Latest News

Thursday, February 16, 2017

အင်္ဂလိပ်၊ သင်္ချာ၊ စီးပွားရေးနဲ့ သိပံ္ဗဘာသာရပ် သင်ကြားနိုင်သူ အထက်တန်းပြ ရှားပါးနေ

အင်္ဂလိပ်၊ သင်္ချာ၊ စီးပွားရေးနဲ့ သိပံ္ဗဘာသာရပ် သင်ကြားနိုင်သူ

အထက်တန်းပြ ရှားပါးနေ

အထက် တန်းပြ ဆရာ ဆရာမမှာ အင်္ဂလိပ်၊ သင်္ချာ၊ စီးပွားရေးဘာသာရပ်နဲ့ သိပံဘာသာရပ်တွေမှာ သင်ကြားနိုင်သူအတော်လေးရှားနေတယ် လို့ ပညာရေးဝန်ကြီးက ဆိုပါ တယ်။

ပညာရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာမျိုး သိမ်းကြီးက အထက်တန်းပြဆရာ၊ ဆရာမတွေကိုပညာရေး ဝန်ကြီးဌာနအနေနဲ့ တွေ့နေရတာကတော့ အထက်တန်းပြဆရာ ဆရာမတော်တော်များများသည် အင်္ဂလိပ်စာ၊ သင်္ချာ၊ အီကို၊ သိပံဘာသာရပ်တွေမှာသင်နိုင်တဲ့သူတွေကတော့ တော်တော်လေးရှား နေပါတယ်” လို့ ယနေ့ကျင်းပတဲ့ အမျိုးသားလွှတ်တော်အစည်းအ ဝေးမှာ ပြောပါတယ်။

ဒါကြောင့်မို့ ဆရာ၊ ဆရာမတွေရဲ့ အရည်အသွေးမြင့်မားရေး၊ ဘာသာရပ်ကိုက်ညီသော ဆရာ၊ ဆရာမတွေကို ကျောင်းတွေမှာ အညီအမျှအတတ်နိုင်ဆုံး မျှတအောင်ခွဲဝေရေး၊ အရည်အသွေး မြင့်မားရေးကို စနစ်တကျ နဲ့ အကောင်အထည်ဖော်နေရပါ တယ်။

‘မြေပြင်မှာဖြစ်နေတဲ့ အခက် အခဲက အင်္ဂလိပ်၊ သင်္ချာ၊ စီးပွားရေးဘာသာရပ်၊ ရူပဗေဒ၊ ဓာတုဗေဒ ဘာသာရပ်တွေမှာ ဆရာဆရာမရဲ့ အထူးပြုဘာသာရပ်နဲ့ သင်နေတဲ့ဘာသာရပ်မကိုက်တာတွေလဲ အများကြီးရှိပါတယ်” လို့ ဝန်ကြီးက ဆိုပါတယ်။

သည်လိုအခက်အခဲတွေကို ဖြေရှင်းပေးနိုင်မှသာ တက္ကသိုလ်ဝင်တန်းအောင်ချက်လည်း မြင့်မားမှာ ဖြစ်ပါတယ်။

အထက်တန်းပြဆရာ ဆရာမတွေကိုလည်း သေသေချာချာလေး အရည်အသွေးပြည့်မီဖို့အတွက်ကို မွမ်းမံသင်တန်းတွေပေးပြီး ဆက်လက် စနစ်တကျဆောင်ရွက်သွားမယ်လို့လည်းသိရပါတယ်။ လိုအပ်ချက်ကြောင့် ခန့်အပ်လိုက်ပြီး အရည်အသွေး ပြည့်မီမှုမရှိရင်တော့ ကောင်းမွန်တဲ့ သင်ကြားမှုတွေရရှိဖို့ ဆက်လက်ခက်ခဲနေဦးမှာပါ။

နွေရာသီကာလမှာ ဆရာဆရာမတွေကို ဘာသာရပ်အလိုက် အရည်အသွေးမြင့်မားရေး သင်တန်းတွေပေးဖို့ လိုပါတယ်။ ဘာသာရပ်ကိုက်ညီစွာနဲ့ သင်ကြားသင်ယူနိုင်ဖို့ကိုတော့ အလေးထားပြီး အတတ်နိုင်ဆုံးစီစဉ် ဆောင်ရွက်ပေးမယ်လို့ ဝန်ကြီးကဆိုတယ်။

ပညာရေးဝန်ကြီးဌာနအနေနဲ့ ဖွဲ့စည်းပုံမှာ ဝန်ထမ်းအင်အားကို ၇၉၀,ဝ၀ဝ (ခုနစ်သိန်းကိုးသောင်း) ခန့်ထားခွင့်ရှိပါတယ်။ ဆရာ ဆရာ မနဲ့ စီမံအရာရှိ၊ အရာထမ်းတွေကို ၄၇၀,ဝ၀ဝ ခန့်ထားတော့ လစ်လပ်သမျှကိုတော့ ဝန်ကြီးဌာနအနေနဲ့ ခန့်ထား လို့မရဘဲ အရည်အချင်းတွေနဲ့ ကိုက်ညီမှသာ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

ချိုဇင်မာဝင့်

Kumudra

No comments:

Post a Comment