Latest News

Saturday, February 11, 2017

စစ်တွေကုန်သည်စက်မှုအသင်းအတွင်းရေးမှူး ကိုအောင်အောင်နှင့် ဆက်သွယ်မေးမြန်းခြင်း

စစ်တွေကုန်သည်စက်မှုအသင်းအတွင်းရေးမှူး ကိုအောင်အောင်နှင့်

ဆက်သွယ်မေးမြန်းခြင်း

ရန်ကုန်၊ ဖေဖော်ဝါရီ ၇

ရခိုင်ပြည်နယ် မှာ စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းနဲ့ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းနှစ်ခုကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ကုန်သွယ်နေပါတယ်။ အဲသည်လိုလုပ်ဆောင်ရာ တစ်နှစ်ထက်တစ်နှစ် ကုန်သွယ်မှု အနေအထားက လျော့နည်းလာပါတယ်။

ဘာကြောင့် အဲသည်လို ကုန်သွယ်မှုတွေလျာ့နည်းလာတယ်၊ ကုန်သွယ်မှုအတွက် ဘာအဟန့်အတားတွေ ဖြစ်နေတယ်၊ လက်ရှိကုန်သွယ်မှုအခြေအနေက ဘယ်လိုရှိတယ်၊ ကုန်သွယ်မှုဖွံ့ဖြိုးလာဖို့ ဘာတွေလုပ်ဆောင်နေ တယ်ဆိုတာတွေကို ရခိုင်ပြည် နယ် စစ်တွေမြို့ ကုန်သည်နှင့် စက်မှုလုပ်ငန်းရှင်များအသင်းက အတွင်းရေးမှူး ကိုအောင်အောင်ကို တယ်လီဖုန်းနဲ့ ဆက်သွယ်မေး မြန်းထားပါတယ်။ တချို့ကို ကောက်နုတ်ဖော်ပြပါတယ်။


မော်ဒန် ။ ။ ရခိုင်ပြည်နယ် နယ်စပ် ကုန်သွယ်ရေးစခန်းနှစ်ခုကနေ တင်ပို့နေ၊ တင်သွင်းနေတဲ့ ကုန်ပစ္စည်းတွေကို သိချင်ပါတယ်။

ကိုအောင်အောင် ။ ။ လက်ရှိ သည် ဒေသကနေ တင်ပို့နေတဲ့ကုန်စည်တွေက ငါးစုံလေးခြောက်၊ ရန်ကုန်၊ မန္တလေး ကလာတဲ့ ဇီးယိုထုပ်၊ မန် ကျည်းစေ့၊ ကြိမ်၊ အုံတုံသစ် ခေါက်တွေပို့တယ်။ သည်ရာသီမှာ သည် ပစ္စည်းတွေပဲ တင်ပို့ပါတယ်။

ပြန်သွင်းကုန်အနေနဲ့ကတော့ သံရေတကောင်း၊ ပလတ်စတစ်ရေ တိုင်ကီ၊ ဈေးပေါပေါနဲ့ ရောင်းလို့ရ မယ့် ရေ၍ငေတ ထိထားတဲ့ တီရှပ် ထည်၊ ဆံပင်တွေ တင်သွင်းပါတယ်။ လူသားဆံပင်တွေကိုတော့ မူဆယ်ကနေ တရုတ်ပြည်ကို တင်ပို့ပါတယ်။

မော်ဒန် ။ ။ နယ်စပ်ကုန်သွယ်လုပ်ရတဲ့အခါ ဘာအခက်အခဲတွေရှိလဲ။

ကိုအောင်အောင် ။ ။ အခက်အခဲ ဆိုတာကိုပြောရရင် မူဝါဒကို ပြော ရမလား မသိဘူး။ ကျွန်တော်တို့ local မှာ ကုန်ထွက်တွေ သိပ်မရှိဘူး။ ကုန်ထွက်တွေမရှိတဲ့အခါ ကျတော့ ရန်ကုန်၊ မန္တလေးလို အဝေး က သယ်ပြီးတော့ ရောင်းချရတာ ပေါ့။ ဈေးကွက်ကို မယှဉ်နိုင်ဘူး ဖြစ်နေတယ်။ တစ်ဖက်နိုင်ငံမှာ တခြားနိုင်ငံက ဝင်တဲ့ ကုန်စည်တွေလည်းရှိမှာပေါ့။ ကျွန်တော်တို့ နယ်စပ်ဒေသလောက်မှာပဲ ရောင်းချရတဲ့အနေအထားမျိုးရှိတယ်။ စစ်တကောင်းဘက်တို့ မြို့ပြတွေကို တင်ရောင်းတဲ့ ကုန်စည်တွေကျတော့ တခြားနိုင်ငံက ကုန်စည်တွေနဲ့ယှဉ်ရင် ကျွန်တော်တို့ မယှဉ်နိုင်ဘူးဖြစ်နေတယ်။

ဥပမာ – ရေချိုငါးဆိုရင် ကျွန် တော်တို့ ရန်ကုန်ကနေပြီးတော့ စစ်တွေကိုရောက်တယ်။ စစ်တွေ ကနေပြီးတော့မှ နယ်စပ်ဆိပ်ကမ်း ကိုရောက်တာ။ နယ်စပ်ဆိပ်ကမ်းက နေပြီးတော့မှ စစ်တကောင်း၊ ဒါ ကာ အဲသည်တွေကို သွားပို့ရတာ။ ပို့ရတဲ့ အပိုင်းက ကျွန်တော်တို့အ ပိုင်းတော့မဟုတ်ဘူး။ အကုန်လုံးကို ခြုံပြီးတော့ ကြည့်လိုက်တဲ့အခါ ကျတော့ ခရီးအကွာအဝေး တအားဝေးလွန်းနေတယ်။ ဒေသထွက်ကုန်မရှိတော့တဲ့အခါကျ တော့ လတ်ဆတ်မှုတွေမရှိဘူး။ ခရီးစရိတ်တွေ မြင့်တက်တာပေါ့။ အကျိုးအမြတ်ပိုင်းမှာ ထိခိုက်မှုရှိတာပေါ့။ ဒါကလည်း အခက်အခဲတစ်ခုပါ။

ကျွန်တော်တို့ဒေသမှာ မထုတ်လုပ်နိုင်ဘူးလားဆိုတော့ လည်း ထုတ်လုပ်ရာမှာလည်း ထုတ်လုပ် စရိတ်ရှိတယ်။ Demand မရှိတော့ လည်း မထုတ်ရဲ ဘူး။Demand သေချာရင် တော့ ထုတ်မှာပေါ့။ ဥပမာ ပြောင်းဖူးဆိုပါတော့။ ပြောင်းဖူးစေ့ တစ်ပိဿာ မှ အညာ ဘက်တွေမှာ ကျပ် ၂၀ဝ၊ ၃၀ဝ လောက်ပဲရှိမယ်။ ကျွန်တော် တို့ဆီကို တင်လာလိုက်ရင် ကျပ် ၅၀ဝ၊ ၆၀ဝ ဖြစ်သွားပြီ။ စစ်တ ကောင်းဘက်အထိပို့မယ်ဆိုရင် ကျပ် ၁၀ဝ၀ လောက်အထိဖြစ်သွား ပြီ။ ကျွန်တော်တို့ဆီမှာ မစိုက်နိုင် ဘူး လားဆိုတော့ရတယ်။ ဒါပေမဲ့ တစ်ဖက်နိုင်ငံက နောက်နေ့မှာ ဝယ်ဖို့ဆိုတာက မသေချာဘူး။ တကယ်လို့သာ တစ်ဖက်နိုင်ငံက ဘယ်နှတန်ယူမယ်ဆိုတာကို နှစ်စဉ်သေချာတဲ့ ဟာမျိုးရမယ်ဆိုရင် ကျွန်တော်တို့ ဒေသကလည်း ထုတ်လုပ်လာမှာပါ။ မသေချာတဲ့ ထုတ်လုပ်မှုမျိုးကို လုပ်မယ်ဆိုရင် ပို့ကုန်ကိုလည်း ထိခိုက်ပါတယ်။

ကျွန်တော်တို့ ဒေသမှာက အ များဆုံးထုတ်တာက ဆန်စပါးပါ။ ဆန်စပါးက အများကြီးထွက်ပေမဲ့လည်း တင်ပို့ဖို့အတွက် အဆင် မပြေဘူး။ ဘင်္ဂလားဒေ့ရှ်ကို ပို့ လည်း အဆင်မပြေ ရန်ကုန်ကို တင်ပို့လည်း အဆင်မပြေဘူး။ ဈေးကွက်အရ မယှဉ်ပြိုင်နိုင်တာ၊ ကုန်ထုတ်လုပ်စရိတ်တွေလည်း သူများပြည်နယ်တွေ ထက်နည်း နည်းလောက်ဈေးကြီးနေတာမျိုး တွေ့ရတယ်။ ဘာလဲဆိုတော့ မြေ ဩဇာပေါ့။ ဧရာဝတီတိုင်းမှာ စပါး စိုက်တဲ့သူက ကျပ် ၁၅,ဝ၀ဝ လောက်နဲ့ သုံးနိုင်မယ်ဆိုရင် ကျွန်တော်တို့ဘက်မှာကျတော့ ခရီးစရိတ်တွေကြောင့် ဈေးက များ သွားပြီ။ သွင်းအားစုစရိတ်တွေ များလာတာပေါ့။ နောက် အလုပ် သမားတွေလည်း ရှားပါးလာ တယ်။ ကျွန်တော်တို့က ကုန်တင် ပို့ဖို့ အများကြီးလုပ်ချင်ပါတယ်။ ကိုယ့်မှာ ထုတ်ကုန်တွေမရှိတဲ့ အခါကျတော့ သူများနိုင်ငံကို တင်ပို့ရ တာ အခက်အခဲရှိပါတယ်။ ချင်းတက်ပေါ့။ ကျွန်တော်တို့ဆီမှာ စိုက်ရင်လည်း အဲသည်ကုန်စည်က မထွက်ဘူး။ တခြားနေရာက တင်ပို့ရတော့ ကုန်စည်တင်ပို့ စရိတ်များလာတာပေါ့။

မော်ဒန် ။ ။ တစ်ဖက်က ကုန်စည် တွေကို တင်သွင်းရတဲ့အခြေအနေကကော ဘယ်လိုရှိပါသလဲ။

ကိုအောင်အောင် ။ ။ ဟိုဘက်က ကုန်စည်တင်သွင်းရတာ အဆင် ပြေပါတယ်။ သူ့ဘက်မှာက ကျွန်တော်တို့နဲ့ မတူညီတဲ့ အချက်တွေ ရှိတယ်။ သူတို့ဘက်က သူတို့နိုင်ငံ ထုတ်ပို့ကုန်တွေဆိုရင် ဇီးရိုးတက်စ် ပုံစံ၊ ဘာမှမကောက်ဘူး။ ပို့တဲ့စနစ်တွေ တော့ရှိတယ်။ တတိယနိုင်ငံ လို့ ပြောလို့ရတဲ့ ဆော်ဒီက သွင်းတာ၊ တရုတ်က သွင်းတာတွေကို သူတို့နိုင်ငံက တင်ပို့ခွင့်မပေးဘူး။ နယ်စပ်ဂိတ်မှာတော့ အဲ သည်လို ရှိတယ်။ သူတို့နိုင်ငံ ရဲ့Overseas ဂိတ်တွေမှာတော့ မသိဘူး။ နယ်စပ်ဂိတ်မှာ တတိယ နိုင်ငံထုတ် ပစ္စည်းဖြစ်တဲ့အတွက် ပို့ခွင့်မပေးဘူး။ ကျွန်တော်တို့တင် ပို့ရင်လည်း ကျွန်တော်တို့နိုင်ငံ ထုတ်ပစ္စည်း မဟုတ်ဘဲ တခြား နိုင်ငံကထုတ်တဲ့ ပစ္စည်းတွေဆိုရင် တက်စ်တွေကို အဆမတန် ကောက်တဲ့ ပေါ်လစီချထား တယ်။ အရမ်းကြီးကျယ်တဲ့ ကန့်သတ်ချက်တော့ မဟုတ်ပါ ဘူး။ ကျွန်တော်တို့ local မှာတော့ တင်သွင်းနေတာက နည်းနည်းလေးတွေပါပဲ။ အများကြီး မတင်သွင်းနိုင်ပါဘူး။ ရခိုင်ပြည်နယ်စားသုံး မှုလောက်ပါပဲ။ ကျွန်တော်အခု ရေတိုင်ကီတွေကို လက်လီဈေးကွက်မှာ တင်သွင်းရောင်းချနေတယ်။ အဲသည်ပစ္စည်းတွေကို ရန်ကုန်ကို မတင်နိုင်ဘူး။ရန်ကုန်ကိုတင်မယ်ဆိုရင်လည်းမတင်နိုင်ဘူး။ စရိတ်စကနဲ့ ပစ္စည်းချင်းက မယှဉ်နိုင်ဘူး။

မော်ဒန် ။ ။ နယ်စပ်ဒေသ ကုန် စည်ရောင်းဝယ်မှုဖွံ့ဖြိုးလာဖို့ ဘာတွေလုပ်ဖို့ လိုအပ်နေလဲ။

ကိုအောင်အောင် ။ ။ ကျွန်တော်တို့ တွေလည်း တိုင်ပင်နေကြတာရှိ တယ်။ အဓိကကတော့ ထုတ်လုပ် မှုပိုင်း ခိုင်မာလာဖို့ လိုတယ်။ အဲ သည်ထုတ်လုပ်နိုင်မှုပိုင်းတွေကို ဈေးကွက်နဲ့ ချိတ်ဆက်ပေးနိုင်ဖို့လို နေတယ်။ ဘဏ်စနစ် ပိုမိုကောင်းမွန်လာဖို့၊ ဘင်္ဂလားဒေ့ရှ်ပို့ကုန် ဈေးကွက်ကို အခြေပြုတဲ့ ထုတ်ကုန်တွေထုတ်လုပ်နိုင်ဖို့က အရေး ကြီးတယ်လို့ ထင်တယ်။

အလုပ်အကိုင်အခွင့်အလမ်း လုပ်ကိုင်နိုင်ဖို့ကလည်း ခွဲခြားမှုတွေရှိနေတယ်ဆိုတဲ့ အမြင်တွေရှိနေကြတယ်။ အဲသည်လိုမျိုးတော့ မတွေ့ရပါဘူး။  အလုပ်ဖြစ်မြောက် ဖို့ကိုပဲ ဦးတည်ပြီးတော့ လုပ်နေ ကြတယ်။ နိုင်ငံတကာက ရင်းနှီး မြှုပ်နှံမှုတွေလာမယ်ဆိုရင် လူမျိုးရေး၊  ဘာသာရေးခွဲခြားမှုတွေရှိနေ တာဆိုရင် လာရောက်ရင်းနှီးမြှုပ်နှံမှာ မဟုတ်ဘူးလို့ ။ ပတ်ဝန်းကျင်မှာ ခြိမ်းခြောက်နေသလို ခံစားရတယ်။ တာဝန်ယူနိုင်လားဆိုတာ မျိုးလည်း အမေးခံရတယ်။ ကျွန် တော်တို့စီးပွားရေးတော့ လုပ်ချင်တာပေါ့။ အဲသည်လို တာဝန်ယူနိုင်လားဆိုတဲ့ကိစ္စမျိုးကျတော့ ကျွန်တော်တို့လည်း ပြောလို့မရ ဘူး။ သည်မှာက စနေစိတိညေ ဖြစ်တဲ့ ဧရိယာတွေများတယ်။ ရင်းနှီးမြှုပ်နှံမှုတွေ အများကြီးဝင်လာဖို့တော့ မျှော်လင့်ပါတယ်။ နိုင်ငံခြားက ရင်းနှီးမြှုပ်နှံမှုတွေဝင်လာမှပဲ ကျွန်တော်တို့ ပြည်နယ်ဖွံ့ဖြိုးတိုးတက် ဖို့ ထွက်ကုန်တွေတိုးနိုင်ဖို့ နိုင်ငံတ ကာဈေးကွက်ကို ထိုးဖောက်နိုင်ဖို့ ဆိုတာတွေ အများကြီးဖြစ်နိုင်ဖို့ မျှော်လင့်ထားတယ်။ ပြည်နယ် အ စိုးရအဖွဲ့ကလည်း ကုန်ထုတ်လုပ်မှုတွေကို ကွင်းဆင်းလေ့လာတာတွေလုပ်ပါတယ်။ငရုတ်ကောင်း စိုက်ခင်း၊မုန်ညင်းစိုက်ခင်းစတဲ့သီးနှံအမည်သစ်စိုက်ပျိုးနေတာတွေကို ပြည်နယ်ဝန်ကြီးချုပ်ကိုယ်တိုင်ကွင်းဆင်းနေပါတယ်။

မော်ဒန် ။ ။ စစ်တွေကုန်သည်နှင့် စက်မှုလုပ်ငန်းရှင်များအသင်းအ နေနဲ့ တစ်ဖက်နိုင်ငံက ကုန်သည်တွေ နဲ့ဆွေးနွေးဆောင်ရွက်နေမှု အခြေအနေက ဘယ်လိုရှိသလဲ။

ကိုအောင်အောင် ။ ။ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလအတွင်းက ကျွန် တော်တို့ တစ်ဖက်နိုင်ငံက ကုန်သည်တွေနဲ့ တွေ့ဆုံပြီး ဘာတွေလုပ်သင့်တယ်ဆိုတာကို ဆွေးနွေးနေပါတယ်။ သူတို့လည်း သည်ကို လာဖို့အတွက် ကမ်းလှမ်းထားပါတယ်။  အခုက ဒေသတွင်းအခြေအနေနဲ့ တည်ငြိမ်မှုကိုလည်း ကြည့်ရတယ်။ ပြီးတော့ နယ်စပ်က ဖြတ်လာမှာဖြစ်တဲ့အတွက် သူတို့ရဲ့ သွားလာရေးအခက်အခဲအတွက် အစိုးရအဖွဲ့ကို တင်ပြပြီး တော့ ဖိတ်ခေါ်ဖို့ ကြိုးစားနေပါ တယ်။

မော်ဒန် ။ ။ ရခိုင်ပြည်နယ် နယ်စပ်က ကုန်သွယ်မှုနှစ်အလိုက် အခြေအနေတွေကိုကြည့်ရင် လျော့နည်းလာတာကိုတေံ့ရတယ်။ ဒါ ကိုကော ဘယ်လိုသုံးသပ်ပါသလဲ။

ကိုအောင်အောင် ။ ။ လျော့နည်း လာတာကတော့ အရင်နှစ်တွေလောက် အရောင်းအဝယ် မကောင်းဘူး။ ဈေးမကိုက်တာတွေ ဖြစ်လာတယ်။ ဈေးမကိုက် တော့ ကျွန်တော်တို့ ပစ္စည်းတွေ မတင်ပို့နိုင်တော့ဘူး။  အရင်တုန်း က နယ်စပ်ကုန်သွယ်ရေးက လျာ ထားချက်ပေးလိုက်တယ်။အဲသည်အတိုင်း ကျွန်တော်တို့ မလုပ် နိုင်ဘူး။အဲသည်လိုမလုပ်နိုင်တာကလည်းconflict ဖြစ်သွားတဲ့ ပို့ကုန်ထုတ် လုပ်နိုင်မှုမရှိတာကြောင့်ကုန်သွယ်မှု လျော့နည်း လာတာဖြစ် တယ်။

မော်ဒန် ။ ။ အခုလိုဖြေကြားပေး တာ ကျေးဇူးတင်ပါတယ်။

Sources : မေစုကြည် ( ကုမုဒြာ )

No comments:

Post a Comment