Latest News

Thursday, February 16, 2017

ထရမ့်က သတင်းစာရှင်းလင်းပွဲ ခေါ်ယူပြီး မီဒီယာတွေကို ပြစ်ပြစ်နှစ်နှစ်ဝေဖန်

ထရမ့်က သတင်းစာရှင်းလင်းပွဲ ခေါ်ယူပြီး မီဒီယာတွေကို ပြစ်ပြစ်နှစ်နှစ်ဝေဖန်



အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ပွဲဆူတဲ့ သတင်းစာရှင်းလင်းပွဲကို ဖေဖော်ဝါရီ ၁၅ ရက်က ခေါ်ယူကျင်းပလိုက်ပါတယ်။

၇၅ မိနစ်ခန့်ကြာတဲ့ ခုသတင်းစာရှင်းလင်းပွဲမှာ ဒေါ်နယ်ထရမ့်က မီဒီယာတွေကို ပယ်ပယ်နယ်နယ် ဝေဖန်ပါတယ်။ ၎င်းတို့အစိုးရ လုပ်ဆောင်မှုတွေကို မရိုးမဖြောင့်၊ အမုန်းစိတ်အပြည့်နဲ့ ဖော်ပြနေတယ်လို့ ထိုးနှက်ပါတယ်။

အိမ်ဖြူတော်က အသေးစိတ် ချိန်ညှိယန္တရားလို လည်ပတ်နေတာဖြစ်ကြောင်း၊ အစိုးရထံကနေ သတင်းပေါက်ကြားမှုတွေ ရှိတာအမှန်ပေမယ့် ဒါကို မီဒီယာတွေက ဖော်ပြရင် အလိမ်အညာသတင်းတွေပဲ ဖြစ်နေကြောင်း ထရမ့်က ပြောပါတယ်။

“ကျွန်တော် တီဗီဖွင့်လိုက်တယ်။ သတင်းစာ ကောက်ယူလိုက်တယ်။ ဒီမှာ ကျွန်တော် မြင့်တာတော့ ပရမ်းပတာတွေပါပဲ။ တကယ့်ကို ပရမ်းပတာတွေပါ။ ဒါပေမယ့် အဲဒီပရမ်းပတာတွေက အလွန်ကို ဆန့်ကျင်ဖက်တွေကို ဖော်ပြနေတာပါ။”လို့ ထရမ့်က ဆိုပါတယ်။

သတင်းထောက်တစ်ဦးရဲ့ မေးခွန်းကို တုံ့ပြန်ဖြေကြားရာမှာတော့ ခုအစိုးရက အသေးစိတ်ချိန်ညှိယန္တရားလို လည်ပတ်နေတာဖြစ်တယ်လို့ ထရမ့်က ဖြေပါတယ်။

ခုသတင်းစာ ရှင်းလင်းပွဲဟာ ထရမ့် သမ္မတအဖြစ် ကျမ်းသစ္စာဆိုပြီးနောက်ပိုင်း လေးကြိမ်မြောက်ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲလည်း ဖြစ်ပါတယ်။



Mizzima - News in Burmese

No comments:

Post a Comment

Blog Archive

Tags

Accident Ad Agriculture Article Astrology Aung San Suu Kyi Bagan Beauty Bogale Book Car Cartoon celebs Crime Crony Daily Popular Danubyu Dedaye Dhamma Dr Hla Myat Thway Education ELection Entertainment Environment Foreign Affairs General General Aung San General Knowledge Gossip Gov Health Herbal Hinthada History Hluttaw Ingapu Interview Job Kangyidaunt kyaik Lat Kyangin Kyaunggon Kyonpyaw Latputta Laymyethna Lemyethna Letter Ma Shwe Moe Mahn Johnny Maubin Mawlamyinegyun Media MMP MMP 1 money Myan Aung Myanmar Idol Myaungmya Myo Min Paing News Ngapudaw Ngathaingchaung NLD Nyaung Tone Opinion Pagoda Pantanaw Party Pathein People Photo Places Poem Police Politic Political Prisoner Popular Project Pyapon Quote School Bus Song Speech Sport Sports Student SYW SYW 1 Technology Thabaung Time Ayeyar Tourism Travel U Ba Hein U Ko Ni U Kyaw Myint U Win Htay USDP Video Wakhama Weather World News Yekyi Zalun စိတ်အဟာရ ရသစာများ စိုက်ပျိုးရေး ထူးဆန်းထွေလာ ဒီရေတော နာရေး ဗဒေငျ မဘသ မုံရွာ လယ်သိမ်းမြေသိမ်း လူပုဂ္ဂိုလ်များ လူပျောက်ကြော်ငြာ အရှင်သုစိတ္တ (မော်ကျွန်း) အရှင်သုစိတ္တ (မော်ကျွန်း) ဆရာတော် အထွေထွေ ဝေဖန်ရေး ထွေအုပ် ​မော်​တင်​စွန်း နိုင်ငံရေးအကျဉ်းသား

Labels

Recent Post