Latest News

Wednesday, February 1, 2017

ယခုနှစ် ကာကွယ်ရေး အသုံးစရိတ်ကို ယမန်နှစ်ထက် လျှော့ချ တောင်းခံထားသည်ဟု ဆို

ယခုနှစ် ကာကွယ်ရေး အသုံးစရိတ်ကို ယမန်နှစ်ထက် လျှော့ချ တောင်းခံထားသည်ဟု ဆို

နေပြည်တော်၊ ဖေဖော်ဝါရီ ၁ ရက်

၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်အတွက် ကာကွယ်ရေးဝန်ကြီးဌာန၏ အရ အသုံး ခန့် မှန်းခြေ ငွေစာရင်း ကို ယမန်နှစ်ကထက် လျှော့ချ တောင်းခံထားသည်ဟု ကာကွယ်ရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဗိုလ်ချုပ် မြင့်နိုင်က ယနေ့ ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်း အဝေးတွင် ပြောကြားခဲ့သည်။

“ကာကွယ်ရေး ၀န်ကြီးဌာနရဲ့ ၂၀၁၇ - ၁၈ ဘဏ္ဍာနှစ်၏ ရ သုံး မှန်းခြေ ငွေစာရင်းမှာ --- ရငွေ စုစုပေါင်း ကျပ် ၇၃ ဒသမ ၁၁၁ ဘီလျံ၊ သုံးငွေ တွေက သာမန်အသုံးစရိတ်  ၁၆၅၄ ဒသမ ၃၃ ဘီလျံနှင့် ငွေလုံးငွေရင်း အသုံးစရိတ် ၁၂၅၀ ဒသမ ၈၆၆ ဘီလျံ  --- စုစုပေါင်း ၂၉၀၅ ဒသမ ၁၉၅ ဘီလျံ လျာထားပါတယ်၊ ဘဏ္ဍာရေးနှစ် သုံးနှစ်အတွက် နှိုင်းယှဉ်ချက်များအရ -- ၂၀၁၇ - ၁၈ ဘဏ္ဍာငွေ တောင်းခံမှုဟာ ယခင် နှစ်နှစ်ထက် လျော့နည်းတာတွေ့ ရမှာ ဖြစ်ပါတယ်” ဟု ယနေ့ ကျင်းပ သည့် ဒုတိအကြိမ် ပြည်ထောင်စု လွှတ်တော် စတုတ္ထ ပုံမှန် အစည်းအဝေး ၏ ၂၀၁၇ - ၁၈ ဘဏ္ဍာငွေ အရ အသုံး ခန့် မှန်းခြေ ငွေစာရင်းများအပေါ် ပြည်ထောင်စု အဆင့်  ဌာန အဖွဲ့ အစည်း အသီးသီးက လွှတ်တော်သို့ တင်ပြကြရာတွင် ၎င်းက ကာကွယ် ရေး ၀န်ကြီးဌာန ကိုယ်စား ရှင်းလင်း တင်ပြခဲ့ခြင်း ဖြစ်သည်။

 “တပ်မတော် ကြည်းရေလေ တပ်ဖွဲ့ များကို Standard Army, Standard Navy, Standard Air Force ဖြစ်လာ စေရန်အတွက် အင်အား တောင့်တင်းပြီး စွမ်းရည် ထက်မြက်သည့် ခေတ်မီ မျိုးချစ် တပ်မတော် တည်ဆောက်ရန် စသည့် ရည်မှန်းချက်များကို အခြေခံ၍ နှစ်ရှည် စီမံကိန်း များကို ရေးဆွဲထားပါတယ်၊ ဘတ်ဂျက် ရေးဆွဲရာမှာ လုံခြုံရေး အခြေအနေ၊ ဘဏ္ဍာရေး အခြေ အနေ တို့ ကို ချင့်ချိန်၍ ခန့် အပ်မည့် လူ၊ လိုအပ်သော လက်နက်ပစ္စည်း၊ ဆက်စပ် အဆောက် အအုံများ၊ ဆက်စပ်လုပ်ငန်းများကို နှစ်အလိုက် ထည့်သွင်း၍ ရေးဆွဲရပါတယ်” ဟုလည်း ကာကွယ်ရေး ဒုတိယ ၀န်ကြီး ဗိုလ်ချုပ် မြင့်နိုင်က ရှင်းပြခဲ့သည်။ (Xinhua)
-------------------------------------

No comments:

Post a Comment