Latest News

Thursday, February 9, 2017

ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်ညောင်ချောင်းသာ အပန်းဖြေကမ်းခြေဖွင့်လှစ်

ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်ညောင်ချောင်းသာ

အပန်းဖြေကမ်းခြေဖွင့်လှစ်


ညောင်တုန်း ဖေဖော်ဝါရီ ၈

ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်း မြို့၏အနောက်ဘက် ရန်ကင်းစံရွာ ကျေးရွာ သဘာဝသဲသောင်မြေ (ညောင်ချောင်းသာကမ်းခြေ)ပေါ်တွင် ကရင်ရိုးရာဒုံးယိမ်းအကအဖွဲ့၊ ရိုးရာ ဆင်အကအဖွဲ့၊ မြန်မာဆိုင်းဝိုင်းကြီးများဖြင့် ပြည်ထောင်စုနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ညောင်ချောင်း သာအပန်းဖြေကမ်းခြေဖွင့်ပွဲ အခမ်းအနား ဖေဖော်ဝါရီ ၈ ရက် ညနေပိုင်း က အဆိုပါကမ်းခြေတွင် စည်ကားစွာ ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားသို့ တိုင်းဒေသကြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးအောင် ကျော်ခိုင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသွင်ကိုကိုမင်း နှင့်တာဝန်ရှိသူများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးသည်။ အဆိုပါ ညောင်ချောင်းသာအပန်းဖြေကမ်းခြေသည် သဘာဝသဲသောင်ပြန့်ပေါ်ထွန်း လျက်ရှိပြီး အပန်းဖြေသူဧည့်သည်များအား အနားယူအပန်းဖြေနိုင်ရန် ဘန်ဂလိုနှင့် သီးသန့်နားနေဆောင်များ၊ ရေပေါ်ဟိုတယ်နားနေဆောင်နှင့် ဆိုင်ခန်းပေါင်း ၆ဝ ကျော်ဖြင့် သက်သောင့်သက်သာကောင်းမွန်စွာ အနားယူနိုင်အောင် စနစ်တကျစီစဉ် ဆောက်လုပ်ပေးထားသည်။ ဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် အခမ်းအနားသို့ တက်ရောက်လာကြသောဧည့်သည် တော်များနှင့် လာရောက်လည်ပတ်ကြသော အပန်းဖြေသူများအား အမှတ်တရလက်ဆောင်ပစ္စည်း ပေးအပ်ကာ ဧည့်ခံကျွေးမွေးကြောင်း သိရသည်။

အဆိုပါညောင်ချောင်းသာကမ်းခြေသည် ရန်ကုန်မြို့မှ ၃၄ မိုင်သာကွာဝေး ပြီး အပန်းဖြေလည်ပတ်မည်ဆိုပါကလှိုင်သာယာ(ဒဂုံဧရာ)အဝေးပြေးဂိတ် ရန်ကုန်မြို့မှ တစ်နာရီအချိန်တိုအတွင်း နေ့ချင်းပြန်သွားလာနိုင်ကာ အကုန်အကျနည်းပြီး လာရောက်လည် ပတ်နိုင်သည့် အပန်းဖြေအနားယူစရာ နေရာတစ်ခုဖြစ်ကြောင်း သိရသည်။

ထွန်းကျော်(ညောင်တုန်း)ပြန်/ဆက်

No comments:

Post a Comment