Latest News

Sunday, February 12, 2017

သရုပ်ဆောင်ဗေလုဝ ယာဉ်မတော်တဆမှုဖြစ်

သရုပ်ဆောင်ဗေလုဝ ယာဉ်မတော်တဆမှုဖြစ်



ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂

ဖားကန့်သို့ စာပေဟောပြောပွဲ သွားသည့်ရုပ်ရှင်သရုပ်ဆောင်ဗေလုဝ လိုက်ပါလာသည့် မော်တော်ယာဉ်သည် ယနေ့ (ဖေဖော်ဝါရီလ ၁၂ ရက်) မွန်းလွဲပိုင်းက လုံးခင်းကျေးရွာအနီးတွင် ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ကြောင်း ၈၈မျိုးဆက် ပွင့်လင်း လူ့အဖွဲ့အစည်းထံမှ သိရသည်။

အဆိုပါ ယာဉ်မတော်တဆမှုကြောင့် ရုပ်ရှင်သရုပ်ဆောင်ဗေလုဝ ထိခိုက်ဒဏ်ရာ မပြင်းထန်သော်လည်း ယာဉ်မောင်းအနေနှင့် ထိခိုက်မှုများသောကြောင့် ဆေးရုံတင်ထားရကြောင်း ၈၈မျိုးဆက် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးမာကီးက ပြောကြားသည်။

အဆိုပါ ယာဉ်မတော်တဆမှုတွင် ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သည့် ဦးကိုကိုကြီး ပါဝင်သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ဦးကိုကိုကြီးသည် ဖားကန့်မြို့နယ် ဝေခါဒေသသို့ရောက်ရှိနေပြီး နှစ် ၇၀ ပြည့် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ဒေသခံများအား ဟောပြောနေပြီဖြစ်ကြောင်း ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ယင်းနေ့ ည ၈ နာရီအချိန်က ဖော်ပြခဲ့သည်။

ဒေသခံပြည်သူလူထုကို စာပေအသိဘဝ ဖြတ်သန်းမှု အတွေ့အကြုံများကို ဟောပြောမျှဝေပေးခဲ့ကြောင်းလည်း ဦးကိုကိုကြီးက ဖော်ပြခဲ့သေးသည်။

“ဦးကိုကိုကြီး ကား မမှောက်ပါဘူး။ အခု ဖားကန့် ဝေခါကျေးရွာမှာ ဟောနေပါတယ်။ ကိုဗေကြီး(ဗေလုဝ) ကားဖြစ်တာပါ။ ကြီးကြီးမားမား ထိခိုက်ခြင်းမရှိပါဘူး”ဟု ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သည့် ဦးမြအေးက အတည်ပြု ပြောဆိုသည်။

နှစ် ၇၀ ပြည့် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာပေဟောပြောပွဲတွင် ဦးကိုကိုကြီး ဟောပြောပြီးပါက ရုပ်ရှင်သရုပ်ဆောင်ဗေလုဝ ဆက်လက် ဟောပြောမည်ဖြစ်သည်။

Sources : The Voice

No comments:

Post a Comment