ပိန္နဲသီးစားခြင်းကြောင့် ရလာမယ့် ကျန်းမာရေးရလဒ် (၉) ခု
ချိုချိုလေးနဲ့ စားလို့ကောင်းတဲ့ ပိန္နဲသီးဟာ အရှေ့တောင်အာရှနဲ့ တောင်အာရှမှာ ပေါများစွာတွေ့နိုင်တဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။
အထူးသဖြင့်တော့ အိန္ဒိယ၊ ဘင်္ဂလားဒေ့နဲ့ ထိုင်းနိုင်ငံတို့မှာ ပေါပေါများများ တွေ့ရမှာပါ။ အရသာရှိတဲ့ ပိန္နဲသီးဟာ မမှည့်ခင်မှာလည်း ဟင်းချက်စားလို့ရသလို မှည့်ရင်လည်း အလွန်စားကောင်းတယ်ဆိုတာ ဘယ်သူကငြင်းနိုင်မတဲ့လဲ။
ဗီတာမင်တွေနဲ့ သတ္တုဓာတ်တွေကြွယ်ဝကာ အာဟာရတန်ဖိုးလည်း မြင့်မားပါတယ်။
ပိန္နဲသီးစားသုံးခြင်းကြောင့် ရလာမယ့် ကောင်းကျိုးတွေကတော့...
၁။ သိုင်းရွိုက်ကို ကျန်းမာစေပါတယ်။ သိုင်းရွိုက် (Thyroid) ဆိုတာက လည်မျိုအရှေ့ပိုင်းမှာ တည်ရှိတဲ့ အကျိတ်တစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးမှုကိုထိန်းတဲ့ ဒြပ်ကို ထုတ်လွှတ်ပေးပါတယ်။
၂။ ပိုတက်ဆီယံ (Potassium) ကြွယ်ဝစွာပါဝင်လို့ သွေးအားနည်းရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါတင်မက သံဓာတ် (Iron) လည်း ပါဝင်လို့ သွေးအားနည်းသူတွေ စားသုံးသင့်တဲ့သစ်သီးပါ။
၃။ အရိုးတွေကို သန်မာစေတဲ့ ကယ်လ်ဆီယံ (Calcium) ပါဝင်ပါတယ်။
၎။ ရင်ကြပ်ပန်းနာကို ထိန်းချုပ်နိုင်စွမ်းလည်း ရှိတာကြောင့် ရင်ကြပ်ပန်းနာ (Asthma) ရှိသူတွေလည်း စားပေးသင့်ပါတယ်။
၅။ ဗီတာမင်တွေနဲ့ သတ္တုဓာတ်တွေက ခန္ဓာကိုယ်ရဲ့စွမ်းအင်ကိုမြင့်တက်စေပါတယ်။
၆။ မျက်လုံးနဲ့အရေပြားကို ကျန်းမာစေတဲ့ ဗီတာမင် A နဲ့ ဗီတာမင် E တို့လည်း ပါဝင်ပါသေးတယ်။
၇။ ပိန္နဲသီးဟာ အမျှင်ဓာတ်တွေ ပါဝင်တာကြောင့် အစာခြေဖျက်ဖို့ကိုလည်း အကူအညီပေးနိုင်ပါလိမ့်မယ်။
၈။ ခန္ဓာကိုယ်ကို ကျန်းမာအားကောင်းစေတဲ့ သက်စောင့်ဓာတ်တွေ ပါဝင်လို့ ကင်ဆာရောဂါတွေမဖြစ်အောင် ကာကွယ်ပေးဦးမှာပါ။
၉။ အာဟာရတန်ဖိုး များပြားတဲ့ ပိန္နဲသီးကို စားသုံးပေးမယ်ဆို ကိုယ်ခံစွမ်းအားစနစ်ကို ပိုမိုကြံ့ခိုင်သန်မာစေတာကြောင့် ကူးစက်ရောဂါတွေကို တိုက်ထုတ်နိုင်မယ့်အပြင် ဖျားနာတဲ့အခါမှာလည်း မြန်မြန်ဆန်ဆန် သက်သာပျောက်ကင်းသွားမှာ ဖြစ်ပါတယ်။
Source : Healthdigezt
===========
Duwun
Subscribe to:
Post Comments (Atom)
No comments:
Post a Comment