ထိန်းချုပ်ရမယ့်လက်နက်အန္တရာယ်
ဒီရက်ပိုင်းအတွင်း ဖြစ်ပေါ်ခဲ့တဲ့ သတင်းတွေထဲမှာ အလွှမ်းမိုးဆုံးကတော့ တရားလွှတ်တော်ရှေ့နေ ဦးကိုနီနဲ့ အငှားယာဉ်မောင်းတို့ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတဲ့ သတင်းပဲ ဖြစ်ပါတယ်။ အများ ပြည်သူ စိတ်နှလုံးမရွှင်ပြုံးဖွယ်သ တင်းဖြစ်ခဲ့ပါတယ်။ တရားဥပဒေ စိုးမိုးရေးကို ပြက်ရယ်ပြုခဲ့တဲ့သ တင်းဆိုးတစ်ပုဒ်ဖြစ်ပါတယ်။
တရားလွှတ်တော် ရှေ့နေ ဦးကိုနီနဲ့ အငှားယာဉ်မောင်း ဦး နေဝင်းတို့ရဲ့ဖြစ်စဉ်ဟာ လုံခြုံရေး အင်အားတောင့်တင်းလှတဲ့ မြို့ ရန်ကုန်ရဲ့ လုံခြုံရေးတင်းကျပ်မှု တွေရှိတဲ့နေရာ၊ လူသူအသွားအ လာမပြတ်တဲ့အချိန်မှာ အနီးကပ် လုပ်ကြံခံခဲ့ရတာကြောင့် ဒီသ တင်းကို ကြားမိသူတိုင်း အံ့သြမှင် တက်တဲ့အထိ ဖြစ်ခဲ့ရပါတယ်။ ဒီ ဖြစ်စဉ်ဟာ အများပြည်သူကြား ဟိုးလေးတကျော် ဖြစ်ခဲ့ရသလို စိုးရိမ်ကြောင့်ကြစိတ်ကိုလည်း မြင့်တက်သထက် မြင့်တက်စေခဲ့ ပါတယ်။ မလုံခြုံမှုတွေကိုပိုလို့ခံ စားခဲ့ရပါတယ်။ ထို့အတူပဲ တရားဥပဒေစိုးမိုးမှုအပေါ်မှာလည်း မေး ခွန်းပေါင်းများစွာထုတ်လာခဲ့ကြ ပါတယ်။
မြန်မာနိုင်ငံကို အိုင်အက်စ် က ပစ်မှတ်ထားလာနိုင်တယ်ဆို ပြီး မလေးရှားရဲတပ်ဖွဲ့က သတိ ပေးပြောကြားပြီးနောက် လုံခြုံရေးကို အဆင့်အမြင့်ဆုံးထိ တိုးမြှင့် ဆောင်ရွက်လျက်ရှိတယ်လို့ ရန် ကုန်တိုင်းအမှတ်(၂) လုံခြုံရေး ကွပ်ကဲမှုအဖွဲ့မှူး ရဲမှူးချုပ်မြဝင်း က ဇန်နဝါရီ ၅ ရက်မှာ ပြောဆိုခဲ့ တာကို ဆဲဗင်းဒေးရဲ့ရုပ်သံသ တင်းတစ်ပုဒ်မှာ တွေ့မိပါတယ်။ အရေးကြီးတဲ့ အဆောက်အအုံ တွေ၊ လမ်းတံတားတွေ၊ လူဦးရေ ထူထပ်တဲ့ နေရာတွေကိုလည်း စနစ်တကျလုံခြုံရေးတိုးမြှင့်မယ်၊ လုံခြုံရေးတိုးမြှင့်ဖို့အတွက် သက် ဆိုင်ရာ ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီ တွေ၊ အရပ်ဘက်အဖွဲ့အစည်း တွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက် သွားမယ်ဆိုပြီးလည်း ပြောဆိုခဲ့ပါ တယ်။
အဲဒီလိုထုတ်ဖော်ပြောဆိုခဲ့ ပြီး မကြာမီမှာပဲ အခုလို လုံခြုံရေး တင်းကျပ်တဲ့ ရန်ကုန်လေဆိပ်မှာ တရားလွှတ်တော်ရှေ့နေတစ်ဦး၊ အငှားယာဉ်မောင်းတစ်ဦးတို့ သေ နတ်နဲ့ ပစ်သတ်ခံခဲ့ရတာ ဖြစ်ပါ တယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ပဲန် မြန်မာက‘တရားမျှတမှုအား နှုတ်ပိတ်စေခြင်းမှ ကာကွယ်စောင့် ရှောက်ပေးရန် တိုက်တွန်းခြင်း’ ဆိုတဲ့ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထဲမှာ ‘၁၉၈၈ နှောင်းပိုင်းတွင် အရပ်သားများအား သေနတ်လက်နက် များ ကိုင်ဆောင်ခွင့်လိုင်စင်ကို ချပေးခဲ့ခြင်း မရှိတော့ပါလျက် ယခုကဲ့သို့ အရပ်သားတစ်ဦးက လက်နက်များကိုင်ဆောင်ကာ အနီးကပ်ပစ်ခတ်လုပ်ကြံနိုင်ခြင်း သည် အရပ်သားများ လက်နက် ကိုင်ဆောင်ခွင့်ဆိုင်ရာ မူဝါဒနှင့် ယင်းအတိုင်း ဆောင်ရွက်သည့် တရားဥပဒေ စိုးမိုးနိုင်ခြင်းရှိ၊ မရှိကို မေးခွန်းထုတ်ရပါလိမ့်မည်’ ဆို ပြီး ထည့်သွင်းဖော်ပြခဲ့ပါတယ်။
ပြည်သူလူထုကြားမှာ သေ နတ်လက်နက်တွေ တွေ့ရှိနေခဲ့ တာနဲ့ပတ်သက်ပြီး ‘သတိပြုရ မယ့်လက်နက်အန္တရာယ်’ ဆိုတဲ့ ခေါင်းစဉ်နဲ့ လွန်ခဲ့တဲ့ တစ်နှစ်ဝန်း ကျင် ၂၀၁၆ မတ်လ ၂၁ ရက်က ဆဲဗင်းဒေးမှာ ဆောင်းပါးတစ်ပုဒ် ကို ရေးခဲ့ပါတယ်။ တိုင်းပြည်အ ကျိုးနစ်မွန်းစေမယ့်၊ ပြည်သူလူထု အသက်အန္တရာယ်လုံခြုံမှုကို ခြိမ်း ခြောက်စေမယ့် တရားမဝင်လက် နက်ကိုင်ဆောင်မှု၊ ကျူးလွန်မှု တွေကို တက်လာတော့မယ့် အစိုး ရသစ်ဖြစ်တဲ့ ဒီချုပ်အစိုးရအနေနဲ့ အထူးသတိပြုကိုင်တွယ်သွားဖို့ ကြိုတင်သတိပေးရေးသားခဲ့တာ ဖြစ်ပါတယ်။
အဲဒီဆောင်းပါးမှာ ၂၀၁၆ ဖေဖော်ဝါရီနဲ့ မတ်လ နှစ်လဆက် တိုက်ဆိုသလို ရန်ကုန်မြို့ထဲမှာ လက်နက်ခဲယမ်းတွေ၊ ကျည်ဆန် တွေ တွေ့ရှိခဲ့တာနဲ့ယှဉ်ပြီး ရေး သားခဲ့သလို ၂၀၀၈ ငါးလောင်း ပြိုင်လူသတ်မှု၊ ၂၀၁၄၊ ၂၀၁၅ တွေထဲမှာ တွေ့ရှိခဲ့ရတဲ့ လက်နက်မှုတွေကိုလည်း သတိပြုဖွယ်ထည့် သွင်းဖော်ပြခဲ့ပါတယ်။
ဆောင်းပါးမှာ သတိပေးခဲ့ သလိုပါပဲ။ တရားဥပဒေစိုးမိုးရေး ဟာကွက်ကနေ တိုးထွက်လာခဲ့တဲ့ တရားမဝင် လက်နက်ကိုင်ဆောင် မှုကြောင့် အခုတော့ နိုင်ငံအတွက် အားထားရတဲ့ တရားလွှတ်တော် ရှေ့နေတစ်ယောက်၊ ပြည်သူ ကောင်းတစ်ယောက်ကို ကျွန် တော်တို့ နစ်နာဆုံးရှုံးလိုက်ရပြန် ပါပြီ။
၂၀၁၆ တစ်နှစ်တာအတွင်း မှာ လက်နက်ကြောင့် ထိခိုက်ခဲ့၊ သေဆုံးခဲ့တာဟာ ဒီတစ်ကြိမ် တည်းလားဆိုတော့ မဟုတ်ခဲ့ပါ ဘူး။ တရားမဝင်လက်နက်ကိုင် ဆောင် ကျူးလွန်မှုတွေနဲ့ ပတ် သက်ပြီး ၂၀၁၆ ထဲမှာ ဖြစ်စဉ်များ စွာရှိခဲ့ပါတယ်။
ဖေဖော်ဝါရီ ၁၂ ရက်က တာချီလိတ်နေအိမ်တစ်အိမ်ထဲ မှာ မူးယစ်ဆေးနဲ့အတူ သေနတ် လေးလက်၊ လက်ပစ်ဗုံးတစ်လုံး ဖမ်းမိတဲ့သတင်း၊ မတ်လ ၂၀ ရက်က ပဲခူးတိုင်းလက်ပံတန်းမြို့နယ် အိုင်တလုတ် ကျေးရွာအုပ်စု ရွာ ကလေးစံပြကျေးရွာမှာအမျိုး သားတစ်ဦးက ဖဲဝိုင်းမှာ စကားများပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့သလို လိုက်လံဖမ်းဆီးတဲ့ ရဲအရာရှိကိုလည်း ခုခံပစ်ခတ်ခဲ့တဲ့သတင်း၊ မတ်လ ၂၈ ရက်က မူဆယ်ပြည်သူ့ဆေးရုံမှာ ဆရာဝန်ကို သေနတ်နဲ့ ခြိမ်းခြောက်ပြီး အလောင်းခွဲစိတ်ပေးဖို့ စေခိုင်းတဲ့သတင်း၊ ဧပြီ ၃ ရက်က ကလေးမြို့ ရှုခင်းသာရွာမှာ အမျိုးသားလေးဦးထံက သေနတ်လေးလက်နဲ့အတူ ကျည်ဆန်တွေမိတဲ့သတင်း၊ မေလ ၂၂ ရက်က ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာ အုပ်စု မှော်ရှန်ကျေးရွာက ရာအိမ်မှူးအမျိုးသမီးတစ်ဦးကို သေနတ်သမားနှစ်ဦးက ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့သတင်း၊ ဇူလိုင် ၁၉ ရက်က ပဲခူးတိုင်း ရေတာရှည်မြို့နယ် ဆွာမြို့မှာ လုပ်သေနတ်တစ်လက်နဲ့ ကျည်ဆန်တွေမိတဲ့သ တင်း၊ အောက်တိုဘာ ၁၄ ရက်က ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာမှာ အရပ်သားတစ်ဦးကို ဆိုင်ကယ်စီး သေနတ်သမားသုံးဦးက သေနတ် နဲ့ပစ်ခတ်တဲ့သတင်း၊ ဒီဇင်ဘာ ၃ ရက်က ရန်ကုန်တိုင်းစမ်းချောင်း မြို့နယ် ငွေလဲကောင်တာမှာ သေ နတ်နဲ့ ဓားပြတိုက်တဲ့ သတင်းတို့ ဖြစ်ပါတယ်။
ဒါတွေကတော့ အများပြည် သူကြား သတင်းများ အဖြစ်နဲ့ ရောက်ရှိလာတဲ့ တရားမဝင်သေ နတ်ကိုင်ဆောင် ကျူးလွန်မှုများပဲ ဖြစ်ပါတယ်။ အများပြည်သူကြား ရောက်ရှိမလာတဲ့ ကျူးလွန်မှု များစွာလည်း ကျန်ရှိနေနိုင်ပါ သေးတယ်။ သေနတ်အပြင် အ ခြားသော တရားမဝင်လက်နက် ကိုင်ဆောင်ကျူးလွန်မှု မြောက် မြားစွာလည်း ရှိနေပါတယ်။
အခုဆိုရင် ၂၀၁၇ နှစ်သစ်ကို ကူးပြောင်းလာခဲ့တာ တစ်လတာကာလပဲရှိပါသေးတယ်။ အဲဒီတစ် လတာကာလတွင်းမှာ သေနတ် ပစ်ခတ်မှုကြောင့် ဖြစ်ခဲ့ရတဲ့ ရင်နင့်စရာ ဖြစ်ရပ်နှစ်ခုဖြစ်ပေါ်ခဲ့ပြီး ဖြစ်ပါတယ်။ တစ်ခုက ဇန်နဝါရီ ၁၈ ရက်က ဖြစ်ပွားခဲ့တဲ့ ဖားကန့် မြို့နယ် နမ့်မဖြစ်ကျေးရွာ အလယ် တန်းကျောင်းက ကျောင်းဆရာ ကို သေနတ်သမားသုံးဦးက ပစ် သတ်ခဲ့မှုဖြစ်ပါတယ်။ နောက် တစ်ခုကတော့ အထက်မှာ ဖော်ပြ ခဲ့တဲ့ တရားလွှတ်တော်ရှေ့နေ ဦး ကိုနီနဲ့ အငှားယာဉ်မောင်း ဦးနေ ဝင်းတို့ကို သေနတ်နဲ့ပစ်သတ်ခဲ့မှု ပဲဖြစ်ပါတယ်။ ကျောင်းဆရာကို ပစ်သတ်တဲ့ဖြစ်စဉ်ဖြစ်ပွားပြီး ၁၁ ရက်အကြာ ဇန်နဝါရီ ၂၉ ရက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
ဦးကိုနီကို လုပ်ကြံသတ်ဖြတ် ခဲ့တဲ့ သေနတ်သမားကိုတော့ အ ငှားယာဉ်မောင်းရဲ့ သက်စွန့်ကြိုး ပမ်းမှုကနေ ဖမ်းဆီးရမိခဲ့ပြီး စစ် ဆေးမှုတွေ ပြုနေပြီဖြစ်ပါတယ်။ သို့ပေမဲ့ ကျောင်းဆရာဦးအောင် ဇင်ထွန်းကို ပစ်ခတ်ခဲ့သူ သုံးဦး ကိုတော့ ဒီကနေ့အချိန်ထိ ဖမ်းဆီး ရမိခြင်းမရှိသေးပါဘူး။ တရားဥပ ဒေပြင်ပမှာ လူသတ်သမားတွေ လွတ်မြောက် ရှင်သန်နေဆဲပဲ ဖြစ်ပါတယ်။
အဲဒီသေနတ်သမားသုံးဦးထဲ က တစ်ဦးကိုတော့ အမည်နဲ့တကွ တိတိကျကျသိရှိတဲ့ မျက်မြင်သက် သေရှိနေပေမယ့် သူ့ရဲ့အသက် အန္တရာယ်လုံခြုံရေးအရ ထုတ် ဖော်ပြောဆိုဖို့ မဝံ့ဘူးလို့ ဆိုပါ တယ်။
ဦးအောင်ဇင်ထွန်းမတိုင်မီ အရပ်သားတစ်ဦးလည်း သေနတ် နဲ့ ပစ်သတ်ခံထားရတာကြောင့် ဒေသခံတွေမှာ မိမိတို့ရဲ့ လုံခြုံရေး အတွက် စိုးရိမ်နေကြရတယ်လို့ လည်း ဆိုပါတယ်။
တရားမဝင် လက်နက်ကိုင် ဆောင်ကျူးလွန်မှုများဟာ အများ ပြည်သူရဲ့ အသက်အိုးအိမ်စည်း စိမ်ကို မလုံခြုံမှုတွေဖြစ်ပေါ်စေ တယ်ဆိုတာကို အထက်ပါဖြစ်စဉ် များက ကွက်ကွက်ကွင်းကွင်းပြဆို နေပါတယ်။
လက်နက်ကိုင်ဆောင်မှုနဲ့ ပတ်သက်ပြီး ထိထိရောက်ရောက် တားမြစ်ထိန်းချုပ်အရေးယူသွားဖို့ ဥပဒေတစ်ရပ်ကို ပြင်ဆင်ရေးဆွဲ နေကြောင်း ပြည်ထဲရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်စိုးက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၈ ရက်က ပြည်သူ့လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။ ၁၈၇၈ လက်နက်အက်ဥပဒေကို ၁၉၄၉ လက် နက်(အရေးပေါ်ပြစ်ဒဏ်စီရင်မှု) (ယာယီ) အက်ဥပဒေနှင့် ၁၉၅၀ လက်နက်(ယာယီ)ပြင်ဆင်ချက် အက်ဥပဒေတို့ကို တပေါင်းတည်း ပြန်လည်ပြင်ဆင်ရေးဆွဲဆောင် ရွက်နေကြောင်းလည်း ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
ဒီကနေ့ကာလ ဖြစ်ပေါ်နေ တဲ့ အခြေအနေများကို စေ့ငုကြည့် မယ်ဆိုရင် တရားမဝင် လက်နက် ကိုင်ဆောင်မှုအရေးဟာ အရေး တကြီး ကိုင်တွယ်ဖြေရှင်းရမယ့် ကိစ္စ ဖြစ်ပါတယ်။ တရားမဝင် လက်နက်ကိုင်ဆောင်မှုကို တား မြစ်ဖို့ ခေတ်စနစ်နဲ့ ကိုက်ညီတဲ့၊ ထိရောက်တဲ့ ဥပဒေတစ်ရပ် မဖြစ်မနေ ပေါ်ပေါက်ဖို့လိုမှာ ဖြစ်သလို ကြိုတင်ကာကွယ်ရေးနဲ့ လုံခြုံရေး အပိုင်းကိုလည်း ထိထိရောက် ရောက်ကြပ်မတ်စိစစ်သွားဖို့ လို မှာဖြစ်ပါတယ်။
တစ်နည်းအားဖြင့်ဆိုရရင် တော့ ပြည်သူ့အသက်နဲ့ ဘဝလုံ ခြုံမှု၊ တရားဥပဒေစိုးမိုးမှုကို ပြင်း ပြင်းထန်ထန် ခြိမ်းခြောက်လာနေ တဲ့ တရားမဝင် လက်နက်ကိုင် ဆောင်ကျူးလွန်မှု ဘယ်လို ထိန်း ချုပ်မလဲဆိုတဲ့ မေးခွန်းကို ဆိုင်ရာ အဖွဲ့အစည်းများက အမြန်ဆုံးနဲ့ အမှန်အကန်ဆုံး အဖြေထုတ်ပေး ဖို့ လိုမှာဖြစ်ကြောင်းပါ။ ။
7Day News Journal
Subscribe to:
Post Comments (Atom)
No comments:
Post a Comment