တွင် ၁၂၁၄ ဒေါ်လာအထိ ရောက်ရှိခဲ့ပြီး ဖေဖော်ဝါရီ ၁ ရက် မွန်းလွဲ ၂ နာရီခွဲတွင် ၁၂၀၇ ဒေါ်လာအထိ ပြန်လည်ကျဆင်းခဲ့သော်လည်း ယခင်ရက်များနှင့် နှိုင်းယှဉ်ပါက ဈေးနှုန်း မြင့်တက်နေခြင်း ဖြစ်သည်။ ကမ္ဘာ့ရွှေဈေးသည် ၂၀၁၇ ခုနှစ် ဇန်န၀ါရီလဆန်းမှ စတင်ကာ ဈေးနှုန်းပြန်လည် မြင့်တက်လာပြီး ဇန်န၀ါရီ ၁၂ ရက်က စပြီး ၁၂၀၀ ဒေါ်လာအထိ ရောက်ရှိခဲ့သည်။ ဇန်န၀ါရီ ၁၇ ရက်တွင် ၁၂၁၇ ဒေါ်လာအထိ မြင့်တက်ခဲ့ပြီးနောက် ဇန်န၀ါရီ ၂၄ ရက်တွင် ၁၂၁၈ ဒေါ်လာအထိ ရောက်ရှိပြီး ဇန်န၀ါရီ  ၂၅ ရက်တွင် ၁၁၉၇ ဒေါ်လာ၊ ဇန်န၀ါရီ ၂၆ ရက်တွင် ၁၁၈၉ ဒေါ်လာ၊ ဇန်န၀ါရီ ၂၇ ရက်တွင် ၁၁၈၃ ဒေါ်လာအထိ ကျဆင်းခဲ့သည်။

ကမ္ဘာ့ရွှေဈေး မြင့်တက်မှုနှင့်အတူ ပြည်တွင်းရွှေဈေးနှုန်းသည် ကျပ် ၈၇၆၀၀၀ အထက်သို့ ပြန်လည်ရောက်ရှိလာခြင်း ဖြစ်သည်။  ပြည်တွင်းရွှေဈေးနှုန်းသည် ဇန်န၀ါရီ ၂၈ နှင့် ၂၉  ရက်တို့တွင် ကျပ် ၈၆၆၀၀၀ မှ ၈၆၇၅၀၀ ၀န်းကျင် ဖြစ်ပေါ်ခဲ့ပြီး ဇန်န၀ါရီ ၃၀ ရက် နံနက်ပိုင်းတွင် ၈၇၁၄၀၀ ၀န်းကျင်အထိ ရောက်ရှိခဲ့ကာ ဇန်န၀ါရီ ၃၁ ရက်တွင်  ကျပ် ၈၇၃၀၀၀ ကျော်အထိ ဆက်မြင့်ခဲ့သည်။

၂၀၁၆ ခုနှစ်အတွင်း ကမ္ဘာ့ရွှေဈေးမြင့်တက်မှုနှင့် နိုင်ငံခြားငွေလဲနှုန်း မြင့်တက်ခဲ့ခြင်းကြောင့် ပြည်တွင်းရွှေဈေးနှုန်းသည် အောက်တိုဘာ ၄ ရက်က ကျပ် ၉၀၀၂၀၀ အထိ မြင့်တက်ခဲ့ပြီး ဒီဇင်ဘာ ၂၂ ရက်နောက်ပိုင်း နိုင်ငံခြားငွေလဲနှုန်း ပြန်လည်ကျဆင်းမှုကြောင့် ရွှေဈေးပြန်ကျလာပြီး ဒီဇင်ဘာ ၂၄ ရက်တွင် ငါးလနီးပါး ကာလအတွင်း အနိမ့်ဆုံးနှုန်းအဖြစ် ကျပ် ၈၄၀၀၀၀ အောက် ပြန်ရောက်ခဲ့သည်။ ဒီဇင်ဘာ ၂၇ နောက်ပိုင်းမှ စတင်ကာ ကျပ် ၈၄၃၀၀၀ အထက် ပြန်ရောက်ခဲ့ပြီး ဇန်န၀ါရီ ၈ ရက်တွင် ကျပ် ၈၅၀၀၀၀ အထက်၊ ဇန်န၀ါရီ ၁၀ ရက်တွင် ကျပ် ၈၆၀၀၀၀ အထက်သို့ ပြန်ရောက်ခဲ့သည်။ ဇန်န၀ါရီ ၂၄ ရက်တွင် ကျပ် ၈၇၇၇၀၀ အထိ ရောက်ရှိခဲ့ပြီး  ဇန်န၀ါရီ ၂၇ ရက်တွင် ကျပ် ၈၆၁၈၀၀ အထိ ပြန်လည် ကျဆင်းခဲ့ကာ ဇန်န၀ါရီ ၃၀ ရက်မှ ဖေဖော်ဝါရီ ၁ ရက်အထိ ကျပ် ၈၇၀၀၀၀ အထက်တွင် တည်ရှိနေခြင်း ဖြစ်သည်။


Eleven Media Group

No comments:

Post a Comment