================================
ရန်ကုန်။ ဖေဖော်ဝါရီ ၁၄
မြောက်ဥက္ကလာပမြို့နယ်မှာ နယ်ထိန်း ရဲတပ်ကြပ်ကို ကားနဲ့ တိုက်ခဲ့တဲ့ ကိုဇော်သန့်ရဲ့ဖခင်ဖြစ်သူက ငွေနဲ့စည်းရုံးခဲ့ပေမယ့်လက်ခံခြင်းမရှိဘဲအမှန်တရားတိုင်းသာ ဖြစ်စေချင်တဲ့ အတွက် ငြင်းဆိုခဲ့တယ်လို့ သေဆုံးသူရဲ့ဇနီးဖြစ်သူ ဒေါ်ယဉ်နွယ်ဦးကပြောပါတယ်။
ရဲတပ်ကြပ် ညီညီထွေးဟာ မတော်တဆကားတိုက်မှုနဲ့ သေဆုံးတာမဟုတ်တဲ့အတွက် တရားခံကို အမှန်အတိုင်း အပြစ်ဒဏ်ကျခံစေချင်တယ်လို့ ဒေါ်ယဉ်နွယ်ဦးကပြောပါတယ်။
“သူ့အဖေကိုယ်တိုင်ကလာစည်းရုံးတယ်။အဲ့ဒီနေရာမှာသူ့သားသမီး၊သူ့မိသားစုဆိုရင်ဘယ်လိုနေမလဲ။သူအဖေက တန်ရာတန်ကြေးပေးပြီး ဒီအမှုကို ကြေအေးခိုင်းတာ။
အစ်မနဲ့ သားလေးရဲ့တံတိုင်းကြီးမရှိတော့ ဘူး။မလုံခြုံတော့ဘူး၊အစ်မသူတို့ဆီက ဘာမှမလိုချင်ဘူး၊တန်ရာတန်ကြေးတိုင်းပဲ လုပ်စေချင်တယ်၊ထိရောက်တဲ့ အပြစ်ဒဏ်ကျစေချင်တယ်။အမှန်တရားအတိုင်းပဲ။”လို့ ဒေါ်ယဉ်နွယ်ဦးကပြောပါတယ်။ ကားနဲ့ မတော်တဆတိုက်ခဲ့တယ်ဆိုရင် လူငယ်တွေ သောက်စားထားတဲ့ အတွက် ဆိုပြီး ခွင့်လွတ်နိုင်ပေမယ့် အခုဖြစ်စဉ်ကိုတော့ ခွင့်မလွတ်နိုင်ပါဘူးလို့ ဒေါ်ယဉ်နွယ်ဦးက ဆက်ပြောပါတယ်။
ဖမ်းဆီးရမိထားတဲ့ ဇော်သန့်ကို ထိထိရောက်ရောက်စံနမှုနာပြအရေးယူဆောင်ရွက်သင့်ပြီး ပြစ်ဒဏ်ပေါ့လျော့မိပါက တရားစီရင်ရေးမှာပါပေါ့လျော့မှာဖြစ်တဲ့အတွက် လျော့ပေါ့တဲ့လူက သမိုင်းတရားခံတွေ ဖြစ်လာကြမယ်လို့ ရဲတပ်ကြပ် ညီညီထွေးရဲ့ တူ ကိုစည်သူအောင်ကပြောပါတယ်။
“မှန်ကန်မျှတတဲ့ ပြတ်သားတဲ့ ဥပဒေကိုဖော်ဆောင်ဖို့မိသားစုဝင်တွေရဲ့ အလိုချင်ဆုံးဆန္ဒဖြစ်တယ်။
တာဝန်ထမ်းဆောင်နေတဲ့ တပ်ဖွဲ့ဝင်ကို ကျူးလွန်သူကို ထိရောက်တဲ့ အရေးမှုဆောင်ရွက်နိုင်မှသာသာမာန်ပြည်သူရဲ့ဘ၀များစွာကို အေးချမ်းလုံခြံစွာနေထိုင်နိုင်ကြမှာ။”လို့ ကို စည်သူအောင်ကပြောပါတယ်။
ရဲတပ်ကြပ် ညီညီထွေးဟာဖေဖော်ဝါရီ ၁၃ရက်မနက် ၁၂နာရီကျော်ခန့်က လှည့်ကင်းတာဝန်ထမ်းဆောင်နေခဲ့ပြီးမြောက်ဥက္ကလာပမြို့နယ်(စ)ရပ်ကွက်သန္တာ၆လမ်းထိပ်မှာ ဆူပူအရက်သောက်စားနေတဲ့ လူငယ်တစ်စုကို အိမ်ပြန်ခိုင်းခဲ့ပါတယ်။
အဲ့ဒီနောက်ည ၂နာရီ၃၀အချိန်မှာဝဇီရာလမ်းထိပ်ကိုပြန်အရောက်မှာ စူပါကစတန် ကားနဲ့ လူငယ်တစ်စု နောက်မှ လိုက်လံတိုက်တာခံရပြီး လှည့်ကင်းတာဝန်ထမ်းဆောင်နေတဲ့ တပ်ဖွဲ့ဝင်လေးယောက်ထဲကနေ တပ်ကြပ် ညီညီထွေးက သေဆုံးပြီး ရဲတပ်သားရဲသီဟကပွန်းပဲ့ဒဏ်ရာရရှိခဲ့ပါတယ်။
ဖြစ်စဉ်ဖြစ်ဖြစ်ချင်းမှာ ဇော်သန့်ကကားမောင်းပြီးထွက်ပြေးခဲ့ပေမယ့်ရဲတပ်ဖွဲ့ဝင်တွေက ညတွင်းချင်းလိုက်လံရှာဖွေဖမ်းဆီးခဲ့ကြရပါတယ်လို့သိရပါတယ်။
ကားနဲ့ တိုက်ခဲ့တဲ့ ဇော်သန့်ကို မြောက်ဒဂုံမြို့နယ်မှာ ဖမ်းဆီးရမိပြီး ပုဒ်မ၃၀၄-က/၂၇၉ ယာဉ်မဆင်မခြင်မောင်းနှင်မှု၊၂၀၂အချင်းဖြစ်ရပ်မှ ဆုတ်ခွာထွက်ပြေးမှု တို့နဲ့ ဖမ်းဆီးအရေးယူဆောင်ရွက်ထားတယ်လို့ မြောက်ဥက္ကလာ မြို့မရဲစခန်းမှ သိရပါတယ်။
သေဆုံးသူရဲတပ်ညီညီထွေးရဲ့ မိသားစုဝင်တွေဟာ အရက်ဝိုင်းကို အိမ်ပြန်ဖို့ပြောဆိုခဲ့လို့ အညိုးနဲ့ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်တာဖြစ်လို့ ယာဉ်မဆင်မခြင်မောင်းနှင်မှုနဲ့အမှုဖွင့်ထားတာကို မကျေနပ်ခံစားနေကြရပါတယ်။
မို့မို့သန္တာ( ကုမုဒြာ)
No comments:
Post a Comment