Latest News

Saturday, February 11, 2017

မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင် ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်ရရှိ

မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင် ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်ရရှိ


မန္တလေး၊ ဖေဖော်ဝါရီ ၉ – မန္တလေး တိုင်းအစိုးရအဖွဲ့ စည်ပင်သာယာ ရေးဝန်ကြီး မန္တလေးမြို့တော်စည် ပင်၊ မြို့တော်ဝန် ဒေါက်တာရဲလွင် ဟာ နည်းပညာတက္ကသိုလ် (မန္တလေး) က အပ်နှင်းချီးမြှင့်တဲ့ TUM Distinguished Honorary Member ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်ကို ရရှိပါတယ်။

“ဒေါက်တာရဲလွင်ဟာ အချိန် တိုအတွင်း မန္တလေးမြို့နေ ပြည်သူ တွေရဲ့ လူနေမှုဘဝဖွံ့ဖြိုးတိုးတက် စေဖို့ ၊ သန့်ရှင်းသာယာလှပစေဖို့၊ ယာဉ်ကြောကျပ်တည်းမှုနဲ့ ယာဉ်အန္တရာယ်ကင်းရှင်းစေဖို့၊ သောက်သုံးရေ လုံလောက်စွာ ရရှိဖို့၊ လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်စေဖို့အတွက် ရေတို၊ ရေရှည်စီမံ ကိန်းတွေ ချမှတ်ကာ မြန်မြန်ဆန် ဆန်အကောင်အထည်ဖော်ဆောင် ရွက်ခဲ့တာ၊ ပညာရေးလုပ်ငန်းတွေ ရှင်သန်ဖွံ့ဖြိုးစေဖို့နဲ့ အထောက်အကူပြုလုပ်ငန်းတွေကို ထင်ရှားပေါ် လွင်စွာ ဆောင်ရွက်နေသူတစ်ဦး ဖြစ်တာကြောင့် ဒီဆုကို ချီးမြှင့်အပ် နှင်းတာ ဖြစ်တယ်˘လို့ နည်းပညာ တက္ကသိုလ် (မန္တလေး) ရဲ့ တက္က သိုလ် ဖွံ့ဖြိုးရေးကော်မတီ၊ တက္ကသိုလ်ပညာရေး စီမံခန့်ခွဲရေးအဖွဲ့ ဥက္ကဋ္ဌပါမောက္ခချုပ် ဒေါက်တာဆင့်စိုးက ပြောပါတယ်။

ဒေါက်တာရဲလွင်ဟာ တက္ကသိုလ် ဖွံ့ဖြိုးရေးအတွက်နည်း ပညာ တက္ကသိုလ် (မန္တလေး) ရဲ့ လမ်းအ ဆင့်မြှင့်တင်တာ၊ အမှိုက် ကန်နဲ့ အ မှိုက်သိမ်းဆည်းမှု လုပ် ငန်းတွေ ထူထောင်ပေးတာ၊ ဝန်ထမ်းတွေအတွက် အိမ်ရာချထား ပေးတာ၊ ရတနာပုံ တက္ကသိုလ်ရေ ဘေး ကူညီ စောင့်ရှောက်မှုလုပ် ငန်းမှာ ပါဝင် ဆောင်ရွက်တာ၊ မြို့ တွင်းသွားလာရေးဆိုင်ရာ လုပ် ငန်းတွေအတွက် လမ်း၊ တံတား၊ ရေမြောင်းတွေ တည်ဆောက်ပေးတာ၊ ယာဉ် ကြောကျပ်တည်းမှုနဲ့ ယာဉ်အန္တရာယ် လျော့နည်းကျ ဆင်းရေးအတွက် ဘူတာကြီးအ ဝိုင်းနဲ့ ဈေးချို တော် လူကူးခုံးတံ တားကို ဖျက်သိမ်းပေးတာ၊ (၂၉ လမ်း၊ ၈၆ လမ်းနဲ့ ၈၉ လမ်းကြား) နဲ့ (၆၃ လမ်း၊ ၃၂ လမ်းနဲ့ ၃၅ လမ်း ကြား) ရှိ လမ်းကျူး ကျော်ဆိုင်တွေ ရှင်းလင်းကာ ကား လမ်းအကျယ် တိုးချဲ့ပေးတာ၊ ပြည် သူတွေ အန္တရာယ်ကင်းစွာ သွားလာနိုင်စေဖို့ လမ်းညွှန်ဆိုင်းဘုတ်တွေ တပ်ဆင် ပေးတာ၊ ဖြူနီမျဉ်းကြား စတာတွေ ရေးဆွဲပေးတာ၊ မီးပွိုင့်တွေမှာ အဆင့်မြင့် အချက်ပြ မီးပွိုင့်စနစ် SCAT တစ်ခုကနေ ၁၀ ခုအထိ တိုး ချဲ့တပ်ဆင်ပေးတာ၊ ကျုံးပတ် လည်မှာ LED မီးလုံးတွေ တပ်ဆင်ပေးတာ၊ ယာဉ်ကြောကျပ် တည်းမှုဖြေရှင်းဖို့ control room ကနေ စောင့်ကြည့်တာ၊ သွားလာရေး လွယ်ကူစေဖို့ BRT စနစ် အ ကောင်အထည်ဖော်ဆောင်ရ∑က် တာ၊ မန္တလေးမြို့တွင်းရှိ အဓိက မြောင်းမကြီးတွေ ရေစီးရေလာ ကောင်းမွန်စေဖို့ master plan ရေးဆွဲတာ၊ ရေဆိုးစနစ် သန့်ရှင်း ရေး၊ ရေစီးရေလာကောင်းမွန်ရေး နဲ့ ရေလွှမ်းမိုးမှုကာကွယ်ရေးအတွက် ရွှေတချောင်းရေဆိုးကို သီး ခြားခွဲပြီး စွန့်ပစ်တာ၊ ခြင်ပေါက်ပွား မှု လျော့နည်းစေဖို့ ကွန်ကရစ်ဖုံး တွေ ပြုလုပ်ပေးတာ၊ မြို့ရဲ့အဓိက ကျတဲ့ နေရာတေါမှာ မိလ္လာပိုက် လိုင်းစနစ် တည်ဆောက်ပေးတာ၊ အမှိုက်တန်ချိန် ၄၅၀ ကနေ ၈၅၀ အထိ ပိုမိုသိမ်းဆည်းနိုင်တာ၊ မီးဘေးသင့် မင်္ဂလာဈေးအစား ယာ ယီဈေး ဖွင့်လှစ်ပေးတာ၊ ကမ်းနားလမ်းမှာ အဆင်မပြေဘဲ ရောင်းချ နေရတဲ့ ဈေးသည်တွေ အဆင်ပြေ စေဖို့ ၄၁ လမ်း ကုန်စိမ်းဈေး (ည ဈေး) မှာ နေရာချထားပေးတာ၊ မြို့ နေပြည်သူ နေထိုင်ရေးအဆင်ပြေ စေဖို့ တန်ဖိုးနည်း၊ တန်ဖိုးမျှတနဲ့ အငှားအိမ်ရာတွေ ဆောက်လုပ် ပေးတာ၊ မြို့တော်စည်ပင်နယ်နိ မိတ်အတွင်း မြို့ပြဖိုင်ဘာကွန်ရက်စနစ် ပိုမိုကောင်းမွန်စေဖို့နဲ့ အခွန် ငွေ တိုးတက်ရရှိစေဖို့ မြေအောက် ဖိုင်ဘာကွန်ရက်တွေ ဆောင်ရွက် ပေးတာ၊ ဝန်ထမ်းတွေကို ပညာ တော်သင် စေလွှတ်တာ၊ လေ့လာ ရေးအတွေ့အကြုံတွေ ပြန်လည် မျှဝေပေးတာ စတဲ့ လုပ်ငန်းတွေကို ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ နည်းပညာတက္ကသိုလ် (မန္တလေး) ရဲ့ မှတ်တမ်းအရ သိရပါတယ်။

ဒေသတွင်း ဒါမှမဟုတ် အဖွဲ့ အစည်းတစ်ခုအတွင်း သိပံ၊ နည်းပညာနဲ့ အင်ဂျင်နီယာပညာရပ်ဆိုင် ရာတွေ ရှင်သန်ဖွံ့ဖြိုး တိုးတက်စေ ဖို့ မူဝါဒအရ ဖြစ်စေ၊ စီမံကိန်းနဲ့ ပရောဂျက်တွေ အကောင်အထည်ဖော် ဆောင်ရွက်သူတိုင်းဒေသ ကြီးအဆင့် လူပုဂ္ဂိုလ်ကို TUM Distinguished Honorary Member ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်ဆု၊ ကျပ်သိန်း ၅၀ဝ နဲ့ အထက် ရုပ် ဝတ္ထုပစ္စည်းနဲ့ ငွေကြေးထောက်ပံ့ ပေးတဲ့ လူပုဂ္ဂိုလ်သုံးဦးကို TUM Honorary Fellow  ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်၊ စုစုပေါင်း ဘွဲ့တံဆိပ်လေးခု ပေးအပ်ချီးမြှင့်ထားတယ်လို့ သိရပါတယ်။

သည်ဘွဲ့တံဆိပ် ပေးအပ်ချီးမြှင့်တဲ့ အခမ်းအနားကို ယနေ့ (ဖေ ဖော်ဝါရီ ၉) နေ့လယ်ပိုင်းက ကျင်းပ ပါတယ်။

Sources : အေးစုမွန်(ကုမုဒြာ)


No comments:

Post a Comment