Latest News

Saturday, February 4, 2017

ငြိမ်းချမ်းရေးကဗျာရွတ်ဆိုပွဲ ညောင်တုန်းတွင်ပြုလုပ်

ငြိမ်းချမ်းရေးကဗျာရွတ်ဆိုပွဲ ညောင်တုန်းတွင်ပြုလုပ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၄။

ငြိမ်းချမ်းရေးအတွက် လူထုလှုပ်ရှားမှုတစ်ခုကို ယနေ့နံနက်တွင် ညောင်တုန်းမြို့၌ ပြုလုပ်ခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ယနေ့ ဖေဖော်ဝါရီလ ၄ရက်နေ့ နံနက် ၈း၃၀နာရီခန့်၌ ညောင်တုန်းမြို့မဈေးနှင့် မြို့ထဲတွင် ငြိမ်းချမ်းရေးကဗျာများ ဖြန့်ဝေခဲ့ကြကြောင်း၊ နံနက် ၁၀း၁၅ နာရီ၌ ညောင်တုန်းမြို့ ဗိုလ်ချုပ်ကြေးရုပ်ရှေ့တွင် ငြိမ်းချမ်းရေးကဗျာများ ရွတ်ဆိုခဲ့ကြကြောင်း ဦးဆောင်ပါဝင်သူတစ်ဦးဖြစ်သည့် ဦးတင်ဌေးက ပြောကြားသည်။

" အခုလို လုပ်ဖြစ်သွားတဲ့အကြောင်းက ဒီမြို့ကလူတွေကို ပြည်တွင်းစစ်ရဲ့ အရေးကြီးပုံကို သိစေချင်လို့ပါ။ အခြားနေရာမှာ စစ်ဖြစ်နေတာကို ကိုယ်နဲ့မဆိုင်သလို နေလို့မရပါဘူး။ ကင်ဆာလို ပွားလာတတ်တယ်ဆိုတာကို သိစေချင်လို့်ပါ"ဟု ဦးတင်ဌေးက ဆိုသည်။

မောင်ဆောင်းခ

No comments:

Post a Comment