Latest News

Monday, February 27, 2017

တန် ၃၀၀ ကျော် အလေးချိန်ရှိတဲ့ ကမ္ဘာ့အကြီးဆုံးလေယာဉ်

တန် ၃၀၀ ကျော် အလေးချိန်ရှိတဲ့ ကမ္ဘာ့အကြီးဆုံးလေယာဉ်
   
ကမ္ဘာပေါ်မှာ တစ်စီးသာတည်ဆောက်ခဲ့ပြီး လက်ရှိအချိန်မှာ အင်္ဂလန်နိုင်ငံသို့ ပြေးဆွဲနေတဲ့ Antonov An-225 Mriya အမျိုးအစား ကုန်တင်လေယာဉ်ကြီးကို ၁၉၈၈ မှာ တည်ဆောက်ပြီးစီးခဲ့ပြီး ဆိုဗီယက်ပြည်ထောင်စု လွန်းပျံယာဉ်များကို သယ်ဆောင်ဖို့အတွက် ယူကရိန်းလေကြောင်းလိုင်း  Antonov Airlines က တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။Antonov An-225  ကိုအစပထမပိုင်းမှာ ဆိုဗီယက် စစ်ဘက်ဆိုင်ရာသယ်ယူပို့ဆောင်ပေးခဲ့ပြီး ၈ နှစ်ကြာချောင်ထိုးထားခံခဲ့ရာမှာ လက်ရှိအချိန်မှာ ကုန်စည်ပစ္စည်း သယ်ယူပို့ဆောင်ရေးအတွက် ပြန်လည်ပြေးဆွဲနေတာ ဖြစ်ပါတယ်။

Mriya ဆိုတာဟာ ယူကရိန်း ဘာသာအားဖြင့် ” အိပ်မက် ” လို့အဓိပ္ပါယ်ရပါတယ်။ Antonov An-225 Mriya ကို တာဘိုအင်ဂျင် ၆ လုံးနဲ့ တည်ဆောက်ထားတာ ဖြစ်ပြီး  အရှည်  ၂၇၅ ပေနဲ့ တောင်ပံအလျားက ၂၉၀ ပေရှိပါတယ်။Antonov An-225 ဟာ ကုန်ပစ္စည်းအလေးချိန် တန် ၂၅၀ ခန့်တင်ဆောင်နိုင်ပြီး လေယာဉ်ရဲ့ ကိုယ်ထည်အလေးချိန် ကတော့ တန် ၃၁၅ တန်ရှိပါတယ်။ပြီးခဲ့တဲ့ လကတည်းက Antonov  လေကြောင်းလိုင်းဟာ အင်္ဂလန်နိုင်ငံမှာ ရုံးဖွင့်ခဲ့ပြီး An-124  နဲ့ အင်္ဂလန်ထုတ် ရဟတ်ယာဉ်တွေကို သယ်ယူပို့ဆောင်မှု စတင်ခဲ့ပါတ်။

Antonov  လေကြောင်းလိုင်းမှာ ကုန်စည် တန် ၁၅၀ တင်ဆောင်နိုင်တဲ့  An-124 လေယာဉ် ၇ စီးရှိပြီး မီးရထားစက်ခေါင်းများ၊ရဟတ်ယာဉ်များ၊ရွက်လှေများကို သယ်ယူပို့ဆောင်ပေးနေတာ ဖြစ်ပါတယ်။တစ်စီးတည်းရှိတဲ့ An-225 လေယာဉ်ကတော့ အင်္ဂလန်နိုင်ငံ မန်ချက်စတာမြို့၊ဒွန်ကတ်စတာ ရှက်ဖီလ်းမြို့တို့ကို ခရီးစဉ် ၁၁ ခေါက်ပြေးဆွဲခဲ့ပြီးဖြစ်ပါတယ်။An-225 မှာ လေယာဉ်လုပ်သား ၆ ယောက်ပါဝင်ပြီး An-225 ဟာတစ်နာရီ ၅၂၈ မိုင်နူန်းနဲ့ ပျံသန်းနိုင်တဲ့ လေယာဉ်ဖြစ်ပါတယ်။

Arkar Hein (Shwemom)

Ref : The Sun

   

No comments:

Post a Comment