Latest News

Tuesday, February 7, 2017

တရုတ် - မြန်မာနယ်စပ် အရေး နှစ်ဦးသဘောတူမူရရှိ

တရုတ် - မြန်မာနယ်စပ် အရေး နှစ်ဦးသဘောတူမူရရှိ

Photo - အင်တာနက်

တရုတ်မြန်မာနယ်စပ် မြန်မာပြည်မြောက်ပိုင်းဒေသတွေမှာ  ငြိမ်ချမ်းရေးနဲ့ တည်ငြိမ်ရေးထိမ်းသိမ်းနိုင်ဘို့  နှစ်နိုင်ငံ သံတမန်ရေးနဲ့ စစ်ဘက်အကြံပေးမူဆိုင်ရာ ဆွေးနွေးပွဲအသစ်ကို ဒီနေ့ ကျင်းပခဲ့တာမှာ နှစ်ဘက် အနီးကပ်ဆက်သွယ်မူတွေအတွက် သဘောတူညီချက်တွေရရှိတယ်လို့ ဆင်ဟွာသတင်းမှာ ဖေါ်ပြထားပါတယ်။

ယူနန်ပြည်နယ် ကူမင်းမြို့မှာ ပြုလုပ်တဲ့ ဒီဆွေးနွေးပွဲမှာ တရုတ်ဘက်က ဒုတိယနိုင်ငံခြားရေးဝန်ကြီး လျူဇန်မင်း ဦးဆောင်ပြီး မြန်မာဘက်က ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးကျော်တင်နဲ့ တပ်မတော်က အထုးစစ်ဆင်ရေးဌာန(၁) က အရာရှိကြီးများပါဝင်ပါတယ်။

တရုတ်နိုင်ငံရဲ့ထုတ်ပြန်ချက်မှာ နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်ရေးအတွက် သက်ဆိုင်သူများ အနေနဲ့ အမြန်ဆုံး အပစ်အခတ်ရပ်စဲရေးဆောင်ရွက်ဘို့ တိုက်တွန်းထားပါတယ်။ မြန်မာဘက်က တော့ မြန်မာနိုင်ငံမြောက်ပိုင်း တည်ငြိမ်အေး ချမ်းရေးအတွက် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို တိုးမြှင့်ဆောင်ရွက်သွားဖို့နဲ့ တရုတ်နိုင်ငံရဲ့ အပြုသဘောဆောင်တဲ့  ကုညီပံ့ပိုးတာတွေကို  အထူးကျေးဇုးတင်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

လက်ရှိအနေနဲ့ မြန်မာပြည်မြောက်ပိုင်းက မတည်ငြိမ်မူတွေကြောင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးကို ထိခိုက်နေတယ်လို့ ကုန်သွယ်မှု စာရင်းဇယားတွေအရသိရပါတယ်။ လောလောဆယ်မှာ ရှမ်းပြည်မြောက်ပိုင်းကနေ နှစ်နိုင်ငံကုန်သွယ်ရေးဟာ ၂၀၁၆-၁၇ဘဏ္ဍာနှစ်အတွင်းမှာ အမေရိကန်ဒေါ်လာ သန်း၂၁၀လောက် လျော့ကျသွားတာဖြစ်ပါတယ်

RFA

No comments:

Post a Comment