Latest News

Wednesday, February 1, 2017

ခေါင်မလုံသဖြင့် မိုးယို ဆိုရိုးကဲ့သို့ ခေါင်ဖြစ်သည့် တရားဥပဒေ စိုးမိုးရေးသည် အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြော

ခေါင်မလုံသဖြင့် မိုးယို ဆိုရိုးကဲ့သို့ ခေါင်ဖြစ်သည့် တရားဥပဒေ စိုးမိုးရေးသည် အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြော

ခေါင်မလုံသဖြင့် မိုးယို ဆိုရိုးစကား ကဲ့သို့ ခေါင်ဖြစ်သည့် တရားဥပဒေ စိုးမိုးရေးသည် အရေးကြီးကြောင်း နိုင်ငံတော်၏ အတိုင်ပင် ခံ ဒေါ်အောင်ဆန်းစုကြည် က ဇန်န၀ါရီ ၃၁ ရက်က နေပြည်တော် တွင် ပြုလုပ်သည့် တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေး ကာကွယ် စောင့်ရှောက်သည့် နည်းဥပဒေဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတွင် ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က “တရားဥပဒေ စိုးမိုးမှုရှိရန် အင်မတန် အရေးကြီးပါတယ်။ မိမိတို့တွင် ခေါင်မလုံ၍ မိုးယို ဆိုသည့် ဆိုးရိုး စကားအတိုင်း နိုင်ငံ၏ ခေါင်သည် တရားဥပဒေသာ ဖြစ်တယ်။ တရားသော ဥပဒေများ ဖြစ်ရန်လည်း လိုပါတယ်။ တရားမျှတသည့် ဥပဒေများရှိမှသာ မိမိတို့နိုင်ငံကို အကျိုးပြုနိုင်မည် ဖြစ်ပါတယ်။ တရားဥပဒေ စိုးမိုးရေးသည် အမိုး ဖြစ်သကဲ့သို့ အခြေခံအုတ်မြစ်လည်း ဖြစ်ပါတယ်။ မှန်ကန်သည့် ဥပဒေများ အပေါ်တွင် ခိုင်ခိုင်မာမာ ရပ်တည်ရမည် ဖြစ်တယ်” ဟု ပြောခဲ့သည်။

ခိုင်မာစွာ တည်ဆောက်ထားသည့် ဥပဒေများက ပြည်ထောင်စု ဆိုသည့် အဆောက်အအုံကို အပေါ်မှ ကာကွယ် စောင့်ရှောက် နိုင်မည်ဖြစ်ပြီး နည်းဥပဒေဆိုသည့် အဆောက်အအုံ နံရံများဖြင့် ပံ့ပိုးကူညီ ကာကွယ် ပေးနိုင်မည် ဖြစ်ကြောင်းဆိုသည်။

ဆွေးနွေးပွဲ တက်ရောက်လာသည့် တိုင်းရင်းသား ကိုယ်စားလှယ်များ အနေဖြင့် တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် နည်းဥပဒေကို ပဏာမ ဆွေးနွေးရာတွင် စိတ်သဘောထား ပွင့်လင်းစွာ ထားရှိရန် လိုအပ်ကြောင်း၊ အခြားသူများ တင်ပြသည့် အချက်များအပေါ် သဘောထားကြီးကြီး လက်ခံရန် လိုအပ်ကြောင်း နှင့် အမြင်သဘောထား အမျိုးမျိုးကို လေ့လာဆန်းစစ်ပြီး နည်းဥပဒေကို အကောင်းဆုံး ဖြစ်အောင် ဆောင်ရွက် ရန် ဒေါ်အောင်ဆန်းစုကြည် က တိုက်တွန်းထားသည်။

အဆိုပါ နည်းဥပဒေတွင် အခန်း ၁ အမည်နှင့်အဓိပ္ပါယ် ဖော်ပြချက်၊ အခန်း ၂ အခွင့်အရေး ကာကွယ် စောင့်ရှောက်ရေးနှင့် အငြင်းပွားမှု ဖြေရှင်းရေး ခုံသမာဓိ အဖွဲ့ ဖွဲ့စည်းခြင်း၊ အခန်း ၃  အခွင့်အရေး ကာကွယ် စောင့်ရှောက်ရေးနှင့် အငြင်းပွားမှု ဖြေရှင်းရေး ခုံသမာဓိ ကောင်စီ ဖွဲ့စည်းခြင်း၊ အခန်း ၄ အခွင့်အရေး ကာကွယ် စောင့်ရှောက်ခြင်း၊ အခန်း ၅ အငြင်းပွားမှုများအား ဖြေရှင်းခြင်း၊ အခန်း ၆ ဆုံးဖြတ်ချက် အတည်ဖြစ်ခြင်း၊ အခန်း ၇ တားမြစ်ချက်များ၊ အခန်း ၈ အရေးယူခြင်းနှင့် အခန်း ၉ အထွေထွေတို့ ပါရှိသည်။

စိုင်းဟန်
The Ladies News

No comments:

Post a Comment