Latest News

Thursday, February 2, 2017

ရုပ်သံလိုင်း (၅) လိုင်းလုပ်ကိုင်လိုတဲ့ ကုမ္ပဏီတွေထဲက ကုမ္ပဏီ (၁၀) ခုပဏာမရွေးချယ်

ရုပ်သံလိုင်း (၅) လိုင်းလုပ်ကိုင်လိုတဲ့ ကုမ္ပဏီတွေထဲက ကုမ္ပဏီ (၁၀) ခုပဏာမရွေးချယ်

MRTV ရဲ့ Digital Free to Air ရုပ်သံလိုင်း (၅) ခုအတွက် ရုပ်သံလွှင့်လုပ်ငန်း လုပ်ကိုင်လိုတဲ့ ကုမ္ပဏီ ၄၂ ခုကနေ ပဏာမကုမ္ပဏီ (၁၀) ခုစာရင်းကို ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာပါတယ်။

EOI အောင်မြင်တဲ့ ကုမ္ပဏီ ၊ အဖွဲ့အစည်း (၄၂) ခုကနေ အဆိုပြုလွှာတင်ပြလာတဲ့ ကုမ္ပဏီ (၂၉) ခုကို စိစစ်ရွေးချယ်ပြီးနောက် ပဏာမကုမ္ပဏီ (၁၀) ခုစာရင်းကို ထုတ်ပြန်လိုက်တာလည်းဖြစ်ပါတယ်။

အဲဒီ ပဏာမကုမ္ပဏီ (၁၀) ခုမှာ Eleven Media Group Co,Ltd ၊ Mizzima Media Co,Ltd ၊ DVB Multimedia Group Co,Ltd နဲ့ Bo Bo Entertainment Myanmar Group Co,Ltd အစရှိတဲ့ကုမ္ပဏီတွေပါဝင်ပါတယ်။

အဲဒီကုမ္ပဏီတွေစာရင်းမှာ သတင်းမီဒီယာလုပ်ငန်းအတွေ့အကြုံရှိတဲ့ကုမ္ပဏီတွေအဖြစ် Eleven Media Group ၊ Mizzima Media နဲ့ DVB Multimedia Group တို့ပါဝင်လာတာကို တွေ့ရပါတယ်။

ပဏာမစိစစ်ထားတဲ့ ကုမ္ပဏီ (၁၀) ခု အနက်က နောက်ဆုံး (၅) ဦးကို ထပ်ဆင့်တွေ့ဆုံကာ အပြီးသတ်ရွေးချယ်သွားမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

5plus

No comments:

Post a Comment