Latest News

Thursday, February 9, 2017

မက္ကဆီကို နိုင်ငံမှာ ကားကုမ္ပဏီ အကောင်ထည်ဖော်တည်ဆောက်မည့် ဂျပန်

မက္ကဆီကို နိုင်ငံမှာ ကားကုမ္ပဏီ အကောင်ထည်ဖော်တည်ဆောက်မည့် ဂျပန်

ဂျပန်နိုင်ငံက ကမ္ဘာကျော် နစ်ဆန်း မော်တော်ကား ကုမ္ပဏီကြီးက မက်ဆီကို နိုင်ငံမှာ မော်တော်ကားစက်ရုံသစ်ကြီးတရုံ  တည်ဆောက်မယ့် အစီအစဉ်ကို မဖျက်ဘဲ ဆက်ြ့ပီး အကောင်အထည်ဖေါ် သွားမယ်လို့  ကြေညာလိုက်ပါတယ်။
         
ဂျပန် တိုယိုတာ ကားကုမ္ပဏီက  မက်ဆီကိုမှာ မော်တော်ကား စက်ရုံတည်ဆောက်ပြီး အမေရိကန်နိုင်ငံထဲကို ကားတွေ တင်သွင်းရောင်းချနေတဲ့ကိစ္စကို သမ္မတ ဒေါ်နယ်လ် ထရန့်က   ပြင်းပြင်းထန်ထန် ဝေဘန်ထားတဲ့အတွက်  လုပ်ငန်းရှင်တွေက နစ်ဆန်းကားကုမ္ပဏီ စီမံကိန်း ဖြစ်ပါ့တော့မလားလို့  စောစောပိုင်းက စိတ်ပူနေကြတာပါ။
         
နစ်ဆန်း   ကားကုမ္ပဏီဟာ  မက်ဆီကို နိုင်ငံမှာ ကားစက်ရုံ အများအပြားရှိနေပြီး တနှစ်ကို ကားစင်းရေ ၈-သိန်း ထုတ်လုပ်တင်ပို့နေတဲ့ ကုမ္ပဏီဖြစ်ပါတယ်။
         
Nissan နဲ့  ဂျာမဏီနိုင်ငံ  Daimler   ကုမ္ပဏီတို့က မက်ဆီကို နိုင်ငံမှာ အမေရိကန် ဒေါ်လာ တစ်ဘီလီယံ ရင်းနှီးပြီး ဖက်စပ်  ကားထုတ်လုပ်ရေး အစီအစဉ်နဲ့   Mercedes  နဲ့  Infinity ကားတွေ ထုတ်လုပ်သွား ဖို့ ရှိတယ်လို့လဲ သိရပါတယ်။
RFA

No comments:

Post a Comment