Latest News

Friday, February 3, 2017

နားပေါက် ကွင်း ရောက်နေတဲ့ မြွေ


အမေရိကန်ပြည်ထောင်စု အော်ရီဂွန်ပြည်နယ်က အမျိုးသမီး တယောက်ရဲ့ နားကွင်းပေါက်ထဲကို လူနဲ့ ယဉ်ပါးနေတဲ့ အိမ်မွေး စပါးကြီးမြွေ ဝင်သွားခဲ့ပါတယ်။ အဲဒါကြောင့် အက်ရှ်လေဂလော အမည်ရှိ အဆိုပါ အမျိုးသမီးငယ်ဟာ ဆေးရုံ အရေးပေါ်ရောက် သူနဲ့ သူ့မြွေ နှစ်ပါးသွား ဖြစ်စဉ်ကို ပုံနဲ့ တကွ ဖေ့စ်ဘွတ်ခ်တင်ခဲ့ရာမှာ အွန်လိုင်းတခွင် ပျံ့နှံ့ သွားခဲ့ပါတယ်။

အိမ်မှာ မွေးထားတဲ့ စပါးကြီးမြွေ ဘတ် ဟာ သူမရဲ့ သာမန်ထက် အဝကျယ်အောင် ဖောက်ထားတဲ့ နားပေါက်ထဲကို လျှောခနဲ ဝင်သွားပြီး မြွေဟာ ပြန်မထွက်နိုင်ဘဲ ညပ်နေခဲ့တာပါ။
ဖြစ်သွားတဲ့အဖြစ်ပျက်ဟာ  သိပ်မြန်လွန်းလို့ သူ ဘာမှ မလုပ်နိုင်ခဲ့ဘဲ့  သိသိချင်းမှာ မြွေက ဝင်ပြီး ပိတ်မိနေတာဖြစ်ပါတယ်။ ဒါပေမယ့် နောက်ဆုံး မှာအားလုံး အဆင်ပြေသွားခဲ့တယ်လို့ ဆိုပါတယ်။

ဆရာဝန်တွေက နားကို ထုံဆေးပေးပြီး အပေါက်ကို အနည်းငယ်ချဲ့ပေးကာ သခင်မရဲ့ နားပေါက်ထဲ အလည် သွားခဲ့တဲ့ မြွေကို ရှောရှောရှူရှူ ထုတ်လိုက်နိုင်ခဲ့ပါတယ်။
Ref vn
ဇက်အမ်အို(တိုင်းဧရာ) ဘာသာပြန်သည်

No comments:

Post a Comment