Latest News

Tuesday, February 7, 2017

ဧရာဝတီတိုင်းဒေသကြီး၌ တစ်နှစ်အတွင်းရဲတပ်ဖွဲ့ဝင် ၇ဝကျော်အား စည်းကမ်းဥပဒေအရ အရေးယူခဲ့

ဧရာဝတီတိုင်းဒေသကြီး၌ တစ်နှစ်အတွင်းရဲတပ်ဖွဲ့ဝင် ၇ဝကျော်အား

စည်းကမ်းဥပဒေအရ အရေးယူခဲ့


ဓာတ်ပုံ - ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ဖောဘွတ်မှ

ဧရာဝတတီတိုင်းဒေသကြီး ၌ ၂ဝ၁၅ - ၂ဝ၁၆ခုနှစ် တစ်နှစ်တာအတွင်းရဲတပ်ဖွဲ့ဝင် ၇ဝကျော်အား ရဲစည်းကမ်းဥပဒေအရ အရေးယူ
ခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ထွန်းမင်းက ပြောဆိုသည်။

''ဖြုတ်တာရော၊ အရေးယူတာရော၊ထောင်ချပစ်တာရောဆို တစ်နှစ်ကို ၇ဝ၊ ၈ဝအနည်းဆုံးပဲ' ဟု ¤င်းက ပြောဆိုသည်။
တိုင်ကြားအဆိုပါ အရေးယူမှုများမှာ အလွဲသုံးစားမှု၊လာဘ်စားမှု၊ တရားဥပဒေနှင့် မညီသောအပြုအမူများနှင့် ပတ်သက်၍ ပြည်သူများ၏
တိုင်ကြားချက်များကြောင့် အရေးယူခြင်းဖြစ်သည်ဟု ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိရဲအရာရှိတစ်ဦးက ပြောဆိုသည်။

''အရေးယူတဲ့ နေရာမှာ ရဲစည်းကမ်း၊ဥပဒေရှိသလို ရဲလက်စွဲ ဥပဒေအရ တိတိကျကျလူသိရှင်ကြားအရေးယူသင့်ပါတယ်။
ဒီလိုမှ မဟုတ်ရင်တော့ ရဲတပ်ဖွဲ့ရဲ့ တိုးတက်မှုမှာ အနှောင့်အယှက်အဟန့်အတားဖြစ်မယ်'' ဟု တရားလွှတ်တော်ရှေ့နေ ဦးရော
ဘတ်စန်းအောင်က ပြောဆိုသည်။

ရဲတပ်ဖွဲ့ဝင်များ၏ အခြေအနေများကောင်းမွန်လာစေရန် အခြားသော ဝန်ထမ်းများထက် အသုံးအဆောင်ပစ္စည်းများ၊ လစာများကို ထိုက်သင့်သလို နိုင်ငံတော်က ဆောင်ရွက်ပေးသင့်ကြောင်း ဦးရောဘတ်စန်းအောင်က ဆက်လက်ပြောဆိုသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည် လုပ်ငန်းတာဝန်လေးရပ်ကို ထမ်းေ
ဆာင်နေပြီးရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေ (ရဲကျင့်ဝတ်)
၇ဝ ကို ပြဋ္ဌာန်းလိုက်နာရကာ ပြစ်မှုကျူးလွန်သည့် ရဲတပ်ဖွဲ့ဝင်များအား ၁၉၉၅ ခုနှစ်ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေနှင့်အညီအရေးယူလျက်ရှိသည်။

မျိုးမင်းပိုင် (မြစ်မခ)

The Myanmar Times

No comments:

Post a Comment