Thursday, February 23, 2017
ခြေထောက်နဲဖယောင်းတိုင်မီးကို မီးထွန်းညှိနိုင်စွမ်းရှိသူ
မက္ကဆီကိုနိုင်ငံ ကအမျိုးသမီးတစ်ဦးဟာ မွေးတည်းက လက်နှစ်ဖက် မရှိပေမယ်လည်း သူမ ဟာ
ခြေထောက် နဲ့အရာရာတိုင်းကို လုပ်နိုင်စွမ်းရှိသူတစ်ဦးဖြစ်ပါတယ်။
အန်ဒရီရာ အိုင်ရီနီ ဆိုသူ ဟာ သူမမွေးနေ့မှာမွေးနေ့ဖယောင်းတိုင်တွေကိုခြေထောက်နဲ့ တစ်မိနစ်အတွင်းရအောင်မီးထွန်းညှိနိုင်ခဲ့တဲ့အပြင်မွေးနေ့ကိတ်ကိုလည်း ခြေထောက်မှာဓါးတပ်ပြီး ခွဲပြနိုင်ခဲ့တယ်လို့ သိရပါတယ်။
ခြေထောက်နဲ့ ဖယောင်းတိုင်မီး ကို ၁၁တိုင်ရအောင်ထွန်းညှီနိုင်ခဲ့တာဖြစ်ပြီးအရင် ရှိခဲ့ဖူး တဲ့ ဂင်းနစ်စံချိန်ကိုချိုးဖျက်နိုင်ခဲ့ပါတယ်။
အရင်က ခြေထောက်နဲ့ ဖယောင်းတိုင်ကိုမီးထွန်ညီရာမှာ ဖယောင်းတိုင် ၇ တိုင်သာတစ်မိနစ်အတွင်း
ထွန်းနိုင်ခဲ့ပါတယ်။
အန်ဒရီရာ ဟာမွေးရာပါလက်နှစ်ဖက်မရှိပေမယ့် ခြေထောက်ကိုအသုံးပြုပြီး စာရေးသားမှု တွေကို
လုပ်ဆောင်နိုင်တယ်လို့ သိရပါတယ်။
ref vn
ဇက်အမ်အို(တိုင်းဧရာ) ဘာသာပြန်သည်
ခြေထောက်နဲဖယောင်းတိုင်မီးကို မီးထွန်းညှိနိုင်စွမ်းရှိသူ
Reviewed by timeayeyar
on
6:35 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment