Latest News

Wednesday, February 8, 2017

မလေးရှားမှာ ဝက်မွှေးစုတ်တံ ၂၀၀၀ ခန့် ရှာဖွေသိမ်းဆည်းရမိ

မလေးရှားမှာ ဝက်မွှေးစုတ်တံ ၂၀၀၀ ခန့် ရှာဖွေသိမ်းဆည်းရမိ

မွတ်ဆလင်အများစုနေထိုင်တဲ့ မလေးရှားနိုင်ငံမှာ ဝက်မွှေးနဲ့လုပ်ထားတဲ့ စုတ်တံတွေထောင်နဲ့ချီပြီး ရှာဖွေသိမ်းဆည်းရမိတယ်လို့ အာဏာပိုင်တွေကဒီနေ့ ပြောလိုက်ပါတယ်။

ဝက်နဲ့ခွေးကို မသန့်ရှင်းတဲ့သတ္တဝါတွေအဖြစ် မွတ်ဆလင်တွေက လက်ခံထားတဲ့အတွက် ဝက်နဲ့ခွေးကနေ ထုတ်လုပ်ထားတဲ့ပစ္စည်းတွေရောင်းချတာကို မလေးရှားနိုင်ငံမှာ တားမြစ်ပိတ်ပင်ထားပါတယ်။

အခုဖမ်းမိထားတဲ့ စုတ်တံတွေကို ဓါတ်ခွဲခန်းမှာစစ်ဆေးပြီး၊ ဝက်မွှေးနဲ့လုပ်ထားတာသေချာရင် ကုန်သည်ကိုအရေးယူမှာဖြစ်ပါတယ်။ မလေးရှားဥပဒေအရ ချိုးဖေါက်တဲ့သူဟာ ထောင်ဒဏ် ၃ နှစ် အထိချမှတ်ခံရနိုင်သလို၊ ငွေဒဏ်အဖြစ် အမေရိကန်ဒေါ်လာ ၂၂၅၀၀ ကျော် ပေးဆောင်ရမှာဖြစ်ပြီး၊ ဒဏ်နှစ်ရပ်လုံးလည်း ချမှတ်ခံရနိုင်ပါတယ်။

RFA

No comments:

Post a Comment