ပုသိမ်မြို့၊ကန်ကြီးဒေါင့်တွင်နေထိုင်သူ GTI ကျောင်းဆရာတစ်ဦးဖြစ်သူ ဦးဝေယံအောင်
၏ဖေ့ဘွတ်တွင်"ကျနော်သာဝန်ကြီးချုပ်ဖြစ်ခဲ့လျှင်...."ဟု အစချီကာရေးသားထားသောစာတွင်
သူသာဝန်ကြီးချုပ်ဖြစ်ခဲ့မည်ဆိုပါက ဒေသတွင်းလူများသွေးစည်းမှုမပျက်ပြားစေရန် ကရင်အိကျီဝတ်ဆင်မည်မဟုတ်ကြောင်းရေးသားထားသည်ကိုတွေ့ရသည်။
ကန်ကြီးထောင့်တွင်နေထိုင်သူဦးဝေယံအောင်၏ရေးသားချက်အရ ဧရာဝတီတိုင်းဝန်ကြီးချုပ် ကရင်လူမျိုး ဦးမန်းဂျော်နီအားရည်ရွယ်ပြီးရေးသားခြင်းဖြစ်သည်ဟုသိရှိရသည်။
ဦးယံအောင်သည် မြန်မာနိုင်ငံလုံးဆိုင်ရာဆရာဆရာမများအဖွဲ့ချုပ်တွင် အမှုဆောင်တစ်ဦးဖြစ်ကာ
တိုင်းရင်းသားစည်းလုံးညီညွတ်မှုကိုပျက်ပြားစေသည်ဆိုသောအကြောင်းပြချက်ဖြင့်
ဦးနေမျိုးဝေအားတိုင်ကြားအမှုဖွင့်ခဲ့သူတစ်ဦးလည်းဖြစ်သည်။
https://www.facebook.com/waaiyan.aung/posts/390108198022210
https://www.facebook.com/waaiyan.aung/posts/390108198022210
No comments:
Post a Comment