ဇင်းမယ်နဲ့ ပုဂံ တိုက်ရိုက်လေကြောင်း ပြေးဆွဲဖို့ ထိုင်းနိုင်ငံ ဒုတိယ
ဝန်ကြီးချုပ် ကမ်းလှမ်း
မန္တလေး၊ ဖေဖော်ဝါရီ ၅
ပုဂံနဲ့ ထိုင်းနိုင်ငံ ဇင်းမယ်ကိုတိုက်ရိုက်လေကြောင်းလိုင်းပြေးဆွဲဖို့ ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ် H.E. Dr. Somkid Jatusripitak က မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ကို ကမ်းလှမ်း ခဲ့တယ်လို့ ညောင်ဦးမြို့နယ် မဲဆန္ဒနယ် အ မှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ခိုင်က ပြောပါတယ်။
အခုလ ၄ ရက်က ပုဂံရှိ Amazing Bangan Hotel မင်းကျန်စစ်ခန်းမမှာ ပုဂံဒေသနဲ့ဆက်နွှယ်ပြီး နှစ်နိုင်ငံ ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးအတွက်တွေ့ဆုံဆွေးနွေးပွဲမှာ ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ်က အခုလိုကမ်းလှမ်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဦးဝင်းမြင့်ခိုင်က ပုဂံနဲ့ဇင်းမယ်ကို တိုက်ရိုက်လေကြောင်းလိုင်း စီစဉ်နိုင်ဖို့ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်ကပြောတယ်၊ မန္တလေး တိုင်းဝန်ကြီးချုပ်က တံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ်ရှိတယ်လို့ ပြောပါတယ်လို့ ပြောပါတယ်။
ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် H.E. Dr. Somkid Jatusripitak က ပုဂံဒေသမှာ နိုင်ငံတကာခရီးသွားဝင်ရောက်မှုမြင့်တက်လာဖို့ ကူညီဆောင်ရွက်ပေးဖို့လည်း ပြောကြားခဲ့တယ်လို့သိရပါတယ်။
အိမို့မို့ခိုင် (ကုမုဒြာ)
Tuesday, February 7, 2017
Subscribe to:
Post Comments (Atom)
No comments:
Post a Comment