Latest News

Thursday, February 2, 2017

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတနှင့်ဇနီးတို့ ကမ္ဘောဒီးယားနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်စတင်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတနှင့်ဇနီးတို့

ကမ္ဘောဒီးယားနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်စတင်


၃-၂-၂၀၁၇ ရက်နေ့ ၊ ဖနောင်ပင်မြို့

ကမ္ဘောဒီးယားနိုင်ငံဘုရင်မင်းမြတ် ပရယ်ဘတ် ဆမ်ဒက် ပရယ် ဘိုရိုနစ် နိုရိုဒွန် သီဟာမိုနီ၏ ဖိတ်ကြားချက် အရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့်ဇနီးတို့သည်  ကမ္ဘောဒီးယားနိုင်ငံသို့ ၃-၂-၂၀၁၇ ရက်နေ့မှ ၆-၂-၂၀၁၇ ရက်နေ့အထိ ချစ်ကြည်ရေးခရီး သွားရောက်မည်ဖြစ်ပါသည်။


နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် ယနေ့နံနက် ၈း၃၀နာရီတွင် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာပြီး ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒေသစံတော်ချိန်  ၁၁း၁၅ နာရီတွင် ဆိုက်ရောက်ခဲ့ပါသည်။

နိုင်ငံတော်သမ္မတနှင့် ဇနီးတို့အား ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နန်းတော်ရေးရာဝန်ကြီး၊ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးနှင့် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးတို့မှ ခရီးဦးကြိုဆိုခဲ့ကြောင်းသိရှိရပါသည်။

နိုင်ငံတော်သမ္မတနှင့်အတူ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် သမ္မတရုံးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ လိုက်ပါသွားကြပါသည်။

သတင်းဓာတ်ပုံ
မြန်မာသံရုံး၊ ဖနောင်ပင်မြို့

No comments:

Post a Comment