Latest News

Thursday, February 16, 2017

ရန်ကုန်တွင်မိုးပျံရထားလမ်းလုပ်မည်ဟု ပို့ဆောင်ရေးဝန်ကြီးဆို

ရန်ကုန်တွင်မိုးပျံရထားလမ်းလုပ်မည်ဟု ပို့ဆောင်ရေးဝန်ကြီးဆို

နေပြည်တော် ၊ ဖေဖော်ဝါရီ ၁၆

ရန်ကုန်မှာကားလမ်းကြပ်တာတွေကို ဖြေရှင်းဖို့ မိုးပျံရထားလမ်း ပြေးဆွဲနိုင်ရေး စဉ်းစားဆောင်ရွက်နေတယ်လို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်ကပြောပါတယ် ။

“မိုးပျံရထားပြေးဆွဲနိုင်ဖို့ ဘယ်မှာ စဉ်းစားလဲဆိုတော့ ရန်ကုန်မှာ စဉ်းစားထားတယ် အဲ့ဒီအတွက် ဂျပန်နိုင်ငံက၀န်ကြီးနဲ့ ကျွန်တော်တိုင်ပင်ထားတာရှိတယ် ။ ရန်ကုန်ကနေ မင်္ဂလာဒုံလေဆိပ်ကိုဖြတ်ပြီးတော့ ဟံသာဝတီအထိ လေယာဉ်ဆိုက်ချိန် အချိန်ကိုက်ဖြစ်ရမယ် "လို့ ၀န်ကြီးကပြောပါတယ် ။

ဖေဖော်ဝါရီလ ၁၆ရက်နေ့က ကျင်းပတဲ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးအပြီးမှာမီဒီယာသမားများကို သူက အထက်ပါအတိုင်း ပြောကြားခဲ့တာပါ။မိုးပျံရထားပြေးဆွဲဖို့ ရန်ကုန်မြို့မှာ မြေမရှိတဲ့အတွက် တချို့နေရာတွေမှာ ကားလမ်းအောက်ကနေလည်း ဖြတ်သန်းသွားရမယ်လို့ သူကဆိုပါတယ်။

ဒါ့အပြင် လက်ရှိအစိုးရလက်ထက်မှာ ရန်ကုန်-မန္တလေး ၊ မန္တလေး-မြစ်ကြီးနား ၊ ရန်ကုန်-ပြည် ၊ ရန်ကုန်-မော်လမြိုင် စတဲ့ ရထားလမ်းပိုင်းတွေကိုသာ အဓိကထားကောင်းအောင် လုပ်ဆောင်မှာဖြစ်ပြီး မီးရထားဈေးကွက်ရဲ့ ၈၀ ရာခိုင်နူန်းဟာ အဆိုပါလမ်းပိုင်းတွေကရရှိတဲ့ဝင်ငွေတွေဖြစ်တယ်လို့ သူကပြောပါတယ်။

စိုင်းလမင်း

Popular News Journal

No comments:

Post a Comment