Latest News

Tuesday, February 14, 2017

ဧရာဝတီတိုင်း အတွင်းရှိ စားသောက်ဆိုင်၊ ဟိုတယ်နှင့် တည်းခိုခန်းများမှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ကုန်သွယ်လုပ်ငန်းခွန် ကျပ်သန်းပေါင်း ၈၀၀၀ ကျော် ရရှိပြီး ပျက်ကွက်မှုအတွက် ဒဏ်ရိုက်မှုများရှိဟု သိရ

ဧရာဝတီတိုင်း အတွင်းရှိ စားသောက်ဆိုင်၊ ဟိုတယ်နှင့် တည်းခိုခန်းများမှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ကုန်သွယ်လုပ်ငန်းခွန် ကျပ်သန်းပေါင်း ၈၀၀၀ ကျော် ရရှိပြီး ပျက်ကွက်မှုအတွက် ဒဏ်ရိုက်မှုများရှိဟု သိရ
Wednesday, February 15, 2017
ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ စားသောက်ဆိုင်၊ ဟိုတယ်နှင့် တည်းခိုခန်း များတွင် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်၌ ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံရရှိမှု ကျပ်သန်းပေါင်း ၈၀၉၁ ဒသမ ၉၉၈ ကျပ်သန်းအထိ ရရှိထားပြီး ပြေစာချလန် များတွင် အခွန်တံဆိပ်ခေါင်း အသုံးပြုရန် ပျက်ကွက်မှုအတွက် ဒဏ်ရိုက်ခဲ့ရ သည့် အမှုပေါင်း ငါးမှုအထိရှိပြီး ဒဏ်ကြေးငွေ ကျပ်သန်းပေါင်း ၁ ဒသမ ၂၀၄ ကျပ်သန်း ရရှိခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် လျှပ်စစ်၊ လမ်းပန်းနှင့် ဆက်သွယ်ရေးဝန်ကြီး၊ ယာယီစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းဌေးက ပြောကြားသည်။
စားသောက်ဆိုင်၊ ဟိုတယ်နှင့် တည်းခိုခန်းများတွင် ပြေစာစာအုပ်များ၌ ရိုက်နှိပ်ရန်အတွက် အခွန်အမှတ်တံဆိပ်များကို ကြိုတင်ငွေ ပေးသွင်းဖြန့်ဝေ ထားပြီး ဖြစ်ကြောင်း၊ ပြေစာများ၌ အခွန်အမှတ်တံဆိပ် ရိုက်နှိပ်ပေးခြင်း မရှိသည့် စားသောက်ဆိုင်၊ ဟိုတယ်နှင့် တည်းခိုခန်းများကို စစ်ဆေးအရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း၊ မြို့နယ်အလိုက် အခွန်စည်းကြပ် အဖွဲ့များ အခွန်နှင့်ပတ်သက်သည့် ဟောပြောပွဲများ အသိပညာ ဖြန့်ဝေပေးမှုများကို လည်း လုပ်ဆောင်ထားပြီးဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
“ဧရာဝတီတိုင်းဒေသကြီး အတွင်းမှာရှိတဲ့ မြို့နယ်များမှာ ပြေစာအမှတ်တံဆိပ် အသုံးမပြုတဲ့ စားသောက်ဆိုင်၊ ဟိုတယ်နှင့် တည်းခိုခန်းများအား ဥပဒေနှင့်အညီ ပျက်ကွက်မှုအတွက် ဒဏ်တပ်ရိုက်ခြင်းများ ဆောင်ရွက်လျက် ရှိပါတယ်။ ဧရာဝတီတိုင်းဒေသကြီးအတွင်း အဆိုပါ လုပ်ငန်းများအပေါ် ကုန်သွယ်လုပ်ငန်းခွန် ဥပဒေအရ ဒဏ်တပ်ရိုက်မှု အခြေအနေနဲ့ ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံရရှိမှု အခြေအနေအား ကြည့်မယ်ဆိုလို့ရှိရင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာ ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံရရှိမှုငွေမှာ ကျပ်သန်းပေါင်း ၈၀၉၁ ဒသမ ၉၉၈ ဖြစ်ပြီးတဲ့အခါမှာ ပျက်ကွက်မှုများအပေါ် ဒဏ်တပ်ရိုက်တဲ့အမှုဟာ ငါးမှုရှိပြီး ဒဏ်ငွေကောက်ခံရရှိမှုမှာ ကျပ်သန်း ၁ ဒသမ ၂၀၄ ဖြစ်ပါတယ်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင်လည်း ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံရရှိမှုဟာ ၃၁ ရက် ၁ လ ၂၀၁၇ ရက်နေ့အထိ ကျပ်သန်းပေါင်း ၃၇၆၅ ဒသမ ၂၈၇ ဖြစ်ပြီး ပျက်ကွက်မှုများအပေါ် ဒဏ်တပ်ရိုက်တဲ့အမှု ငါးမှုရှိပြီး ဒဏ်ငွေကောက်ခံ ရရှိမှုမှာ ကျပ်သန်း ၁ ဒသမ ၆၀၇ သန်း ဖြစ်ပါတယ်။ ဧရာဝတီတိုင်းဒေသကြီးတွင်လည်း ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံရငွေများနဲ့ အခွန်ငွေများမှာ သုံးလပတ်အလိုက် တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ လွှဲပြောင်း ပေးအပ်ခဲ့မှုမှာ ပထမသုံးလပတ်အတွက် ကျပ်သန်း ၄၆ ဒသမ ၂၉၉ ဖြစ်ပြီးတော့ ဒုတိယသုံးလပတ်အတွက် ကျပ်သန်း ၁၀၅ ဒသမ ၁၇၄ လွှဲပြောင်း ပေးသွင်းပြီး ဖြစ်ပါတယ်” ဟု ၀န်ကြီးဦးဝင်းဌေးက ပြောကြားသည်။
ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ စားသောက်ဆိုင်၊ ဟိုတယ်နှင့် တည်းခိုခန်းများတွင် ပြေစာများ၌ အခွန်တံဆိပ်ခေါင်းများ ရိုက်နှိပ်ရန် ညွှန်ကြားထားပြီး ဖြစ်သော်လည်း ပျက်ကွက်သည့် စားသောက်ဆိုင်၊ ဟိုတယ်နှင့် တည်းခိုခန်းများ များစွာရှိနေသေးပြီး စစ်ဆေး အရေးယူနိုင်ရန် လိုအပ်ချက်များ ၀န်ဆောင်မှု ရယူလိုသူများမှ အခွန်တံဆိပ်ခေါင်းအခအား ပေးအပ်လိုခြင်း မရှိခြင်းများကြောင့် လိုအပ်သည့် အခွန်ငွေများ ဆုံးရှုံးမှုများ ရှိနေဆဲဖြစ်ကြောင်း သိရသည်။
မင်းသူဝင်းထွဋ်
Eleven Media Group

No comments:

Post a Comment