Latest News

Monday, February 6, 2017

ပါကစ္စတန်နိုင်ငံ အာဖန်ဂန်နစ္စတန် သံတမန်တစ်ဦး ပစ်သတ်ခံရ


ပါကစ္စတန်နိုင်ငံ ကရာချီ မြို့တောင်ပိုင်း ပါကစ္စတန် နိုင်ငံဆိုင်ရာအာဖန်ဂန် နိုင်ငံ အတိုင်ပင်ခံရုံးမှာ အာဖန်ဂန်နစ္စတန် သံအမတ်ကြီးကို လုံခြုံရေး တပ်ဖွဲဝင်တစ်ဦးက ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။
တတိယမြောက်သံအမတ်ကြီး မိုဟာမက်ဒ် ဇာကီ ဟာ တိုက်ခိုက်ခံရပြီးနောက် ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တယ်လို့ အတိုင်ပင်ခံရုံး တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

 သံတမန်ကို ပစ်သတ်ခဲ့သူမှာ သူရဲ့ ကိုယ်ပိုင် ကိုယ်ရံတော်ဖြစ်တယ်လို့ ပါကစ္စတန်ရဲတပ်ဖွဲ့ ကပြောပါတယ်။ ပါကစ္စတန်နိုင်ငံ အာဖန်ဂန်နစ္စတန် သံအမတ်ကြီး အိုမာ ဇာကီဝေါက  သံတမန်တစ်ဦး သေနတ်နဲပစ်ခံရမှု မှန်ကန်တယ်လို့အတည်ပြုပြောခဲ့ပါတယ်။

တာဝန်ရှိသူတစ်ဦးက “ အလုပ်လုပ်နေချိန်မှာ သေနတ်ပစ်သံ ကြားရတယ်။ လူတွေ ဟာအလုယက်ထွက်ပြေးနေတာကို တွေခဲ့ရတယ်။ သံတမန်ကို လုံခြုံရေး တပ်ဖွဲဝင်က ပစ်သတ်ခဲ့တာဖြစ်တယ်။ “လို့ပြောပါတယ်။
အခုပစ်သတ်မှု ဟာ ရာဇာဝတ်မှုဆိုင်ရာ အက်ဥပဒေ နဲ့ အငြင်းပွားရာမှတဆင့် သံတမန်ကို လုပ်ကြံခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အခုအချိန်မှာ ကလစ်တန်ဒေသ ရှိ အတိုင်ပင်ခံရုံးနားတစ်ဝိုက်မှာ ရဲတွေ နဲ့ ပြည်သူစစ်အဖွဲ့ဝင်တွေ ဖြန့်ချထားတယ်လို့ သိရပါတယ်။
ပါကစ္စတန်နိုင်ငံ ကရာချီ မြို့မှာ ကူးသန်းရောင်းဝယ်ရေးအတွက်လူစည်းကားရာမြို့ဖြစ်ပြီး အကြမ်းဖက်မှုတွေမကြာခဏ ဖြစ်တဲ့မြို့ ဖြစ်သလို နိုင်ငံခြား သံတမန်ရုံးတွေအခြေစိုက်ရာမြို့ဖြစ်ပါတယ်။
Ref bbc
ဇက်အမ်အို(တိုင်းဧရာ) ဘာသာပြန်သည်

No comments:

Post a Comment